ကိုယ်ဝန်ရဖို့ ကြန့်ကြာခြင်းရဲ့ အဓိကပြဿနာများ

by: Nang Htwe
 0 comments  2 love

အမျိုးသမီးတွေမှာ မမျိုးဥကြွေတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိသလို အမျိုးသားတွေမှာလည်း သုတ်ပိုးနဲ့ဆိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရပါတယ်။ 

အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ ဘာကြောင့် အချိန် ကြာမြင့်ရတာလဲ။ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီး(၁၀)ယောက်မှာ (၈)ယောက်ခန့်က ကိုယ်ဝန်ရဖို့ (၁၂)လနီးပါး ကြိုးစားကြရပါတယ်။ အသက်ကြီးလာလေလေ ကိုယ်ဝန်ရဖို့ အချိန်ကြာလေပါ။ အထူးသဖြင့် အသက်(၃၅)နှစ်ကျော်မှ ကိုယ်ဝန်ယူမယ့်အမျိုးသမီးတွေအနေနဲ့ ကြိုးစားချိန်(၆)လကြာတဲ့အခါ ထူးခြားတာတွေ မရှိဘူးဆိုရင် ဆရာဝန်တွေနဲ့ ပြသဖို့ လိုနေပါပြီ။

အမျိုးသမီးတွေမှာ မမျိုးဥကြွေတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိသလို အမျိုးသားတွေမှာလည်း သုတ်ပိုးနဲ့ဆိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရပါတယ် (Photo by 123RF.com)

အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲတဲ့ ပြဿနာများ

  • သားအိမ်မှာ ပြဿနာရှိခြင်း
  • ဆီးလမ်းကြောင်း ရောဂါရှိခြင်း
  • လိင်ဆက်ဆံတဲ့အခါ ပုံမှန်မဟုတ်တဲ့ နာကျင်မှုတွေရှိခြင်း
  • ဆေးလိပ်သောက်သုံးမှု များခြင်းနဲ့
  • အဝလွန်ခြင်းတို့ကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲကြပါတယ်။

ဆေးလိပ်သောက်သုံးတာကို လျော့ချဖို့ လိုပါတယ် (Photo by Romper)

အမျိုးသားတွေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲတဲ့ ပြဿနာများ

အမျိုးသမီးတွေမှာ မမျိုးဥကြွေတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိသလို အမျိုးသားတွေမှာလည်း သုတ်ပိုးနဲ့ဆိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရပါတယ်။

  • သုတ်ပိုးထုတ်လုပ်မှု ပြဿနာများ
  • သုတ်ပိုး အရည်အသွေးမကောင်းခြင်း
  • သုတ်ပိုး အရေအတွက်နည်းခြင်း
  • သုတ်ပိုး ပုံသဏ္ဍန်မမှန်ခြင်း
  • သုတ်ပိုး လှုပ်ရှားမှု နှေးကွေးခြင်း
  • ဝှေ့စေ့ကနေ သုတ်ပိုးသယ်ဆောင်တဲ့အခါ ပိတ်ဆို့နေခြင်း
  • လိင်ဆက်ဆံဖို့ ခွန်အားမရှိခြင်းနဲ့
  • ဟော်မုန်းပြဿနာများရှိခြင်းတို့ကြောင့် အမျိုးသားတွေမှာ မျိုးအောင်ဖို့ ခက်ခဲကြပါတယ်။

စုံတွဲတွေ ကိုယ်ဝန်ရနိုင်မယ့် အခွင့်အလမ်းတွေ တိုးလာအောင်

မမျိုးဥကြွေတဲ့ချိန် လိင်ဆက်ဆံမှသာ ကိုယ်ဝန်ရနိုင်မှာပါ။ ဒါကြောင့် မမျိုးဥကြွေမယ့်နေ့ကို သိဖို့လိုပါတယ်။

  • ရာသီစက်ဝန်းမှန်ခြင်း
  • ဆေးလိပ်သောက်သုံးတာကို လျော့ချခြင်း သို့မဟုတ် ရပ်ထားခြင်း
  • လေ့ကျင့်ခန်း နေ့စဉ်မှန်မှန်ပြုလုပ်ခြင်း
  • ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
  • ကော်ဖီနဲ့ အရက်လျော့ချခြင်း
  • မူးယစ်ဆေးဝါး ရှောင်ရှားခြင်း
  • အဆိပ်အတောက်နဲ့ chemical ပါဝင်တဲ့ ပစ္စည်းများကို ရှောင်ရှာခြင်း
  • စိတ်ဖိစီးမှု နည်းပါးအောင် နေထိုင်ခြင်းနဲ့
  • အနားယူခြင်း စတဲ့ ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပေးရပါမယ်။

ဇနီးမောင်နှံတွေအနေနဲ့ ကိုယ်ဝန်ရဖို့ အခက်အခဲတွေရှိနေတယ်ဆိုရင် ဘာကြောင့် ကြန့်ကြာရတယ်ဆိုတာ ဆေးစစ်ကြည့်ဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x