မိန်းမကိုယ်ထဲ ရောဂါပိုးကူးစက်တာက ကိုယ်ဝန်ရဖို့ ခက်ခဲစေလား

by: Editor
 0 comments  16 love

ကူးစက်ပိုးဝင်တဲ့ လက္ခဏာတွေကတော့ အဝါရောင်ချွဲတွေဖြစ်ပေါ်တာ၊ အနံ့ဆိုးတွေထွက်တာ၊ လိင်အင်္ဂါမှာ ပြဿနာတွေဖြစ်တာ၊ အနာတွေပေါက်တာနဲ့ ဆီးသွားရင် နာကျင်တာတို့ပဲဖြစ်ပါတယ်။

ကူးစက်ပိုးတွေကြောင့် အမျိုးသမီး(၉၀)ရာခိုင်နှုန်းလောက် ကိုယ်ဝန်ရဖို့ ခက်ခဲကြပါတယ်။ ဒီမိန်းမကိုယ်ကနေ ရောဂါပိုးတွေ ကူးစက်တာရဲ့ နောက်ဆက်တွဲကတော့ ကိုယ်ဝန်ရဖို့ ခက်ခဲတာပါ။

ဒီမိန်းမကိုယ်ကနေ ရောဂါပိုးတွေ ကူးစက်တာရဲ့ နောက်ဆက်တွဲကတော့ ကိုယ်ဝန်ရဖို့ ခက်ခဲတာပါ (Photo by Online Health Wiki)

ကူးစက်ပိုးဝင်ခြင်းလက္ခဏာများ

ပုံမှန် ကူးစက်ပိုးဝင်တဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်ထဲမှာ အဝါရောင်ချွဲတွေဖြစ်ပေါ်တာ၊ အနံ့ဆိုးတွေထွက်တာ၊ လိင်အင်္ဂါမှာ ပြဿနာတွေဖြစ်တာ၊ အနာတွေပေါက်တာနဲ့ ဆီးသွားရင် နာကျင်တာတို့ပဲဖြစ်ပါတယ်။ နောက်ဆက်တွဲကတော့ ဝမ်းဗိုက်သွေးထွက်တာ၊ အကြောင်းရင်းမရှိပဲ ဝမ်းဗိုက်နာကျင်တာနဲ့ လိင်ဆက်ဆံပြီးနောက် နာကျင်နေတာတို့ပါ။

အဖြစ်များတဲ့ အကြာင်းရင်းတွေကတော့ မိန်းမကိုယ်ကို မသင့်လျော်တဲ့ နည်းလမ်းတွေနဲ့ သန့်စင်တာနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာကြောင့်ပါ (Photo by Livestrong)

ဘာဖြစ်လို့ကူးစက်ပိုးဝင်ရောက်တာလဲ

 အမျိုးသမီးတွေအဖြစ်များတဲ့ လိင်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပြီး မှို၊ ဘက်တီးရီးယားနဲ့ ကပ်ပါးကောင် တို့ကြောင့် ဖြစ်ပါတယ်။ အဖြစ်များတဲ့ အကြာင်းရင်းတွေကတော့ မိန်းမကိုယ်ကို မသင့်လျော်တဲ့ နည်းလမ်းတွေနဲ့ သန့်စင်တာနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာကြောင့်ပါ။ နောက်တခုက စိတ်ဖိစီး များနေတာက ဟော်မုန်းအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သလို ပတ်ဝန်းကျင်အနေအထား ရုတ်တရက်ပြောင်းတာကြောင့်ကူးစက်ပိုးဝင်နိုင်ပါတယ်။ မိန်းမကိုယ်ယားယံတာနဲ့ မူမမှန်တာကို ခံစားရတယ်ဆိုရင် အမျိုးသမီးတွေက ဆေးခန်းကို မသွားကြပဲ ဆေးတွေ၊ လက်ဖက်ရွက်တွေ ဝယ်ပြီး မိန်းမကိုယ်ကို သန့်ရှင်းတတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ မိန်းမကိုယ်မှာရှိတဲ့ အက်ဆစ်ဓာတ်ကို ဖျက်ဆီးပစ်လိုက်ပါတာပါပဲ။ ဒီလိုလုပ်တာဟာ ရောင်ရမ်းမှုအခြေအနေကို ပိုပြီးဆိုးရွားစေတာကြောင့် ဆရာဝန်ညွှန်ကြားမှသာ ဒီကာကွယ်ဆေးပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။

ကူးစက်ပိုးဝင်တာဟာ ကိုယ်ဝန်မဆောင်နိုင်တာကိုဖြစ်စေသလား ?

အစောပိုင်းအခြေအနေတွေမှာ ဒီကူးစက်မှုတွေက အမျိုးသမီးတွေကို ကြီးကြီးမားမား မထိခိုက်တတ်ကြပါဘူး။ ဒါကြောင့်အများစုဟာ စစ်ဆေးမှုတွေနဲ့ ကုသမှုတွေမပြုလုပ်ကြတာပါ။ ဒါပေမယ့်လည်း အချိန်ကြာလာတဲ့ အခါမှာ ရောင်ရမ်းမှုတွေဟာ ဆိုးရွားလာပြီး သားအိမ်နဲ့သားအိမ်ခေါင်း လုပ်ဆောင်ချက်တွေကို ထိခိုက်စေ တာကြောင့် ကိုယ်ဝန်ဆောင်တာကို ထိခိုက်လာပါတယ်။ ဘက်တီးရီးယားတွေဟာ မိန်းမကိုယ်မှတဆင့် အပေါ်ကို ပျံ့နှံ့သွားပြီး သားအိမ်ခေါင်းကိုရောက်ရှိ တဲ့အခါမှာ သားအိမ်ခေါင်းနဲ့ မမျိုးဥ ရောင်ရမ်းတာတွေကို ဖြစ်စေပါတယ်။ ဒီအချိန်တွေမှာ သားအိမ်ခေါင်း ရောင်ရမ်းတဲ့ရောဂါနဲ့ မမျိုးဥအိမ်ပိတ်ဆို့မှု တွေဖြစ်စေပြီး ကိုယ်ဝန်မဆောင်နိုင်တော့တဲ့အထိ ဖြစ်စေပါတယ်။ သင့်တော်တဲ့ ကုသမှုတွေမပြုလုပ်ဘဲ ရောင်ရမ်းမှုတာတွေ ကြာလာတဲ့အခါ သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကင်ဆာအထိ ကူးပြောင်းသွားစေပါတယ်။

ကူးစက်ပိုးဝင်တာကို တားဆီးဖို့အတွက် မိန်းမကိုယ်ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားသင့်ပါတယ်

ရောဂါကူးစက်တာကို တားဆီးဖို့အတွက် မိန်းမကိုယ်သန့်ရှင်းရာမှာ အောက်ပါအချက်တွေကို သတိပြုသင့်ပါတယ်။

  • နူးညံ့တဲ့သန့်ရှင်းရေးပစ္စည်းတွေကို တနေ့ (၂) ကြိမ်မှ (၃) ကြိမ်အထိသာ အသုံးပြုပါ။ ခဏခဏ အသုံးပြုတာက အကျိုးပြုတဲ့ ပိုးမွှားငယ်လေးတွေကို ဆုံးရှုံးနိုင်ပါတယ်။
  • မသန့်ရှင်းခင်နဲ့ သန့်ရှင်းအပြီးမှာ လက်ကို ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။
  • မိန်းမကိုယ်ကို ခြောက်သွေ့စင်ကြယ်စွာထားပါ။ အတွင်းခံစိုနေပါက အသစ်တစ်ထည် ပြောင်းလဲဝတ်ဆင်သင့်ပါတယ်။
  • လစဉ်သုံးပစ္စည်း အဟောင်းတွေကို လုံးဝမသုံးပါနဲ့။
  • ရာသီလာနေစဉ်အတွင်းမှာလည်း လစဉ်သုံးပစ္စည်းတွေကို တနေ့ (၄) ကြိမ်လဲလှယ်သင့်ပါတယ်။

ခန္ဓာကိုယ်အတွင်းမှ လာတဲ့သွေးတွေဟာ အလွန်သန့်ရှင်းပေမယ့်လည်း အပြင်ကိုရောက်တဲ့အခါမှာ ဘက်တီးရီးယားတွေ ပေါက်ပွားစေနိုင်ပါတယ်။ အသုံးပြုပြီးတဲ့ အတွင်းခံ ဘောင်းဘီတွေကိုလည်း အခြား မိသားစုဝင်တွေရဲ့ အတွင်းခံတွေနဲ့ မရောနှောပဲ ချက်ချင်းလျှော်ဖွတ်သင့်ပါတယ်။ လျှော်ဖွတ်ပြီးပါကလည်း ဘက်တီးရီးယားတွေ သေစေနိုင်ဖို့ နေရောင်ထဲခြောက်တဲ့အထိ ထားသင့်ပါတယ်။ အဝတ်လျှော်စက်ထဲမှာ လုံးဝ စိမ်မထား သင့်ပါဘူး။

မိန်းမကိုယ်ထဲ ရောဂါပိုးတွေ ကူးစက်ခံထားရတယ်ဆိုရင် အမြန်ဆုံးကုသပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: conceivekalaypregnancy

Comments

0 comments
Latest video
Refer to more useful articles
x