ကိုယ်ဝန်ရဖို့ နှောင့်နှေးစေနိုင်တဲ့ အမှားကြီး(၃)ခု

by: Nang Htwe
 0 comments  0 love

ဇနီးမောင်နှံတွေ ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ ဆောင်ရန် ရှောင်ရန်တွေ အပြင် လိင်ကိစ္စတွေ ပြုလုပ်တဲ့အခါမှာလည်း အခြေအနေ အချိန်အခါ သိနေဖို့ လိုပါတယ်။

ဇနီးမောင်နှံ(၁၀)တွဲမှာ တစ်တွဲက ကိုယ်ဝန်ရဖို့ ခက်ခဲတတ်ပါတယ်။ ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်တဲ့ ကိစ္စတွေကို ရှောင်ပေမယ့်လည်း အဆင်မပြေ ဖြစ်နေတုန်းပါပဲ။ ကိုယ်ဝန်ယူတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ ကိုယ်ဝန်ရစေနိုင်မယ့် နည်းလမ်းတွေကို လိုက်နာကျင့်သုံးပေမယ့်လည်း ထင်ထားတဲ့ အတိုင်း ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျလာတတ်ပါတယ်။

လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများတာကလည်း ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ် (Photo by Cell Code)

ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနေတာကို ရောဂါတစ်ခုလို့ မသတ်မှတ်ကြပါဘူး။ စိတ်ဖိစီးမှုတွေများတဲ့ ဇနီးမောင်နှံတွေမှာ ကိုယ်ဝန်ရဖို့ ပိုပြီးခက်ခဲစေတတ်ပါတယ်။ လိင်ကိစ္စပြီးမြောက်တဲ့ အခါမှာလည်း စိတ်ဖိစီးမှုတွေများတာနဲ့ မပြီးတာတွေက ကိုယ်ဝန်ရဖို့ ခက်ခဲစေသလို လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများတာကလည်း ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။ ကိုယ်ဝန်ရဖို့ ခက်ခဲနေတဲ့ ဇနီးမောင်နှံတွေအများစုမှာ တူညီတဲ့ ပြဿနာတွေ ရှိကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲစေတဲ့ အမှားကြီး(၃)ခုကို Kalay ကနေ ပြောပြပေးမယ်နော်။

ဆရာဝန်အများစုက ကိုယ်ဝန်ရဖို့ ခက်ခဲနေတဲ့ ဇနီးမောင်နှံတွေကို ပြက္ခဒိန် နည်းလမ်း အသုံးပြုဖို့ အကြံပေးကြပါတယ် (Photo by  Yousense.info)

ပြက္ခဒိန် နည်းလမ်း

ဆရာဝန်အများစုက ကိုယ်ဝန်ရဖို့ ခက်ခဲနေတဲ့ ဇနီးမောင်နှံတွေကို ပြက္ခဒိန် နည်းလမ်း အသုံးပြုဖို့ အကြံပေးကြပါတယ်။ ပြက္ခဒိန်ထဲမှာ သားဥကြွေတဲ့ ပျမ်းမျှ အချိန်ကို ဖော်ပြပေးထားပါတယ်။ ဥပမာ- ရာသီစက်ဝန်း အပြီး (၁၄)ရက်မြောက်နေ့မှာ သားဥကြွေမယ်လို့ သတ်မှတ်ကြပါတယ်။ သားဥကြွေတာက တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။ ရာသီစက်ဝန်းရဲ့ (၁၄)ရက်မြောက်နေ့မှာ မှန်ကန်တဲ့ လိင်ကိစ္စရှိမှသာ ကိုယ်ဝန်ရဖို့ သေချာမှာပါ။ လိင်ကိစ္စမှာ အိမ်ထောင်ဖက်က မပြီးတာတွေ၊ စိတ်မရှည်တာတွေ ကြုံခဲ့ရင် မမျိုးဥနဲ့ သုတ်ပိုးက ပေါင်းစပ်နိုင်မှာ မဟုတ်ပါဘူး။

မမျိုးဥကြွေတာကို အတိအကျ သိဖို့ကတော့ မမျိုးဥကြွေတာကို တိုင်းတဲ့ စစ်တံကို အသုံးပြုပေးမှ အတိအကျ သိနိုင်မှာပါ (Photo by PC-tidningen)

 

မမျိုးဥကြွေချိန်

မမျိုးဥကြွေတာကို အတိအကျ သိဖို့ကတော့ မမျိုးဥကြွေတာကို တိုင်းတဲ့ စစ်တံကို အသုံးပြုပေးမှ အတိအကျ သိနိုင်မှာပါ။ မမျိုးဥလေးဟာ (၂၄)နာရီအတွင်း ကြွေတာကြောင့် နောက်မကျစေဖို့အတွက် မကြွေမီ (၁၆)နာရီ နဲ့ (၄၈)နာရီ အတွင်းမှာ ကြိုတင်သိထားဖို့လိုပါတယ်။ ဒါမှသာ မမျိုးဥကြွေချိန်နဲ့ အိမ်ထောင်ဖက်ရဲ့ သုတ်ပိုးလေး အချိန်မီ ပေါင်းစပ်နိုင်မှာပါ။

ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးကို အညွန်းတိုင်း အတိအကျ သောက်ဖို့ လိုပါတယ် (Photo by festa-de-casamento)

ဆေးအညွှန်း

ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးကို အညွန်းတိုင်း အတိအကျ သောက်ဖို့ လိုပါတယ်။ အဲဒီဆေးတွေက သားအိမ်ကနေ မမျိုးဥလေးတွေကို ထွက်ဖို့ အားပေးလှုံ့ဆော်ပါတယ်။ ဒီဆေးတွေ ကို အညွှန်းအတိုင်း မသောက်ဘူးဆိုရင် ဘေးထွက် ဆိုးကျိုးအနေနဲ့ သားအိမ်အရည်ခြောက်တာကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ရဖို့ နှောင့်နှေးနေတဲ့ အမူအကျင့်နဲ့ စရိုက်ဆိုးတွေကို သတိထား ထိန်းချုပ်ဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

From Kalay with


Comments

0 comments
Latest video