သားအိမ်မှာ အလုံးတည်ရင် ကလေးမရနိုင်ဘူးလား

by: Phyo Pyae Thu
 0 comments  0 love

တချို့ မေမေလောင်းဖြစ်ချင်သူတွေမှာတော့ သားအိမ်မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတတ်ပါတယ်။ အဲဒါကတော့ သားအိမ်မှာ အသားလုံး ရှိနေတာပါပဲ။

သားအိမ်မှာ ပြဿနာ တစ်စုံတစ်ရာရှိမှာ မေမေတိုင်းလည်း ကြောက်ကြပါတယ်။ မေမေလောင်းဖြစ်ချင်တဲ့သူတွေအနေနဲ့ သားအိမ်ရဲ့ ကျန်းမာရေး အထူးကောင်းမွန်နေဖို့ လိုပါတယ်။ဒါမှသာ မေမေလောင်းတို့အနေနဲ့ ဖေဖေလောင်းဆီက သုတ်ပိုးကို ကောင်းစွာ လက်ခံနိုင်မှာ ဖြစ်ပြီး မမျိုးဥလည်း ပုံမှန်ကြွေကာ သုတ်ပိုးနဲ့ မမျိုးဥတို့ ပေါင်းစပ်ပြီး မျိုးအောင်နိုင်မှာပါ။ဒါပေမယ့် တချို့ မေမေလောင်းဖြစ်ချင်သူတွေမှာတော့ သားအိမ်မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတတ်ပါတယ်။ အဲဒါကတော့ သားအိမ်မှာ အသားလုံး ရှိနေတာပါပဲ။ သားအိမ်မှာ အသားလုံး ရှိနေတယ်ဆိုရင် ကိုယ်ဝန်ရဖို့က နည်းနည်းတော့ ခက်ပါတယ်။ ဒါပေမယ့် လုံးဝ မရနိုင်တာတော့ မရှိပါဘူး။

သားအိမ်လုံးဆိုတာ ဘာလဲ

သားအိမ်အလုံးလေးမှာ အခေါင်းလေး တစ်ခု ရှိပါတယ်။သားအိမ် သေးသေးလေးဟာ သန္ဓေသားလေး နေနိုင်တဲ့အထိ ကြီးလာပါတယ်။ နှစ်မြွှာပူး၊ သုံးမြွှာပူးတွေ ဆိုရင်လည်း သားအိမ်က ဆန့်ပါတယ်။ ကလေးမွေးပြီးတဲ့အချိန်မှာတော့ သားအိမ်က ပြန်ကျုံ့သွားပါတယ်။ ဒီလို သားအိမ်သေးသေးလေးထဲမှာ သားသားမီးမီးလေးတွေ ကောင်းကောင်းနေနိုင်ဖို့ဆိုရင်တော့ ဘာအနှောင့်အယှက်မှ မရှိမှ ဖြစ်မှာပါ။ ဒီလို မဟုတ်ဘဲ သားအိမ်မှာ အသားလုံး ဒါမှမဟုတ် သွေးလုံး တစ်ခုခု ရှိနေပြီဆိုရင်တော့ သန္ဓေသားလေး ဝင်ရောက်ဖို့အတွက် အရမ်းကို ခက်ခဲနေပါပြီ။ ဒီလို အခြေအနေမှာ ကလေးရခဲ့တယ်ဆိုရင်တောင် အနေအထား မမှန်တာတွေနဲ့ သန္ဓေသားလေး သားအိမ်မှာ ကြာရှည်စွာ မနေနိုင်ဘဲ သားလျှောတာတွေ ဖြစ်နိုင်ပါတယ်။

 

ကိုယ်ဝန်ဆောင်လို့ ရရဲ့လား

တချို့တွေမှာတော့ သားအိမ်မှာ အလုံးရှိပေမယ့် ကိုယ်ဝန်ဆောင်လို့ ရပါတယ်။သားအိမ်ထဲမှာ အလုံးရှိတဲ့ နေရာပေါ် မူတည်ပါတယ်။ သားအိမ်ထဲမှာ အလုံးရှိနေပေမယ့် သန္ဓေသားလေး နေရတာ အဆင်ပြေတယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ သားအိမ်ရဲ့ နံရံဘက်အခြမ်းမှာ ရှိနေရင် အဆင်ပြေပါတယ်။ သားအိမ်ထဲမှာ အလုံးရှိနေပြီး ကလေးမွေးလိုက်ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် သားအိမ်မှာ အသားလုံးရှိတိုင်း ကိုယ်ဝန်မရနိုင်တာ မဟုတ်ပါဘူး။ မေမေလောင်းတို့ ဆရာဝန်နဲ့ တွေ့ဆုံပြီး ညွှန်ကြားချက်ကို လိုက်နာဖို့တော့ လိုပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles