ကိုယ်ဝန်ရတာ မကြန့်ကြာစေဖို့ စားပေးရမယ့် အစားအစာနဲ့ ဗီတာမင်

by: Phyo Pyae Thu
 1 comments  2 love

မျိုးအောင်တာ မြန်စေဖို့အတွက် စားနေကျ အစားအသောက်တွေကို အနည်းငယ်ပြောင်းလဲပြီး နေ့စဉ်နေ့တိုင်းဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီပြောင်းလဲပါ။ 

ဗီတာမင် B12 ကတော့ သားအိမ်နံရံတွေကိုသန်စွမ်းစေပါတယ် (Photo: Medical News Today)

ဖေဖေလောင်း မေမေလောင်းတို့ရေ  ကိုယ်ဝန်ရဖို့ မကြန့်ကြာစေဘဲ မျိုးအောင်စေဖို့အတွက်တော့ လိုအပ်တာတွေက တော်တော်လေး များပါတယ်။ မျိုးအောင်နိုင်စွမ်းကို တိုးတက်စေမယ့် အကောင်းဆုံးနည်းလမ်းကတော့ စားသောက်မှုပုံစံပြောင်းလဲခြင်းပါပဲ။ စားနေကျ အစားအသောက်တွေကို အနည်းငယ်ပြောင်းလဲပြီး နေ့စဉ်နေ့တိုင်းဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီပြောင်းလဲပါ။ နောက်ဆိုရင်တော့ မျိုးအောင်နိုင်မယ့် အခွင့်အရေးတွေက ပိုတိုးလာပါလိမ့်မယ်။

ဗီတာမင် E ကတော့ သုတ်ပိုးတွေရဲ့ကျန်းမာရေးနဲ့ လှုပ်ရှားရွေ့လျားနိုင်စွမ်းကို တိုးတက်စေပါတယ် (Photo: Medical News Today)

ဗီတာမင် D

နောက်ဆုံးလေ့လာချက်တွေမှာတော့ မျိုးမအောင်တဲ့အမျိုးသမီး (၆၇)ယောက်မှာ (၇%)ကသာ ဗီတာမင် D လယ်ဗယ်ပုံမှန်ဖြစ်နေပါတယ်။ မျိုးဥကြွေခြင်းကို ထိန်းချုပ်ပေးတဲ့ sex hormones တွေကို ခန္ဓာကိုယ်က ဖန်တီးပေးဖို့အတွက် ဗီတာမင် D ကို လိုအပ်ပါတယ်။

ဗီတာမင် E

ဗီတာမင် E ကတော့ သုတ်ပိုးတွေရဲ့ကျန်းမာရေးနဲ့ လှုပ်ရှားရွေ့လျားနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဒါက သုက်ပိုးနဲ့ မျိုးဥရဲ့ DNAကို မပြောင်းလဲအောင် ကာကွယ်ပေးခြင်းဖြစ်ပြီး ကလေးမှာ ပုံမှန်မဟုတ်တဲ့ကြီးထွားမှုဖြစ်နိုင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

CoQ10

ကတော့ စွမ်းအင်ထုတ်လုပ်ပေးနိုင်ဖို့လိုအပ်တာပါ။  မျိုးဥနဲ့ သုတ်ပိုးကျန်းမာရေးကို Free radical ပျက်စီးခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် C

Fertility and Sterility ရဲ့ လေ့လာချက်တစ်ခုအရ ဗီတာမင် C ဟာ သုတ်ပိုးရဲ့အရည်အသွေး၊လှုပ်ရှားမှု စတာတွေကိုတိုးတက်စေသလို DNAတွေ ပျက်စီးခြင်းမှလည်းကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းလယ်ဗယ်ကိုတိုးတက်စေပြီး သံဓာတ်စုပ်ယူမှုနဲ့ မျိုးအောင်မှုကို မြင့်တင်ပေးပါတယ်။  ကလေးပျက်ကျတာတွေနဲ့ Chromosomal ပြဿနာတွေဖြစ်နိုင်တာကို လျှော့ချပေးနိုင်ပါတယ်။

Lipoic acid

Lipoic acid ဟာ အမျိုသမီးတွေရဲ့ မျိုးပွားအင်္ဂါတွေကိုကာကွယ်ပေးတဲ့ အရေးကြီးတဲ့ antioxidantဖြစ်ပြီး သူတို့တွေဟာ သုတ်ပိုးရဲ့ အရည်အသွေးနဲ့ လှုပ်ရှားနိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။

ဗီတာမင် B6

ဗီတာမင် B6  ကတော့ အမျိုးသမီးတွေမှာ Luteal Phase Defect နဲ့ ဟော်မုန်းထုတ်လွှတ်ခြင်းကို မှန်ကန်စေပါတယ်။ Luteal Phase Defect ဆိုတာကတော့ ရာသီစက်ဝန်းကို မှန်ကန်စေတဲ့အခြေအနေပါ။

ဗီတာမင် B12

ဗီတာမင် B12 ကတော့ သားအိမ်နံရံတွေကိုသန်စွမ်းစေတာကြောင့် သန္ဓေအောင်နိုင်ချေတွေကို တိုးတက်စေပါတယ်။

ဖောလစ်အက်ဆစ်

ဗီတာမင်ဟာ မွေးရာပါချွတ်ယွင်းချက်တွေဖြစ်ခြင်းကိုကာကွယ်ပေးပြီး လမစေ့ဘဲမွေးဖွားခြင်း၊အချင်းကွာခြင်းနဲ့ preeclampsia စတဲ့ ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာတွေကိုကာကွယ်ပေးပါတယ်။

သံဓာတ်

သံဓာတ်မလုံလောက်ခြင်းဟာ မျိုးဥကျန်းမာရေးအားနည်းစေပြီး မျိုးဥကြွေတာမဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။

Selenium

ဥတွေနဲ့သုက်ပိုးတွေကို Free radicals တွေကနေ ကာကွယ်ပေးနိုင်တဲ့ antioxidant ပါ။

ဇင့်

ဇင့်ဓာတ်လုံလောက်ခြင်းဟာ သုက်ပိုးလယ်ဗယ်မြင့်စေပြီး သုတ်ပိုးအထီးရဲ့ စွမ်းရည်၊လုပ်ဆောင်ချက်နဲ့ ပုံသဏ္ဍာန်တွေကို တိုးတက်စေပါတယ်။

Essential fatty acid

Omega 3 အက်ဆစ်တွေက မျိုးအောင်ခြင်းကို အားပေးပြီး ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို မှန်ကန်စေ‌ကြောင်း Kalay ကနေ ‌ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles