သွားမှာပြသာနာတွေ ရှိနေတာက ကိုယ်ဝန်ရဖို့ နောက်ကျစေနိုင်သလား

by: Phyo Pyae Thu
 0 comments  0 love

ပုံမှန်မဟုတ်တဲ့ ကျန်းမာရေး ပြသာနာတွေ ရှိနေပြီဆိုရင်တော့ ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်ပါတယ်။ ကိုယ်ဝန်ရရှိဖို့ ခက်ခဲစေတဲ့ အထဲမှာ သွားရဲ့ ကျန်းမာရေးလည်း ပါဝင်ပါတယ်။

သွားပြသာနာ ရှိခြင်းက ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်ပါတယ်။

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ရရှိဖို့ဆိုတာ အဖက်ဖက်က ကျန်းမာရေး ပြည့်စုံနေမှ ဖြစ်မှာပါနော်။ ခေါင်းအစ ခြေအဆုံး ပုံမှန်မဟုတ်တဲ့ ကျန်းမာရေး ပြသာနာတွေ ရှိနေပြီဆိုရင်တော့ ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်ပါတယ်။ ကိုယ်ဝန်ရရှိဖို့ ခက်ခဲစေတဲ့ အထဲမှာ သွားရဲ့ ကျန်းမာရေးလည်း ပါဝင်ပါတယ်။ မေမေလောင်းလေးတို့ရေ ဖတ်ကြည့်ကြရအောင်။

သွားမှာ ပြသနာတွေ ရှိနေတာက ကိုယ်ဝန်ရဖို့ နောက်ကျစေနိုင်ပါတယ်။ သွားမှာ သွေးထွက်တာတွေနဲ့ သွားတိုက်တိုင်း သွေးယိုစိမ့်တာ၊ သွားမှာ စေးကပ်တာတွေ ရှိနေတာက ကိုယ်ဝန် ရဖို့ နောက်ကျစေနိုင်ပါတယ်။ သုတေသီတွေရဲ့ လေ့လာချက်အရ သွားမှာ ပြသနာ ရှိနေတဲ့ မေမေလောင်းလေးတွေဟာ ပုံမှန် နောက်ကျတာထက် နှစ်လလောက် ပိုပြီး ကိုယ်ဝန်ရဖို့ နောက်ကျနိုင်တယ်လို့ ဆိုထားပါတယ်။

သွားကို တော်တော်ကြီး ဂရုမစိုက်ဘူးဆိုရင် (၇) လ ကြာတဲ့အထိတောင် ကြာမြင့်သွားနိုင်ပါတယ်။ ဒါကြောင့် သွားကို အရမ်းဂရုစိုက်ရပါမယ်။ သွားတည်ဆောက်ပုံ မညီညာခြင်း၊ ခံတွင်းနံ့ဆိုးခြင်းနဲ့ သွားအခေါင်းပေါက်ရှိခြင်းတွေကိုလည်း ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ထားသင့်ပါတယ်။ ကိုယ်ဝန် ရရှိဖို့ ကြိုးစားနေတယ်ဆိုရင် စစ်ရမယ့် ကျန်းမာရေးတွေထဲမှာ သွားကျန်းမာရေး ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားပြသနာက ကိုယ်ဝန်ရဖို့ အနှောင့်အယှက် ဖြစ်စေတာကြောင့်ပါ။

မေမေတို့ရေ သွားပြသနာတွေ ရှိနေမယ်ဆိုရင် ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်ပြီး ကိုယ်ခံအား စနစ်ကို ကျစေတဲ့အပြင် သားအိမ်ကို ဖုံးအုပ်ထားတဲ့ အရာကို ထိခိုက်စေပါတယ်။ ဒါက မမျိုးဥကိုလည်း အကျိုး သက်ရောက်နိုင်ပါသေးတယ်။

မေမေတို့ရေ သွားပုံမှန်တိုက်ပါ။ တစ်နေ့ နှစ်ကြိမ်တိုက်ပါ။ ခံတွင်းနံ့ ကောင်းဖို့၊ သွားလေး ဖြူနေဖို့၊ သွားပိုးမစားဖို့၊ သွားကိုက်တာနဲ့ သွားက သွေးထွက်တာတွေ မဖြစ်အောင် ဂရုစိုက်ပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles