ကိုယ်ဝန်အမြန်ရစေမယ့် နည်းလမ်းကောင်း (၇)ချက်

by: Nang Htwe
 0 comments  3 love

မှန်ကန်တဲ့ နည်းလမ်းကောင်းတွေက ကိုယ်ဝန်ကို အမြန်ရစေတဲ့အပြင် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်လာအောင်လည်း ထောက်ပံ့ပေးပါတယ်။

ကိုယ်ဝန်ယူတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် ပထမဆုံးအနေနဲ့ ဆရာဝန်တွေဆီကို သွားရောက်ပြသဖို့ပါ။ ဆရာဝန်တွေက ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံတွေကို ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ သောက်သုံးရမယ့် ဆေးတွေကိုလည်း လမ်းညွှန်ပေးမှာပါ။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေအတွက် အမြန်ရရှိစေနိုင်တဲ့ နည်းလမ်းတွေကို Kalay ကနေ ဝေမျှသွားမှာပါ။

မမျိုးဥကြွေချိန်မှာ ခင်ပွန်းသည်နဲ့ အတူတူနေတာက ကိုယ်ဝန်ရနိုင်ခြေ အမြင့်မားဆုံးပါပဲ

မှန်ကန်တဲ့ နည်းလမ်းကောင်းတွေကတော့

  • မမျိုးဥကြွေချိန်မှာ ခင်ပွန်းသည်နဲ့ အတူတူနေတာက ကိုယ်ဝန်ရနိုင်ခြေ အမြင့်မားဆုံးပါပဲ။
  • ခင်ပွန်းသည်နဲ့ နေ့တိုင်း အတူတူနေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ (၃၇)ရာခိုင်နှုန်း ရှိပါတယ်။
  • ခင်ပွန်းသည်နဲ့ တစ်ရက်ခြား အတူတူနေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ (၃၃)ရာခိုင်နှုန်း ရှိပါတယ်။
  • ခင်ပွန်းသည်နဲ့ တစ်ပတ်တစ်ကြိမ် အတူတူနေမယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေ (၁၅)ရာခိုင်နှုန်းရှိပါတယ်။

ကျွမ်းကျင်သူတွေ ပြောတဲ့ ကိုယ်ဝန်အမြန်ရနိုင်တဲ့ နည်းလမ်း(၁၀)ချက်

(၁) ခန္ဓာကိုယ်အလေးချိန်

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ကိုယ်အလေးချိန် ညီမျှဖို့လည်း လိုပါတယ်။ ဝလွန်းတဲ့သူတွေနဲ့ ပိန်းလွန်းတဲ့သူတွေမှာလည်း ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းပေးဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးဖို့ လိုပါတယ်။

(၂) အိပ်ရေးဝဝ အိပ်ပါ

ကိုယ်ဝန်ဆောင်မယ့်သူတွေက အိပ်ရေးဝဝ အိပ်ဖို့လိုပါတယ်။ အိပ်ရေးဝဝ အိပ်မှသာ ခန္ဓာကိုယ်အတွက် အကျိုးပြုမယ့် ဟော်မုန်းတွေ ထွက်လာမှာ ဖြစ်တာကြောင့် အိပ်ရေးဝဝ အိပ်ဖို့ လိုပါတယ်။

(၃) ဆေးလိပ်နဲ့ အရက်

ဆေးလိပ်မှာ နီကိုဒင်းဓာတ်ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေချိန်မှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ အရက်မှာ အယ်ကိုဟောပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတွေကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ရင်တော့ ဆေးလိပ်နဲ့ အရက် သောက်တာကို လျော့ချပေးလိုက်တာ အကောင်းဆုံးပါ။

ကိုယ်ဝန်အမြန်ရစေဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ဆရာဝန်တွေဆီ သွားရောက်ဆွေးနွေးခြင်းပါ

(၄) ဆေးသောက်ပါ

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတယ်ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေကို သောက်သုံးဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မယ့်သူတွေ အတွက် သင့်တော်တဲ့ ဆေးတွေကို ဆရာဝန်က ညွှန်ကြားပေးမှာပါ။

(၅)ဆေးစစ်

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံး ဆေးစစ်ပေးဖို့ လိုပါတယ်။ ဒါမှသာ လိုအပ်ချက်တွေ သိနိုင်မှာဖြစ်ပြီး ဘာတွေပြုလုပ်ရမယ်ဆိုတာ ဆရာဝန်တွေက ညွှန်ကြားပေးနိုင်မှာပါ။

(၆) စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေကလည်း ကိုယ်ဝန်ရအောင် ကြိုးစားနေသူတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးပါ။ ဇနီးမောင်နှံနှစ်ဦးစလုံး အပန်းဖြေခရီး မကြာခဏ ထွက်ပေးပါ။

(၇) ဆေးရုံ

ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံတွေ ကိုယ်ဝန်အမြန်ရရှိစေဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ဆရာဝန်တွေဆီ သွားရောက်ဆွေးနွေး တိုင်ပင်ဖို့ပါပဲ။ ဆရာဝန်တွေက လိုအပ်တာတွေကို စစ်ဆေးပေးပြီး သင့်တော်တဲ့ လမ်းညွှန်ချက်တွေကို ညွှန်ကြားပေးမှာပါ။

From Kalay with

Tag: fertilitypregnancyways

Comments

0 comments
Latest video