ကျန်းမာရေးဆိုင်ရာ ပြသာနာတွေထဲမှာ ကိုယ်ဝန်မရရှိခြင်းလည်း ပါဝင်ပါတယ်။ ပထမဆုံးအကြိမ် ကြိုးစားလို့ ကလေးမရတာဟာ စိတ်ဓါတ်ကျစရာတော့ မဟုတ်ပါဘူး။ အိမ်ထောင်သည် (၂၅%) လောက်က ပထမဆုံး ကြိုးစားမှုမှာ ကိုယ်ဝန်ရတတ်ပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်းကတော့ တစ်နှစ်လောက်တော့ စောင့်ရပါတယ်။

မျိုးမအောင်ခြင်းနဲ့ ပတ်သက်ပြီး ဆရာဝန်ကို ပြဖို့တော့ လိုပါတယ်(Photo: Acupuncture Clinic of Boulder)
အကယ်လို့များ ဖေဖေလောင်း မေမေလောင်းတို့ဟာ ချက်ချင်းကလေးမရဘူးဆိုရင်တော့ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးမှာ ကလေးမရနိုင်မယ့် တစ်ရှုးတွေ ရှိနေတာကြောင့်ပါ။ မျိုးမအောင်ခြင်းနဲ့ ပတ်သက်ပြီး ဆရာဝန်ကို ပြဖို့တော့ လိုပါတယ်။ ဆရာဝန်နဲ့ ပြတဲ့အခါမှာ ကိုယ့်ဆီမှာ ဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို အကုန်လုံးပြောပြဖို့ လိုပါတယ်။
ဆရာဝန်နဲ့ ပြတဲ့အခါ မျိုးအောင်စေဖို့အတွက် ဆေးပေးတာမျိုး လုပ်မှာပါ
ရာသီလာစဉ် (၂)ရက်မြောက်နေ့နဲ့( ၆)ရက်မြောက်နေ့မှာ သောက်ဖို့ လိုပါတယ်။( ၇)ရက်အတွင်း သားဥ မကြွေရင် ပိုတိုးရပါတယ်။ ဒါပေမယ့် (၃)ကြိမ်ကနေ (၆)ကြိမ်အထိပဲ သုံးစွဲသင့်ပါတယ်။သားဥကြွေစေတဲ့ဟော်မုန်းတွေ ထုတ်လွှတ်စေပါတယ်။

ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာကလည်း ကိုယ်ဝန်မရရှိခြင်းအပေါ် သက်ရောက်တာမို့ လျှော့ဖို့ လိုပါတယ်(Photo: Acupuncture Clinic of Boulder)
ဖေဖေလောင်းရော၊ မေမေလောင်းရော ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ ဆေးတွေ သောက်နေရရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားဖို့တော့ မမေ့သင့်ပါဘူး။ ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာကလည်း ကိုယ်ဝန်မရရှိခြင်းအပေါ် သက်ရောက်တာမို့ လျှော့ဖို့ လိုပါတယ်။
နောက်တစ်ခုကတော့ ဖေဖေလောင်းလေးတွေ သုတ်ပိုးမထိခိုက်စေဖို့
တင်းကျပ်တဲ့ ဘောင်းဘီ၊ အပူအောင်းစေတဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့နော်။ မေမေလောင်းလေးတို့လည်း မမျိုးဥ ကြွေစေဖို့ ဂရုစိုက်ရပါမယ်။ နောက်တစ်ခုကတော့ သားအိမ်အားကောင်းအောင် လုပ်ရပါမယ်နော်။ လိုအပ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ မမေ့ပါနဲ့။ သားအိမ်အားကောင်းမှ မမျိုးဥ ကြွေနိုင်မှာ ဖြစ်ပြီး ဝင်လာတဲ့ သုတ်ပိုးလေးတွေနဲ့လည်း အဆင်ပြေပြေတွေ့ပြီး မျိုးအောင်နိုင်မှာပါနော်။
Comments