
ကိုယ်ဝန်ရချိန်မှာ လတ်ဆတ်တဲ့ အသီးအရွက်တွေကို ချက်ပြုတ်စားသောက်ပါ
ကိုယ်ဝန်ရဖို့ကြိုးစားတဲ့အခါမှာ မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းသုံးစွဲမှုတွေကို လျော့ချပေးရမှာဖြစ်ပါတယ်။ အခုပြောပြမှာက နေ့စဉ်ထိတွေ့နေကျ ပစ္စည်းလေးတွေထဲက ကိုယ်ဝန်ရခြင်းကို အဟန့်အတားဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းပါဝင်နေတဲ့ အရာတွေကို ပြောပြမှာပါ။
- အိမ်သုတ်ဆေးတွေကို ရှောင်ပါ။ ခဲနဲ့ မာကျူရီပါတဲ့ အိမ်သုတ်ဆေးတွေကိုထိတွေ့မှုများရင် ရှောင်ပါ။ အိမ်သုတ်ဆေးထဲမှာ ပါတဲ့ ဓာတုဓာတ်ပစ္စည်းတွေက ကိုယ်ဝန်ရရင်တောင် ပျက်ကျစေနိုင်တယ်။ နောက်ပြီး သန္ဓေသားရဲ့ ရုပ်ပိုင်း၊စိတ်ပိုင်းကျန်းမာရေးကို ထိခိုက်စေပါတယ်။ ခဲအဆိပ်သင့်မှုက မိခင်ဆီကနေ မမွေးရသေးတဲ့ ကလေးဆီကို ရောက်ရှိပြီး ကိုယ်ဝန်ကို ပျက်စေနိုင်တယ်။ နောက်ပြီး လမစေ့ဘဲ မွေးဖွားနိုင်ခြေကို တိုးမြင့်စေပါတယ်။ ဒါမှမဟုတ်လည်း ကလေးရဲ့ သင်ယူမှုနဲ့ဆိုင်တဲ့ ပြဿနာတွေ၊ အပြုအမူဆိုင်ရာပြဿနာတွေကိုဖြစ်ပွားစေတယ်။ ဒါမှမဟုတ် ဦးနှောက်၊ ကျောက်ကပ်၊ အာရုံကြောစနစ် စတဲ့ တစ်ခုခုကို ပျက်ဆီးစေနိုင်ပါတယ်။
- စည်သွတ်ဗူးတွေထဲက အစားအစာတွေကို မစားပါနဲ့။ စည်သွတ်ဗူးတွေထဲက ပါဝင်တဲ့ အစားအသောက်တွေမှာ ဓာတုဆေးဝါးတွေ အများအပြားပါဝင်နေတာဖြစ်ပါတယ်။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေအနေနဲ့ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ လတ်ဆတ်တဲ့ အသီးအရွက်နဲ့ အသားငါးတွေကိုသာ စားပါ။ ဒါပေမယ့် မစားခင်မှာဆေးကြောပေးဖို့လိုပါတယ်။ အသီးအရွက်နဲ့ အသားငါးတွေကို ရေများများနဲ့ ဆေးကြောပါ။
- ဆံပင်ဆိုးဆေးနဲ့ လက်သည်းဆိုးဆေးတွေ အသုံးများနေလား။ ဓာတုဓာတ်ပစ္စည်းတွေများလှတဲ့ ဆံပင်ဆိုးဆေးနဲ့ လက်သည်းနီတွေကို ရှောင်ပါ။ ဒါတွေကလည်း မျိုးအောင်ခြင်းကို တားဆီးနေပါသတဲ့။
ကိုယ်ဝန်ယူဖို့အတွက်ဆိုရင် ရေမွှေးသုံးစွဲမှုကို ခဏရပ်ဆိုင်းပါ
- ရေမွှေးသုံးတာကို ခဏနားထားပါ။ ရေမွှေးမှာပါတဲ့ ဓာတုဓာတ်တွေက အမျိုးသမီးတွေရဲ့ မျိုးအောင်စေတဲ့ ဟော်မုန်းထုတ်လွှတ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ရပြီးသွားရင်လည်း မိခင်နို့ထုတ်လုပ်မှုကို တားဆီးစေလို့ ရေမွှေးသုံးတာကိုလည်း ရပ်ထားစေချင်ပါတယ်။
- ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါရှိတဲ့ဆေးတွေကို မသောက်ပါနဲ့။ ဆေးသောက်တဲ့အခါ ညွှန်ကြားချက်ရှိတဲ့ ဆေးဝါးတွေကို သောက်သုံးပါ။
Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with
Comments