ဒုတိယအကြိမ် ကိုယ်ဝန်ရဖို့ ခက်ခဲကြန့်ကြာနေတဲ့ အကြောင်းလေးတွေ

by: Phyo Pyae Thu
 0 comments  3 love

တချို့အိမ်ထောင်သည်တွေမှာ ပထမအကြိမ် ကိုယ်ဝန်ရဖို့ အရမ်းမခက်ဘဲ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ဖို့ ကြန့်ကြာနေတာတွေ ရှိပါတယ်။ ဒါတွေကို အဖြေရှာကြည့်ရအောင်

အလေးချိန်သတိထားပါ (Photo by 123RF)

တချို့အိမ်ထောင်သည်တွေမှာ ပထမအကြိမ် ကိုယ်ဝန်ရဖို့ အရမ်းမခက်ဘဲ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ဖို့ ကြန့်ကြာနေတာတွေ ရှိပါတယ်။ ဒါကြောင့် ပထမဆုံးအကြိမ် ကလေး လွယ်လွယ်ကူကူ ရလို့ ဒုတိယအကြိမ် လွယ်လွယ်ကူကူ ရမယ်လို့ အတပ်မပြောနိုင်ပါဘူး။ ဒီလိုမျိုး ဒုတိယအကြိမ်မှာ ကိုယ်ဝန်ရဖို့ ခက်နေရတဲ့ အကြောင်းရင်းလေးတွေလည်း ရှိနေတာမို့ ဖော်ပြလိုက်ပါတယ်။

 ဒုတိယအကြိမ် ကိုယ်ဝန်ရဖို့ ခက်နေတာဟာ အသက်အရွယ်ကြောင့် ဖြစ်နိုင်ပါတယ်

ဘာလို့လဲဆိုတော့ မေမေတို့ရဲ့ ဟော်မုန်းဓါတ်တွေဆိုတာဟာ အသက်အရွယ်ပေါ် မူတည်ပြီး ပြောင်းလဲနေတာကြောင့်ပါ။ အသက်(၃၀) အထက်ဆိုရင် ကိုယ်ဝန်ရဖို့ နည်းနည်းတော့ ခက်နိုင်ပါတယ်။ ဖေဖေ့သုတ်ပိုးကလည်း အားကောင်းနေဆဲ ရှိဖို့ လိုပါတယ်။ ပထမအကြိမ် ကိုယ်ဝန်ဆောင်တုန်းကတော့ အသက်အရွယ်က ငယ်သေးတာမို့ လွယ်မှာပါ။ ဒါကြောင့် အသက်အရွယ် သိပ်မကြီးခင် ဒုတိယကိုယ်ဝန်ဆောင်ပါ။

ကျန်းမာအောင်နေပါ (Photo by Yogurt in Nutrition)

ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အသက်အရွယ်က အရေးပါသလို

သုတ်ပိုးလေးတွေရဲ့ အရေအတွက်နဲ့ သုတ်ပိုးလေးတွေရဲ့ စွမ်းဆောင်ရည်ကလည်း အထူးကို အရေးကြီးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သုတ်ပိုးနဲ့ မမျိုးဥတွေမှ ကိုယ်ဝန်ရနိုင်မှာမို့ သူတို့တွေက အတော်ကို အရေးကြီးတာပါ။ ဒါကြောင့် သုတ်ပိုးလေးတွေ မထိခိုက်ရလေအောင် ဖေဖေတို့ရဲ့ မျိုးပွားအင်္ဂါကို ပူစေမယ့် အရာတွေ မလုပ်ပါနဲ့။ ရေနွေးနဲ့ ရေချိုးတာ၊ ဘောင်းဘီကျပ်လွန်းတာတွေ ရှောင်နော်။ ဒါမှ ဒုတိယ သားသားမီးမီးလေး မျက်နှာ မြန်မြန် တွေ့ရမှာနော်။

မေမေတို့မှာလည်း ဟော်မုန်းမညီညာခြင်းတွေကြောင့်

မမျိုးဥကြွေတာကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ကိုယ်ဝန်မဆောင်နိုင် ဖြစ်တတ်ပါတယ်။ မမျိုးဥမကြွေရင် ရာသီ မလာနိုင်ဘူးလေ။ ဒါကြောင့် ရာသီ ပုံမှန်မလာရင် ဆရာဝန်ပြပါနော်။

ဖေဖေရော မေမေရော ခန္ဓာကိုယ်အလေးချိန်လေး ဂရုစိုက်ပါနော်

ခန္ဓာကိုယ်အလေးချိန်များတာဟာ testosterone levels ကို များစေနိုင်ပါတယ်။ ဖေဖေတို့မှာဆိုရင်တော့ estrogen levels ကိုတိုးစေပြီး သုတ်ကောင်အရေအတွက်ကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းပါနော်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x