ကိုယ်ဝန်မရနိုင်တဲ့ ပြဿနာက မေမေလောင်းဆီမှာလား

by: Phyo Pyae Thu
 0 comments  8 love

သုတ်ပိုးလေးတွေနဲ့ ထိတွေ့နိုင်မယ့် မမျိုးဥရဲ့ စွမ်းရည်လေးတွေ လျော့ကျသွားတာပါ။ ဒီလို မမျိုးဥလေးရဲ့ စွမ်းရည် လျော့ကျစေနိုင်တဲ့ အချက်လေးတွေလည်း ရှိပါတယ်။

မျိုးမအောင်ခြင်းလို့ ပြောလိုက်ရင် အမျိုးသားတွေကိုပဲ တွေးမိ၊ မြင်မိကြမယ်ထင်ပါတယ်(Photo: Wall Street Journal)

မျိုးမအောင်ခြင်းလို့ ပြောလိုက်ရင် အမျိုးသားတွေကိုပဲ တွေးမိ၊ မြင်မိကြမယ်ထင်ပါတယ်။ တကယ်တော့ မျိုးမအောင်နိုင်ဘူးဆိုတဲ့ အကြောင်းရင်းတွေမှာ အမျိုးသမီးတွေလည်း ပါပါတယ်နော်။ အမျိုးသမီးတွေမှာလည်း အမျိုးသားတွေလိုပဲ ရှောင်ရန်၊ ဆောင်ရန်လေးတွေ လုပ်မှသာ မျိုးမအောင်ခြင်းကနေ ရှောင်ရှားနိုင်မှာပါနော်။

အမျိုးသားတွေမှာ မျိုးမအောင်စေနိုင်တာက

သုတ်ကောင်ရေ အားနည်းခြင်း၊ သုတ်ကောင်လေးတွေရဲ့ စွမ်းဆောင်ရည် ကျဆင်းခြင်းတွေပါ။ အမျိုးသမီးတွေမှာတော့ သုတ်ပိုးလေးတွေနဲ့ ထိတွေ့နိုင်မယ့် မမျိုးဥရဲ့ စွမ်းရည်လေးတွေ လျော့ကျသွားတာပါ။ ဒီလို မမျိုးဥလေးရဲ့ စွမ်းရည် လျော့ကျစေနိုင်တဲ့ အချက်လေးတွေလည်း ရှိပါတယ်။

မမျိုးဥပြွန်ထိခိုက်ထားတာတွေ ရှိရင်လည်း

မျိုးအောင်နိုင်ဖို့ ခက်ပါတယ်။ သားဥအိမ်တွေကနေ ထုတ်လွတ်တဲ့ မမျိုးဥတွေဟာ သားအိမ်ဆီကို ရောက်သွားပြီး ကလေးစတင်ဖြစ်ပေါ်ပါတယ်။ ဒီလို ရောက်သွားဖို့အတွက် သယ်ယူရေးလုပ်တဲ့ မမျိုးဥအိမ် ထိခိုက်ထားတာတွေ ရှိမယ်ဆိုရင် မျိုးမအောင်နိုင်ပါဘူး။ တင်ပဆုံနဲ့ဆိုင်တဲ့ ရောဂါတွေ၊ ခွဲစိတ်ထားတာကြောင့် အမာရွတ်ရှိနေတာတွေဟာ မမျိုးဥပြွန်မှာ သက်ရောက်မှု ဖြစ်ပြီး မျိုးမအောင်နိုင်ပါဘူး။

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်မှလည်း မျိုးအောင်နိုင်မှာပါ(Photo:Wall Street Journal)

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်မှလည်း မျိုးအောင်နိုင်မှာပါ။ ဟော်မုန်းအပြောင်းအလဲဖြစ်ဖို့အတွက် သားအိမ်နံရံအနားသတ်ထူခြင်းနဲ့ မမျိုးဥအိမ်က မမျိုးဥတွေ ထုတ်လွှတ်ဖို့ လိုပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ သုတ်ကောင်လေးတွေ မမျိုးဥဆီ လာတဲ့ လမ်းကြောင်းမှာ တားဆီးနေတာတွေလည်း ရှိပါတယ်။

နောက်ထပ် တစ်ခုကတော့

 သားအိမ်နံရံအတွင်းမှာ ဆဲလ်တွေ ကြီးထွားလာပြီး အဖုအကြိတ်တွေ ဖြစ်လာတဲ့အခါမှာလည်း မျိုးမအောင်တာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတို့ရဲ့ မျိုးမအောင်နိုင်တဲ့ အကြောင်းအရင်းတွေထဲမှာ အသက်အရွယ်လည်း ပါဝင်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာ မမျိုးဥထုတ်လွတ်မှုလည်း နည်းလာပြီး စွမ်းဆောင်ရည်လည်း ကျကာ သုတ်ကောင်လေးတွေနဲ့တွေ့ဖို့ အခွင့်အရေးလည်း နည်းပါးပါတယ်။

မျိုးမအောင်ခြင်းကို စစ်မယ်ဆိုရင်တော့

ဟော်မုန်းပမာဏအတွက် သွေးစစ်ခြင်း၊ သားအိမ်အတွင်း စစ်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ မျိုးပွားအင်္ဂါကို ဓါတ်မှန်ရိုက်တာတွေလည်း ပြုလုပ်နိုင်ပါတယ်။ အမျိုးသမီးလေးတို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ မမေ့ပါနဲ့နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles