ကလေးမရနိုင်တဲ့ သုတ်ပိုးနဲ့ သားအိမ်တို့ရဲ့ အခြေအနေ

by: Phyo Pyae Thu
 0 comments  7 love

ကိုယ်ဝန်ရဖို့ဆိုတာ သုတ်နဲ့ မမျိုးဥတို့ ကောင်းမွန်စွာတွေ့ဆုံပြီး မျိုးအောင်မှပါ။သုတ်ပိုး နဲ့ သားအိမ်ရဲ့ အခြေအနေတွေ မှန်နေဖို့ လိုပါတယ်။

ကိုယ်ဝန်ရဖို့ဆိုတာ ဖေဖေလောင်းရဲ့ သုတ်ပိုး နဲ့ မေမေလောင်းရဲ့ မမျိုးဥတို့ ကောင်းမွန်စွာတွေ့ဆုံပြီး မျိုးအောင်မှပါ။ ဒီတော့ သုတ်ပိုးအားကောင်းဖို့နဲ့ သားအိမ်ရဲ့ အခြေအနေတွေ မှန်နေဖို့ လိုပါတယ်။ သားအိမ်မှာ ကျန်းမာရေး တစ်စုံတစ်ရာ ချို့တဲ့နေမယ်၊ သုတ်ပိုးအားမကောင်းဘူးဆိုရင် မျိုးမအောင်နိုင်ပါဘူး။

ကိုယ်ဝန်ရဖို့ဆိုတာ ဖေဖေလောင်းရဲ့ သုတ်နဲ့ မေမေလောင်းရဲ့ မမျိုးဥတို့ ကောင်းမွန်စွာတွေ့ဆုံပြီး မျိုးအောင်မှပါ (Photo by YouTube)

သုတ်ပိုးနဲ့ မမျိုးဥ မတွေ့ဆုံနိုင်အောင် နှောင့်ယှက်တဲ့ သားအိမ်ဆဲလ်တွေ ဖြစ်ပေါ်မယ်ဆိုရင်

မျိုးအောင်တဲ့ သန္ဓေသားလေး သားအိမ်ပြွန်ဆီ ဆင်းတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်ပြီး မျိုးပွားမှုစနစ်မှာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ ရောဂါက ရာသီလာချိန်နဲ့ လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ရာသီစက်ဝန်းတိုလာခြင်း၊ ကြာလာခြင်းနဲ့ မမျိုးဥမကြွေတဲ့အထိ ဖြစ်မယ်ဆိုရင် ကိုယ်ဝန်ရဖို့ ခက်သွားပါပြီ (Photo by U-Cursos)

နောက်ထပ် မျိုးမအောင်နိုင်တဲ့ ပြဿနာတွေလည်း ရှိပါသေးတယ်

ရာသီစက်ဝန်းတိုလာခြင်း၊ ကြာလာခြင်းနဲ့ မမျိုးဥမကြွေတဲ့အထိ ဖြစ်မယ်ဆိုရင် ကိုယ်ဝန်ရဖို့ ခက်သွားပါပြီ။ မေမေလောင်း (၂၀%) လောက် မှာ ဒီလိုမျိုး မမျိုးဥ မှန်မှန်မကြွေတာကို ခံစားနေရပါတယ်။ ဟော်မုန်းများ မူမမှန်ခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း၊ ကိုယ်အလေးချိန်များခြင်းနဲ့ နည်းခြင်းတွေ ဖြစ်ပြီဆိုရင် ကိုယ်ဝန်ရဖို့ ခက်ပါတယ်။ ဒါဟာ သားအိမ်ကို ထိခိုက်စေတဲ့ အခြေအနေတွေပါပဲ။

သားအိမ်မှာ Polycystic Ovarian Syndrome (POCS) ဆိုတဲ့

မမျိုးဥရောဂါ တစ်မျိုး ဖြစ်နေရင်လည်း ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ မျိုးဥမကြွေတော့တာ၊ ရာသီစက်ဝန်းမမှန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမှာ မျိုးအောင်ဖို့ ခက်ပါတယ်။

ဖေဖေလောင်းတို့ဆီမှာတော့ မျိုးအောင်နိုင်ဖို့ သုတ်ပိုးတွေက အဓိကပါ

အရည်အသွေး မကောင်းတဲ့ သုတ်ပိုးတွေဟာ မမျိုးဥဆီရောက်အောင် မသွားနိုင်တော့ဘဲ မျိုးအောင်နိုင်ခြေ အတော်လေး နည်းသွားပါတယ်။ ဖေဖေလောင်းတို့ရဲ့ သုတ်ပို့ပြွန်က ပုံမှန်မဟုတ်ဘူးဆိုရင်လည်း သုတ်စီးဆင်းတာကို နှောင့်နှေးစေပြီး မမျိုးဥဆီ မရောက်နိုင်တော့ပါဘူး။ ဒီလိုဆိုရင် ကိုယ်ဝန် မရနိုင်ပါဘူး။ (၃၀%) က ဒီလိုမျိုး အခြေအနေတွေ ကြုံနေရပြီး ကလေးမရနိုင်ပါဘူး။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x