ကိုယ်ဝန်ရနိုင်ဖို့ ဖေဖေလောင်းတို့ ဒါတွေရှောင်စားပါ

by: Phyo Pyae Thu
 1 comments  0 love

ကိုယ်ဝန်ရနိုင်ဖို့ဆိုတာ ဖေဖေလောင်းလေးတို့ရဲ့သုတ်ပိုးအားကောင်းမှပါ။ သုတ်ပိုးအားကောင်းစေဖို့အတွက်  လုပ်ဆောင်ရမှာတွေကတော့ များပါတယ်

ဖေဖေလောင်း မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ရနိုင်ဖို့ဆိုတာ ဖေဖေလောင်းလေးတို့ရဲ့သုတ်ပိုးအားကောင်းမှပါ။ သုတ်ပိုးအားကောင်းစေဖို့အတွက်  လုပ်ဆောင်ရမှာတွေကတော့ များပါတယ်။ အစားအစာတွေလည်း ရွေးချယ်စားပေးဖို့ လိုသလို ရှောင်ရမှာတွေလည်း ရှိပါတယ်။ ဒါမှ သုတ်ပိုးတွေ အားကောင်းလာပြီး ကိုယ်ဝန်မြန်မြန် ရနိုင်ပါတယ်။

အိုမီဂါ(၆) နဲ့ (၃) တို့ကို စားပါ(Photo: SpyTM)

အရက်

ဖေဖေလောင်းလေးတို့ရေ အရက်သောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါနော်။ ကိုယ်ဝန်ရဖို့ ကြန့်ကြာနေတယ်ဆိုရင်တော့ အရက်သောက်ခြင်းကို လျှော့ချလိုက်ပါ။ အရက်သောက်တာက သုတ်ပိုးရဲ့ အရည်အသွေးကို လျှော့ကျစေတဲ့အပြင် အရေအတွက်ကိုပါ နည်းသွားစေတာပါ။ ဒါကြောင့် ကိုယ်ဝန်ရချင်တယ်ဆိုရင်တော့ အရက်ရှောင်ပါ။

အရက်သောက်ခြင်းကို လျှော့ချလိုက်ပါ(Photo: SpyTM)

စည်သွပ်ဗူး

ဖေဖေလောင်းတို့ရေ အသင့်ထုပ်ပိုးထားတဲ့ စည်သွပ်ဗူးတွေကလည်း သုတ်ပိုးတွေကို ပျက်စီးစေပါသေးတယ်။ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေမှာ ဟော်မုန်းပျက်ပြားစေမယ့် BPA ဒြပ်ပေါင်းက သုတ်ပိုးများ မကျန်းမာခြင်းကို ဖြစ်စေပါတယ်။ စည်သွပ်ဗူး အတွင်းမှာ သုတ်ထားတဲ့ ဆင်ဒြပ်ပေါင်းမှာ BPA အများအပြား ပါဝင်နေပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေနဲ့ ဖန်ပုလင်းထဲမှာ ထည့်ထားတဲ့ အစားအစာကိုသာ စားပါ။

ပြည့်ဝဆီများ

ပြည့်ဝဆီနဲ့ မပြည့်ဝဆီတွေ တစ်နေရာတည်း စုဝေးနေပြီး အဆီများတဲ့ အစားအစာတွေကိုလည်း ရှောင်ရပါမယ်။ ဘာလို့လဲဆိုတော့ သုတ်ပိုးတွေ မကျန်းမာစေခြင်း ဖြစ်စေနိုင်တာကြောင့်ပါ။ သုတ်ပိုးတွေ ကျန်းမာဖို့အတွက် အဆီများတဲ့ အစားအစာတွေကို လျှော့စားပါ။ အိုမီဂါ(၆) နဲ့ (၃) တို့ကို စားပါ။ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတွေ လျှော့စားပါ။ သစ်ကြားသီးနဲ့ ချိစ်စားပါ။

ဖေဖေလောင်းလေးတို့ရေ ကိုယ်ဝန်ရဖို့ ကြန့်ကြာနေတယ်ဆိုရင် ကိုယ်ဝန်ရရှိဖို့ ဆရာဝန်နဲ့ တိုင်ပင်တာတွေ မလုပ်ခင်မှာ ကိုယ့်ရဲ့ လူနေမှု ဘဝပုံစံတွေကို အရင်ဆုံး ပြောင်းလဲပါ။ ဥပမာ စားသောက်မှုပုံစံ ပြောင်းလဲလိုက်တာမျိုးပါ။ စားသောက်နေထိုင်မှု ပုံစံပြောင်းလဲလိုက်တာက သုတ်ပိုးကျန်းမာရေးကို အများကြီး ကောင်းမွန်စေပါတယ်။ ဖေဖေတို့ ရှောင်ရမယ့် အစားအစာတွေကို ရှောင်ပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x