ကိုယ်ဝန်ဆောင်နိုင်ဖို့ ရှောင်ရှားသင့်သည့်အရာများ

by: seng yar
 0 comments  81 love

သင့်ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့အရင်တိုင်ပင် ဆွေးဆွေးနွေးပါ။ ရောဂါသက်သာတဲ့ အထိ(သို့) ကျန်းမာရေးအခြေအနေတည်ငြိမ်သည်အထိ စောင့်ပြီးမှ ကိုယ်ဝန်ယူဖို့အစီအစဉ်ဆွဲပါ။ အဲဒါမှသင်နဲ့ သင့်ကလေးရဲ့ ကျန်းမာရေးအတွက်စိတ်ချရမှာပါ။

မေမေတို့ရေ ကိုယ်ဝန်ယူမဲ့အချိန်မှာ ကလေးရောမိခင်ရဲ့ကျန်းမာရေးအတွက်ပါ လုံခြုံစိတ်ချရအောင်နေထိုင်သင့်ပါတယ်။ တချို့အချိန်တွေကို ရှောင်ရှားသင့်တယ်ဆိုတာသိရှိနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

 ကြိုတင်ချိန်းဆိုထားခြင်းမရှိဘဲခရီးထွက်ခြင်း

ခဏခဏရွေ့ပြောင်းခြင်း၊ လှုပ်ရှားမှုများခြင်း၊ အားအင်ကုန်ခြင်း၊ အိပ်ရေးပျက်ခြင်းနဲ့ အစားပုံမှန်မစားခြင်း တို့ဟာ ခရီးထွက် ရင် ဖြစ်ရမဲ့အရာတွေပါဘဲ။ ဒီအချက်တွေဟာ သုတ်ကောင်နဲ့မမျိုးဥတွေရဲ့ အရည်အသွေးကို အကျိုး သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ခရီးကြမ်းထွက်တဲ့အချိန်မှာ ကိုယ်ဝန်ယူဖို့မလုပ်ပါနဲ့။  စိတ်ကူးယဉ် ဆန်ပြီး သိမ်မွေ့တဲ့ခရီးတစ်ခုကိုမထွက်မခြင်း ခရီးထွက်ချိန် ကလေးယူဖို့ကြိုးစားတာရှောင်သင့်ပါတယ်။

 ရာသီဥတုအရမ်းအေးခြင်း (သို့) အရမ်းပူခြင်း

ဆောင်းရာသီနှောင်းပိုင်း နွေဦးအစဟာ ကလေးယူဖို့အသင့်တော်ဆုံးအချိန်ပါ။ အဲဒီအချိန်မှာ သုတ်ကောင်အရေအတွက် ရောအရည်အသွေးပါ ကောင်းမွန်ပါတယ်။ ဒါ့အပြင်အမျိုးသမီးတွေရဲ့ ကျန်းမာရေးကလည်းပိုပြီးတည်ငြိမ်ပါတယ်။ အရမ်း အေးတယ်ဆိုရင် အဆုတ်နဲ့ပတ်သက်ပြီး နာမကျန်းဖြစ်တတ်တယ်။ အရမ်းပူရင်တော့ ခန္ဓာကိုယ်က အာဟာရစုပ်ယူမှု နည်းတဲ့အတွက် ကိုယ်ဝန်အတွက်သိပ်မကောင်းပါဘူး။

 စိတ်ဖိစီးမှုများခြင်း

လေ့လာမှုအရအမျိုးသားတွေရဲ့စိတ်ပိုင်းဆိုင်ရာခံစားမှုတွေဟာသုတ်ကောင်တွေရဲ့အရေအတွက်နဲ့အရည်အသွေးအပေါ်အတော်အတန်သက်ရောက်ပါတယ်။ စိတ်ဖိစီးမှုများတာဟာ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်တွင်းကဟော်မုန်းတွေအတွက် အကျိုးသက်ရောက်မှုမကောင်းပါဘူး။ ဒါကြောင့်အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ် နေပြီဆိုရင်တော့ ကလေးယူဖို့မစဉ်းစားသေးတာအကောင်းဆုံးပါ။

သန္ဓေတားဆေးသုံးခြင်း

လိင်ဆက်ဆံခြင်းမပြုတာကလွဲပြီး ဘယ်သန္ဓေတားနည်းကမှအပြည့်အဝစိတ်မချရပါဘူး။ဒါကြောင့် သန္ဓေတားပေမဲ့လည်း ကိုယ်ဝန်ရကောင်းရသွားနိုင်ပါတယ်။ အဲလိုဖြစ်ခဲ့မယ်ဆိုရင် သန္ဓေသားဟာအနေအထားမမှန်ဖြစ်ပြီး ဗိုက်ထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုချို့ယွင်းသွားတာမျိုး၊ စောမွေးတာမျိုးဖြစ်တတ်ပါတယ်။ သန္ဓေတားဆေးသုံးတာ ရပ်ြပီး ပြီးခြင်းလည်း ကိုယ်ဝန်မယူသင့်ပါဘူး။ ကိုယ်ဝန်တားဆေးသုံးတာဟာ မဥကြွေခြင်းကို နှောင့်နှေးစေတယ်။ ပြီးတော့ သားအိမ်နံရံရဲ့ ကြီးထွားမှုထိခိုက်စေတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ကျန်းမာရေးကိုထိခိုက်စေတယ်။ ပြီးတော့သန္ဓေသားမှာ မူမမှန်တာတွေကိုဖြစ်စေပါတယ်။ ကိုယ်ဝန်တားဆေးသုံးတာရပ်ပြီး ခြောက်လကြာမှကိုယ်ဝန်ယူဖို့ စဉ်းစားတာက ပိုပြီး စိတ်ချရပါတယ်။ သားအိမ်မှာကွင်းထည့်ပြီး သန္ဓေတားတဲ့ နည်းလမ်းကိုသုံးတဲ့ အမျိုးသမီးတွေဟာကိုယ်ဝန်မယူခင် ၂-၃ လ အလိုမှာကွင်းကို ထုတ်ထားရပါမယ်။

ကိုယ်ဝန်စောမွေးထားပြီးချိန်

ကိုယ်ဝန်စောမွေးထားတဲ့သူတွေမှာ မျိုးပွားလုပ်ငန်းစဉ်တွေနဲ့ဓမ္မတာစက်ဝန်းဟာ အပြည့်အဝအလုပ် မလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် သားအိမ်ဟာထိခိုက်ထားပါတယ်။ (အထူးသဖြင့်ဗိုက်ခွဲမွေးထားသူများ) ဒါကြောင့်နောက်ယူမည့်ကိုယ်ဝန်မှာ အရင်လို အဖြစ်ဆိုးတွေ ထပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

X.rayဖြတ်ပြီးရက်သတ္တပတ်အတော်အတန်ကြာပြီးချိန်

X.rayထဲမှာပါတဲ့ ရောင်ခြည်ပမာဏက သေးငယ်ပေမယ့်လည်း ခန္ဓာကိုယ်ထဲက မျိုးပွားဆဲလ်တွေ     အထူးသဖြင့် မိန်းမကိုယ်မှာ ရှိတဲ့မမျိုးဥဆဲလ်တွေရဲ့ chromosomeတွေအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် X.ray ဖြတ်ပြီး အနည်းဆုံးလေးပတ်လောက်ကြာမှ ကိုယ်ဝန်ယူဖို့စဉ်းစားသင့်ပါတယ်။

 နာမကျန်းဖြစ်ခြင်း

ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့အရင်တိုင်ပင် ဆွေးဆွေးနွေးပါ။ ရောဂါသက်သာတဲ့ အထိ(သို့) ကျန်းမာရေးအခြေအနေတည်ငြိမ်သည်အထိ စောင့်ပြီးမှ ကိုယ်ဝန်ယူဖို့အစီအစဉ်ဆွဲပါ။ အဲဒါမှ အမေကောကလေး ကျန်းမာရေးအတွက်စိတ်ချရမှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: kalaypregnancy

Comments

0 comments
Latest video
Refer to more useful articles
x