ကိုယ်ဝန်မရနိုင်တဲ့ သုတ်ပိုးလေး မဖြစ်စေဖို့

by: Phyo Pyae Thu
 1 comments  28 love

သုတ်ပိုးရဲ့ အရည်အသွေးက ဖြစ်တည်လာမယ့် သန္ဓေသားလေးရဲ့ ကျန်းမာရေးကိုလည်း အဆုံးအဖြတ် ပေးနိုင်ပါသေးတယ်။ ကျန်းမာတဲ့ သုတ်ပိုးလေးတွေ ဖြစ်အောင် လုပ်ဆောင်ရပါမယ်။

ကိုယ်ဝန် ရရှိဖို့ဆိုတာ မျိုးအောင်ခြင်း မအောင်ခြင်းနဲ့ သက်ဆိုင်ပါတယ်နော်။ မေမေလောင်း ကိုယ်ဝန်ရဖို့ဆိုတာ ဖေဖေလောင်းရဲ့ အခန်းကဏ္ဍက အများဆုံး ပါဝင်တယ်နော်။ ဘာလို့လဲဆိုတော့ ဖေဖေ့ဆီက ကျန်းမာတဲ့ သုတ်ပိုးလေး ရမှ ဖြစ်တာကြောင့်ပါ။ သုတ်ပိုးရဲ့ အရည်အသွေးက ဖြစ်တည်လာမယ့် သန္ဓေသားလေးရဲ့ ကျန်းမာရေးကိုလည်း အဆုံးအဖြတ် ပေးနိုင်ပါသေးတယ်။ ဒါကြောင့် မျိုးအောင်ဖို့ ကျန်းမာတဲ့ သုတ်ပိုးလေးတွေ ဖြစ်အောင် လုပ်ဆောင်ရပါမယ်။

အစားအစာကောင်းကောင်းစားပြီး သုတ်ပိုးလေးတွေကို ကျန်းမာအောင် ထားလို့ ရပါတယ်နော်(Photo: itoozhiayurveda.in)

မေမေလောင်းမှာပဲ ခန္ဓာကိုယ် အလေးချိန်က ပြဿနာ ဖြစ်တာမဟုတ်ဘူးနော်

ဖေဖေလောင်းမှာလည်း ကိုယ်အလေးချိန်နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်းဟာ ပြဿနာ တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သုတ်ပိုးတွေပေါ်ကို သက်ရောက်စေတာကြောင့်ပါ။ အမျိုးသားရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို သက်ရောက်စေနိုင်လို့ပါ။  ကိုယ်ကာယလှုပ်ရှားမှုတွေ ပြုလုပ်ခြင်းက ကျန်းမာတဲ့အလေးချိန်ကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။

ဒီလို အစားအစာတွေထဲမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အနှံနဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ လုံးတီးအနှံတွေနဲ့ အဆီနည်းပရိုတိန်းတွေဟာ ဖေဖေလောင်းတွေအတွက် အရည်အသွေး အကောင်းဆုံး သုတ်ပိုးတွေကို ထုတ်ပေးနိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေချို့တဲ့ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အစားအစာကောင်းကောင်းစားပြီး သုတ်ပိုးလေးတွေကို ကျန်းမာအောင် ထားလို့ ရပါတယ်နော်။

မျိုးအောင်ဖို့ ကျန်းမာတဲ့ သုတ်ပိုးလေးတွေ ဖြစ်အောင် လုပ်ဆောင်ရပါမယ်(Photo: itoozhiayurveda.in)

ဆေးလိပ်သောက်ခြင်းကလည်း သုတ်ပိုးအရေအတွက်ကိုနည်းစေပြီး သုတ်ပိုးတွေရဲ့ ရွေ့လျားမှုကိုလည်း နှေးကွေးစေပါတယ်။ ကူးခတ်နှုန်းကို ဆထက်ထမ်းပိုးတိုးစေဖို့အတွက်  ဆေးလိပ်သောက်တာကို ရပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေချိန်မတိုင်မီ အနည်းဆုံး (၃) လအတွင်း ဆေးလိပ်လုံးဝပြတ်သွားဖို့ ရည်မှန်းချက်ထားပြီး ကြိုးစားဖြတ်သင့်ပါတယ်။

ဖေဖေလောင်းတို့ရဲ့ ကပ်ပယ်အိတ်တွေ မပူဖို့လည်း ဂရုစိုက်ရပါမယ်

ကပ်ပယ်အိတ်ပူတာလည်း သုတ်ကောင်တွေကို ပျက်စီးစေပါတယ်။  အရမ်းကိုကြပ်နေတဲ့ အ၀တ်အစားတွေမ၀တ်စေခြင်းက ပိုကောင်းပါလိမ့်မယ်။ ချွေးထုတ်ခြင်း၊ ရေပူစိမ်ခြင်းနဲ့ super hot baths တွေကို မပြုလုပ်မိအောင် ဂရုစိုက်ပါ။  တောင်တက်စက်ဘီးစီးခြင်းကို မိုင်အတော်များများသွားခဲ့ပြီဆိုရင် သူ့မှာ ကပ်ပယ်အိတ်ပျက်စီးခြင်းဖြစ်စေနိုင်ပြီး ကလေးရနိုင်ချေကို လျှော့ချပစ်လိုက်ပါတယ်။ ဖေဖေလောင်းလေးတို့ရေ သုတ်ပိုးလေးကောင်းအောင် ဆောင်ရွက်ကြမယ်မလားနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles