ကလေးရဖို့ ခက်ခဲနေပြီလား

by: Phyo Pyae Thu
 0 comments  0 love

တားဆေးက မ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး မမျိုးဥကြွေခြင်းတွေကိုပါ အပြောင်းအလဲ ဖြစ်စေတာကြောင့် ကိုယ်ဝန် အရနောက်ကျနိုင်တာပါ။

ဖောလစ်အက်ဆစ်လေးနဲ့ ဗီတာမင်ဓါတ်တွေ ပြည့်ဝအောင် အားဖြည့်ထားသင့်ပါတယ်နော်(Photo:followmum.com)

ဖေဖေလောင်း မေမေလောင်းလေးဖြစ်ချင်တဲ့သူတို့ရေ ကိုယ်ဝန်မရသေးလို့ စိတ်တွေ ညစ်ရပြီလား။ တချို့တွေကတော့ ပထမဆုံး ကလေးရဖို့လွယ်ပြီး ဒုတိယ ကလေးရဖို့တော့ ကြန့်ကြာတတ်ပါတယ်။ တချို့ကျပြန်တော့ ပထမဆုံးကလေး ရဖို့ ခက်ပြီး ဒုတိယကလေး ရဖို့ကျတော့ လွယ်ပြန်ပါရော။ အမျိုးမျိုးပါပဲ။ အကယ်လို့များ မေမေလောင်း ဖေဖေလောင်း ဖြစ်ဖို့ အခုမှ ကြိုးစားနေဆဲဆိုရင်တော့ ပထမဆုံးအကြိမ် ကလေးရဖို့ ခက်ခဲတာတွေကို ဖြစ်စေတဲ့ အချက်တွေကို ရှောင်ရှား ပြင်ဆင်ဖို့ လိုပါတယ်။ ဘာတွေလဲဆိုတာ ဖော်ပြလိုက်တယ်နော်။

 ကိုယ်ဝန်တားဆေးကို ဘယ်လိုဟာမျိုး အသုံးပြုခဲ့သလဲဆိုတာလည်း သတိပြုရပါမယ်

တားဆေးဖြတ်ပြီး (၆) လလောက်တော့ အနည်းဆုံး စိတ်ရှည်ရှည် စောင့်ဖို့ လိုပါတယ်နော်။ တားဆေးက မ ဟော်မုန်းတွေကို ပြောင်းလဲစေပြီး မမျိုးဥကြွေခြင်းတွေကိုပါ အပြောင်းအလဲ ဖြစ်စေတာကြောင့် ကိုယ်ဝန် အရနောက်ကျနိုင်တာပါ။ ဒါဆိုရင် သုတ်ပိုးလေးတွေနဲ့ မတွေ့တော့ဘဲ မျိုးအောင်ဖို့ နောက်ဆုတ်သွားနိုင်ပါတယ်။

ကိုယ်ဝန်တားဆေးကို ဘယ်လိုဟာမျိုး အသုံးပြုခဲ့သလဲဆိုတာလည်း သတိပြုရပါမယ်နော်(Photo:followmum.com)

မေမေလောင်း ဖေဖေလောင်းလေးတို့ရေ ကိုယ်ဝန်ရချင်ဇောနဲ့ ချစ်တင်းနှောတာကို အရမ်း စိတ်လောလို့ မရဘူးနော်။ မမျိုးဥကြွေတဲ့အချိန်လေးတွေကို တွက်ချက်ပြီး ချစ်တင်းနှောရင် အကောင်းဆုံးပါ။

နောက်တစ်ခုကတော့ ဖေဖေလောင်း မေမေလောင်းတို့ရေ ကျန်းမာရေး ကောင်းအောင်နေပါ။ ဒါမှ သုတ်ပိုးအားကောင်းမှာ ဖြစ်တဲ့အပြင် တားဆေးတွေကြောင့် သက်ရောက်မှုရှိထားတဲ့ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာမှာပါနော်။

မေမေလောင်းဖြစ်ချင်တဲ့သူတို့ရေ ဖောလစ်အက်ဆစ်လေးနဲ့ ဗီတာမင်ဓါတ်တွေ ပြည့်ဝအောင် အားဖြည့်ထားသင့်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ် အားအင်ပြည့်မှ၊ သားအိမ်အားကောင်းနေမှ ကိုယ်ဝန် ခပ်လွယ်လွယ် ရနိုင်မှာပါ။ ဖေဖေလောင်း မေမေလောင်းလေးတို့ အားကစား၊ လေ့ကျင့်ခန်း လုပ်ဖို့ မမေ့နဲ့နော်။ ဘာလို့လဲဆိုတော့ သားအိမ်အားကောင်းဖို့ လိုတာကြောင့်ပါ။

ဖေဖေလောင်းရေ ဆေးလိပ်သောက်တယ်ဆိုရင် ရှောင်ပါနော်။ သုတ်ပိုးတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ တားဆေးဖြတ်ပြီး အနည်းဆုံး(၆) လစောင့်ပါ။ (၆) လပြည့်တဲ့အထိ မထူးခြားရင်တော့ ဆရာဝန်နဲ့ ပြကြည့်နော်။

From Kalay with


Comments

0 comments
Latest video