ပထမကလေးမွေးပြီး ဒုတိယကိုယ်ဝန်ရဖို့ ဘာလို့ခက်ခဲနေတာလဲ

by: Phyo Pyae Thu
 0 comments  4 love

တချို့ ဖေဖေ မေမေတွေက ကလေး တစ်ဦးထက်မက လိုချင်ကြပါတယ်။ ဖေဖေ မေမေတို့ရေ ပထမကလေး တစ်ယောက်မွေးပြီး ဒုတိယ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနေတာတွေ ဖြစ်နိုင်ပါတယ်။

ဖေဖေ မေမေတို့ရေ ပထမကလေး တစ်ယောက်မွေးပြီး ဒုတိယ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနေတာတွေ ဖြစ်နိုင်ပါတယ် (Photo by Daily Mail)

တချို့ ဖေဖေ မေမေတွေက ကလေး တစ်ဦးထက်မက လိုချင်ကြပါတယ်။ ပထမကလေး တစ်ယောက်မွေးပြီး ဒုတိယ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ဒုတိယ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနေသူတွေ အများကြီး ရှိနေပြီး ကလေးတစ်ကြိမ် မွေးပြီးနောက်မှာ နောက်ထပ် ကိုယ်ဝန်မဆောင်နိုင်တာကို  (Secondary infertility) လို့ ခေါ်ပါတယ်။

ကလေးတစ်ကြိမ် မွေးပြီးနောက်မှာ နောက်ထပ် ကိုယ်ဝန်မဆောင်နိုင်တာကို  (Secondary infertility) လို့ ခေါ်ပါတယ် (Photo by  Hudson Institute of Medical Research)

အသက်အရွယ်

ကိုယ်ဝန်ရနိုင်စွမ်းဟာ အသက်အရွယ်ပေါ်မူတည်ပြီး ကျဆင်းသွားပါတယ်။ အသက်(၃၅) နှစ်နဲ့ အထက်မှာဆိုရင် နောက်ထပ်ကိုယ်ဝန်ရဖို့ ခက်ပါတယ်။ ကလေးမမွေးခင်နဲ့ မွေးပြီးတဲ့အချိန်တွေမှာ မျိုးပွားစနစ်မှာ ပြဿနာတွေ ရှိနေမယ်ဆိုရင် ဒီရောဂါတွေက တဖြည်းဖြည်း ဆိုးလာပြီး ကိုယ်ဝန်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ မမျိုးဥ ပြဿနာ၊ သားအိမ် ဒါမှမဟုတ် သားဥပြွန် ပျက်စီးမှု၊ မျိုးပွားအင်္ဂါရောင်ရမ်းမှု၊ သားအိမ်အလုံး ရှိတာတွေကလည်း ကိုယ်ဝန်ထပ်ဆောင်နိုင်ဖို့ ခက်ခဲတဲ့ အရာတွေပါပဲ။

နေထိုင်မှု ပုံစံ

မေမေရော ဖေဖေရော ပထမကလေးမွေးပြီး နောက်ပိုင်းမှာ နေထိုင်မှု ပုံစံတွေ ပြောင်းသွားရင်လည်း ကိုယ်ဝန်ထပ်ရဖို့ ခက်နိုင်ပါတယ်။ ပထမ ကလေးမွေးပြီးနောက်ပိုင်းမှာ ဖေဖေက ဆေးလိပ်သောက်များခြင်း၊ အရက်သောက်တာ များခြင်းတွေ ဖြစ်လာတယ်ဆိုရင် ဒုတိယ ကိုယ်ဝန်ရဖို့ ခက်ပါတယ်။ မေမေတို့ဆိုရင် အဝလွန်ခြင်း၊ ပိန်ခြင်းတွေ ဖြစ်လာရင်လည်း နောက်ထပ် ကိုယ်ဝန်ရဖို့ ခက်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ရဖို့ဆိုရင် နေထိုင်မှု ပုံစံတွေက ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုပါတယ်။

သုတ်ပိုး

ဖေဖေတို့မှာလည်း အသက်(၃၅) နှစ်နဲ့ အထက်ဆိုရင် မျိုးအောင်နိုင်ချေက နည်းနည်းတော့ ကျဆင်းပါတယ်။ ဟော်မုန်း၊ ပြွန်လမ်းကြောင်းတွေ အားနည်းလာတဲ့အပြင် သုတ်ပိုးအရေအတွက် နည်းခြင်းနဲ့ အရည်အသွေး မပြည့်မီတဲ့ သုတ်ပိုးတွေ ရှိနေတာကလည်း မျိုးမအောင်စေနိုင်တဲ့ အကြောင်းရင်းပါပဲ။ သုတ်ပိုးတွေ အရည်အသွေးညံ့လာပြီဆိုရင်တော့ မမျိုးဥဆီ ရောက်အောင် မသွားနိုင်တော့ပါဘူး။ ဒါကြောင့် ဖေဖေရော မေမေရော ပထမအကြိမ် ကလေးမွေးပြီး ဒုတိယ ကိုယ်ဝန်ရဖို့ ခက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်တာမျိုး လုပ်ပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles