ကိုယ်ဝန်ရဖို့ ကြိုးစားနေသူတွေ ပြင်ဆင်ရထားရမယ့် စိတ်အခြေအနေများ

by: Nang Htwe
 0 comments  0 love

စိတ်ရှုပ်ထွေးပြီး အကောင်းမမြင်တာနဲ့ ပြဿနာ မကြာခဏ ဖြစ်တာကို ကာကွယ်ဖို့အတွက် သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးသင့်ပါတယ်။

တချို့စုံတွဲတွေအတွက်တော့ ကလေးလေးရဖို့ဆိုတာ မလွယ်လှပါဘူး။ ကိုယ်ဝန်ရဖို့ တဖြည်းဖြည်းကြိုးစားရင်းနဲ့ စိတ်ဖိစီးမှုတွေများလာပါတယ်။ နောက်ဆုံး လက်လျှော့လိုက်တဲ့အထိ ဖြစ်လာပါတယ်။ တချို့စုံတွဲတွေဆိုရင် ကျန်းမာရေးကောင်းမွန်ကြပါတယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်ရဖို့ ခက်ခဲနေပါတယ်။ ကျန်းမာတဲ့ စုံတွဲတွေ ကိုယ်ဝန်ရဖို့ ခက်ခဲနေတဲ့ အဓိက ပြဿနာကတော့ စိတ်ဖိစီးမှုပဲဖြစ်ပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေချိန်မှာ စိတ်ဖိစီးမှုတွေ ဝင်မလာအောင် စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ရဖို့ ကြိုးစားနေချိန်မှာ စိတ်ဖိစီးမှုတွေ ဝင်မလာအောင် စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ် (Photo by The Bump)

ရှုပ်ထွေး

ရှုပ်ထွေးလွန်းတယ်လို့ မခံစားမိဖို့ လိုပါတယ်။ အတွေးတွေ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေကင်းဝေးမှသာ ကိုယ်ဝန်အမြန်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့အခါ စိတ်ရှင်းရှင်းထားဖို့ လိုအပ်ပါတယ်။

စိတ်ပျော်အောင်

စိတ်ညစ်နေတာနဲ့ စိတ်ဖိစီးမှုများတာက ကိုယ်ဝန်ရဖို့ အခက်အခဲတွေဖြစ်လာနိုင်တာကြောင့် စိတ်ကိုပျော်အောင်ထားဖို့ လိုအပ်ပါတယ်။ စိတ်ပျော်စေမယ့်အရာတွေကို ဇနီးမောင်နှံတွေ အတူတူပြုလုပ်ဖို့လိုပါတယ်။ ခရီးထွက်တာက အဓိက စိတ်ပျော်စေတဲ့အရာဖြစ်ပါတယ်။  ဒါကြောင့် တခြားသူတွေမခေါ်ဘဲ ဇနီးမောင်နှံ(၂)ဦးတည်း ခရီးထွက်ပေးပါ။

စိတ်ခံစားချက်

ဇနီးဖြစ်ဖြစ်၊ ခင်ပွန်းဖြစ်ဖြစ် အိမ်မှာမနေဘဲ ပြင်ပမှာပဲ အချိန်ကုန်တာများနေတယ်ဆိုရင် ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့အခါ အခက်အခဲတွေရှိလာပါတယ်။ အထူးသဖြင့် ခင်ပွန်းသည်တွေအနေနဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲ အချိန်ကုန်တာများနေတယ်ဆိုရင် ကြိုးစားချိန်နည်းသွားပါတယ်။ ဒီလိုကြိုးစားနေတဲ့အချိန်မှာ အိမ်မှာ ဇနီးမောင်နှံတွေ အချိန်တူတူကုန်ဆုံးဖို့ လိုအပ်ပါတယ်။

ကြိုးစားနေတဲ့အချိန်မှာ အိမ်မှာ ဇနီးမောင်နှံတွေ အချိန်တူတူကုန်ဆုံးဖို့ လိုအပ်ပါတယ် (Photo by Parenting)

အကောင်းမြင်စိတ်

ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့အခါ ဇနီးမောင်နှံတွေ တစ်ယောက်နဲ့ တစ်ယောက် အကောင်းမြင်နေဖို့လိုအပ်ပါတယ်။ စိတ်ရှုပ်ထွေးပြီး အကောင်းမမြင်တာနဲ့ ပြဿနာ မကြာခဏ ဖြစ်တာကို ကာကွယ်ဖို့အတွက် သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာကို ပြုလုပ်ပေးသင့်ပါတယ်။

Sex

ကိုယ်ဝန်ရဖို့ကြိုးစားတဲ့အခါ အဓိကအနေနဲ့ မှန်ကန်တဲ့ လိင်ဆက်ဆံနည်းတွေလိုအပ်ပါတယ်။ လိင်ဆက်ဆံတဲ့အခါ ဇနီးမောင်နှံတွေ စိတ်ရှည်ဖို့လိုအပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ ဖေးမဖို့လည်း မမေ့ပါနဲ့။ ဒါကြောင့် မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ရဖို့ ကြိုးစားချိန်မှာ စိတ်ကိုဖိစီးမှုမဖြစ်အောင် အကောင်းမြင်တဲ့စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် ထားဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x