ပထမဆုံးကိုယ်ဝန် ဒါမှမဟုတ် ဒုတိယကိုယ်ဝန်ရဖို့ ခက်နေပြီလား

by: Phyo Pyae Thu
 0 comments  10 love

ကိုယ်ဝန်ရနိုင်ဖို့ အဓိက လိုအပ်တဲ့ ကျန်းမာရေးကတော့ သုတ်ရည်နဲ့ သားအိမ်ပါ။ ဒီနှစ်ခုရဲ့ ကျန်းမာရေး ချို့တဲ့မယ်ဆိုရင်ကိုယ်ဝန်ရဖို့ ခက်ခဲနေမှာပါ။

ကိုယ်ဝန်ရဖို့ ခက်နေတာဟာ အသက်အရွယ်ကြောင့် ဖြစ်နိုင်ပါတယ် (Photo: Mirror)

ခုမှ ပထမဆုံး ကိုယ်ဝန်စယူကြမယ့် ဖေဖေသစ် မေမေသစ်ရော၊ ပထမဆုံး ကလေးမွေးပြီး ဒုတိယမြောက်ကိုယ်ဝန်ယူဖို့ ကြိုးစားနေကြတဲ့ ဖေဖေမေမေတွေရော ကိုယ်ဝန်မရသေးလို့ စိတ်ညစ်နေရလား။ ဖေဖေ မေမေတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန်နေမှသာ ကိုယ်ဝန်ရရှိနိုင်မှာပါ။ ကိုယ်ဝန်ရနိုင်ဖို့ အဓိက လိုအပ်တဲ့ ကျန်းမာရေးကတော့ ဖေဖေ့ရဲ့ သုတ်ရည်နဲ့ မေမေတို့ရဲ့ သားအိမ်ပါ။ ဒီနှစ်ခုရဲ့ ကျန်းမာရေး ချို့တဲ့မယ်ဆိုရင် ပထမဆုံး ကိုယ်ဝန်ပဲဖြစ်ဖြစ်၊ ဒုတိယမြောက်ကိုယ်ဝန်ပဲဖြစ်ဖြစ် ရရှိနိုင်ဖို့ ခက်ခဲပါတယ်။

အဓိက လိုအပ်တဲ့ ကျန်းမာရေးကတော့ ဖေဖေ့ရဲ့ သုတ်ရည်နဲ့ မေမေတို့ရဲ့ သားအိမ်ပါ (Photo: Mirror)

ပထမဆုံးကိုယ်ဝန်ယူမယ့် ဖေဖေမေမေတို့ ကိုယ်ဝန်ဆောင်ဖို့ခက်ခဲခြင်း

ဖေဖေမေမေတို့အနေနဲ့ ကိုယ်ဝန်တားဆေးကို ဘယ်လိုအမျိုးအစားမျိုး အသုံးပြုခဲ့သလဲဆိုတာလည်း သတိပြုရပါမယ်နော်။ တားဆေးဖြတ်ပြီး (၆) လလောက်တော့ အနည်းဆုံး စိတ်ရှည်ရှည် စောင့်ဖို့ လိုပါတယ်နော်။ တားဆေးက မ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး မမျိုးဥကြွေခြင်းတွေကိုပါ အပြောင်းအလဲ ဖြစ်စေတာကြောင့် ကိုယ်ဝန် အရနောက်ကျနိုင်တာပါ။ ဒါဆိုရင် သုတ်ပိုးလေးတွေနဲ့ မတွေ့တော့ဘဲ မျိုးအောင်ဖို့ နောက်ဆုတ်သွားနိုင်ပါတယ်။ ဖေဖေလောင်း မေမေလောင်းတို့ရေ ကျန်းမာရေး ကောင်းအောင်နေပါ။ ဒါမှ သုတ်ပိုးအားကောင်းမှာ ဖြစ်တဲ့အပြင် တားဆေးတွေကြောင့် သက်ရောက်မှုရှိထားတဲ့ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာမှာပါနော်။ မေမေလောင်းဖြစ်ချင်တဲ့သူတို့ရေ ဖောလစ်အက်ဆစ်လေးနဲ့ ဗီတာမင်ဓါတ်တွေ ပြည့်ဝအောင် အားဖြည့်ထားသင့်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ် အားအင်ပြည့်မှ၊ သားအိမ်အားကောင်းနေမှ ကိုယ်ဝန် ခပ်လွယ်လွယ် ရနိုင်မှာပါ။ ဖေဖေလောင်း မေမေလောင်းလေးတို့ အားကစား၊ လေ့ကျင့်ခန်း လုပ်ဖို့ မမေ့နဲ့နော်။ ဘာလို့လဲဆိုတော့ သားအိမ်အားကောင်းဖို့ လိုတာကြောင့်ပါ။

ဒုတိယမြောက်ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲခြင်း

ဒုတိယအကြိမ် ကိုယ်ဝန်ရဖို့ ခက်နေတာဟာ အသက်အရွယ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မေမေတို့ရဲ့ ဟော်မုန်းဓါတ်တွေဆိုတာဟာ အသက်အရွယ်ပေါ် မူတည်ပြီး ပြောင်းလဲနေတာကြောင့်ပါ။ အသက်(၃၀) အထက်ဆိုရင် ကိုယ်ဝန်ရဖို့ နည်းနည်းတော့ ခက်နိုင်ပါတယ်။ ဖေဖေ့သုတ်ပိုးကလည်း အားကောင်းနေဆဲ ရှိဖို့ လိုပါတယ်။ ပထမအကြိမ် ကိုယ်ဝန်ဆောင်တုန်းကတော့ အသက်အရွယ်က ငယ်သေးတာမို့ လွယ်မှာပါ။ ဒါကြောင့် အသက်အရွယ် သိပ်မကြီးခင် ဒုတိယကိုယ်ဝန်ဆောင်ပါ။ သုတ်ပိုးလေးတွေ မထိခိုက်ရလေအောင် ဖေဖေတို့ရဲ့ မျိုးပွားအင်္ဂါကို ပူစေမယ့် အရာတွေ မလုပ်ပါနဲ့။ ရေနွေးနဲ့ ရေချိုးတာ၊ ဘောင်းဘီကျပ်လွန်းတာတွေ ရှောင်နော်။ ဒါမှ ဒုတိယ သားသားမီးမီးလေး မျက်နှာ မြန်မြန် တွေ့ရမှာနော်။

ဖေဖေမေမေတို့ရေ ကိုယ်ဝန်ရနိုင်ဖို့ ခက်ခဲတာတွေကို ကျော်လွှားနိုင်ဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်နာဆင်ခြင်ပေးနော်။ ဒါမှ ပထမဆုံးကိုယ်ဝန် ဒါမှမဟုတ် ဒုတိယမြောက်ကိုယ်ဝန် ရရှိနိုင်မှာပါ။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x