အိမ်သုံးပစ္စည်းများနဲ့ ဆက်စပ်နေတဲ့ ကိုယ်ဝန်မရခြင်းပြဿနာ

by: Nang Htwe
 0 comments  3 love

ပြဿနာဆိုတာ မထင်ထားတဲ့နေရာတွေကနေ ဖြစ်လာတာမို့ ကိုယ်ဝန်မရစေတဲ့အကြောင်းပြချက်တစ်ခုကလည်း မထင်ထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကနေ ဖြစ်နေတတ်ပါတယ်။

အိမ်သုတ်ဆေးတွေမှာ ခဲနဲ့မာကျူရီတွေ ပါဝင်နေတာကြောင့် နေ့စဉ်ထိတွေ့ပါက ကိုယ်ဝန်မရနိုင်တာတွေဖြစ်နိုင်ပါတယ်

မထင်ထားတဲ့ အိမ်သုံးပစ္စည်းတွေက ကိုယ်ဝန်မရအောင် တားဆီးနေပါတယ်။ အိမ်မှာသုံးတဲ့ ဘယ်ပစ္စည်းတွေက ကိုယ်ဝန်မရအောင်တားဆီးနေတာလဲ။ Kalay ကနေဖော်ပြပေးမှာမို့ ဆက်ပြီးဖတ်ကြည့်ပေးပါဦနော်။

အိမ်သုတ်ဆေး

အိမ်သုတ်ဆေးတွေမှာ ခဲနဲ့မာကျူရီတွေ ပါဝင်နေတာကြောင့် နေ့စဉ်ထိတွေ့ပါက ကိုယ်ဝန်မရနိုင်တာတွေ ဖြစ်တတ်ပါတယ်။ အိမ်သုတ်ဆေးမှာပါတဲ့ ethylene glycol နဲ့ Latex တို့ကလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဓာတုဓာတ်ပေါင်းတွေ အများကြီး ပါဝင်တာကြောင့် ကိုယ်ဝန်မရနိုင်တာတွေ ဖြစ်နိုင်သလို သန္ဓေသားလောင်းကိုလည်း အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ခဲဓာတ်သင့်တဲ့ သန္ဓေသားလောင်းလေးဟာ မွေးဖွားလာတဲ့အခါမှာ ကိုယ်အလေးချိန်နည်းတာတွေနဲ့ ဦးနှောက်နဲ့ဆိုင်တဲ့ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ကျောက်ကပ် နဲ့ အာရုံကြောစနစ်ကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ယူဖို့အစီအစဉ်ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်သူတွေအနေနဲ့ အိမ်သုတ်ဆေးကို အိမ်နဲ့ဝေးဝေးမှာ ထားဖို့ လိုပါတယ်။

စည်သွတ်ဗူးတွေမှာ ကြာရှည်ခံအောင် ထည့်ထားတဲ့ဓာတုဗေဒပစ္စည်းတွေ အများကြီးပါတာကြောင့် ကိုယ်ဝန်မရအောင်တားဆီးပေးပါတယ်

စည်သွတ်ဗူး

မီးဖိုချောင်ထဲက အစားအစာတွေမှာ ကိုယ်ဝန်မရတာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေရှိနေတယ်နော်။ အဲဒါကတော့ အများစုသိထားတဲ့ စည်သွတ်ဗူးတွေပဲဖြစ်ပါတယ်။ စည်သွတ်ဗူးတွေဟာ အချိန်ကုန်သက်သာစေတာကြောင့် အိမ်ရှင်မတွေအကြိုက်ဖြစ်နေတာပါ။ ဒီစည်သွတ်ဗူးတွေရဲ့ နောက်ဆက်တွဲဆိုကျိုးကတော့ ကိုယ်ဝန်မရစေတာပါပဲ။ စည်သွတ်ဗူးတွေမှာ ကြာရှည်ခံအောင် ထည့်ထားတဲ့ဓာတုဗေဒပစ္စည်းတွေ အများကြီးပါတာကြောင့် ကိုယ်ဝန်မရအောင်တားဆီးပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ့်သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကတော့ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသားငါး နဲ့ သစ်သီးဝလံတို့ကိုသာ စားပေးပါ။

ဆံပင်ဆိုးဆေးတွေကလည်း ကိုယ်ဝန်မရအောင် တားဆီးနေပါတယ်

ဆံပင်ဆိုးဆေး

ဆံပင်ဆိုးဆေးတွေကလည်း ကိုယ်ဝန်မရအောင် တားဆီးနေပါတယ်။ ဓာတုဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ကိုယ်ဝန်ယူမယ့်သူတွေနဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အသုံးမပြုမိဖို့လိုပါတယ်။

ရက်ရှည်လရှည် စွဲသောက်နေရတဲ့ ဆေးဝါးတွေမှာ ကိုယ်ဝန်မရစေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိနေပါတယ်

ဆေးဝါးများ

ရက်ရှည်လရှည် စွဲသောက်နေရတဲ့ ဆေးဝါးတွေမှာ ကိုယ်ဝန်မရစေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိနေပါတယ်။ ရောဂါရှိတဲ့သူတွေ အနေနဲ့တော့ မဖြစ်မနေသောက်သုံးရန်လိုသလို ကိုယ်ဝန်ယူဖို့ အစီစဉ်ရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဆက်ပြီးသောက်သုံးရန်သင့်မသင့် ဆုံဖြတ်ပေးရမှာ ဖြစ်ပါတယ်။

အိမ်သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေက ကိုယ်ဝန်မရနိုင်အောင် တားဆီးနေပါတယ်

သန့်ရှင်းရေးသုံးပစ္စည်းများ

အိမ်သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေက ကိုယ်ဝန်မရနိုင်အောင် တားဆီးနိုင်ပါတယ်။ အထူးသဖြင့် ရေချိုးခန်းနဲ့ အိမ်သာသန့်ရှင်းရေး အသုံးပြုတဲ့ပစ္စည်းတွေက ကိုယ်ဝန်မရအောင် အတားအဆီတစ်ခု ဖြစ်နေနိုင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: avoidhouseholdproducts

Comments

0 comments
Latest video
Refer to more useful articles
x