ဇနီးမောင်နှံတွေ သတိမထားမိတဲ့ ကိုယ်ဝန်မရခြင်းပြဿနာများ

by: Nang Htwe
 0 comments  37 love

ဇနီးမောင်နှံတွေ သတိမထားမိတဲ့ ကိုယ်ဝန်မရခြင်းပြဿနာတွေ အများကြီးရှိပါတယ်။ ဇနီးမောင်နှံ(၂)ဦးစလုံး ကျန်းမာရေးစစ်ဆေးပေးတာက ကိုယ်ဝန်ရဖို့ အထောက်အကူပြုစေပါတယ်။

စုံတွဲတွေမှာ ကိုယ်ဝန်ရဖို့ အနည်းဆုံး (၆)လခန့် အချိန်ယူရပါတယ်။ တချို့စုံတွဲတွေမှာတော့ ဒီထက်မက ကြာနိုင်ပါတယ်။ စုံတွဲတိုင်းကတော့ တူညီမှာမဟုတ်ပါဘူး။ (၆)လလောက် အချိန်ယူရတဲ့ စုံတွဲတွေရှိနိုင်သလို အဲဒီထက်ကြာမြင့်နိုင်တဲ့ စုံတွဲတွေလည်းရှိပါတယ်။ ကိုယ်ဝန်ရဖို့ ခက်ခဲနေတဲ့ စုံတွဲတွေမှာတော့ ပြဿနာတွေ အများကြီးရှိနိုင်ပါတယ်။ ကိုယ်ဝန်မရတဲ့ ပြဿနာတွေက ဇနီးမောင်နှံ(၂)ဦးစလုံးမှာ တွေ့ရပါတယ်။ ဇနီးသည်မှာလည်း ပြဿနာရှိနိုင်သလို ခင်ပွန်းသည်မှာလည်း ပြဿနာတွေ ရှိနိုင်ပါတယ်။

စုံတွဲအများစုမှာ ကိုယ်ဝန်ရဖို့ အနည်းဆုံး (၆)လခန့် အချိန်ယူရပါတယ် (Photo by American Pregnancy Association)

ကိုယ်ဝန်ရဖို့ ခက်ခဲနေတဲ့ ပြဿနာတွေကတော့

  • အသက်အရွယ်ကြီးခြင်း
  • ဥပြွန်ပိတ်ဆို့ခြင်း
  • မမျိုးဥနည်းပါးခြင်း
  • ဟော်မုန်းပြဿနာရှိခြင်း
  • သုတ်ပိုးအရည်အသွေးမကောင်းခြင်း
  • သုတ်ပိုးနည်းပါးခြင်း
  • သားအိမ်ပြဿနာရှိခြင်း
  • သိုင်းရွိုက်ပြဿနာများ
  • ကင်ဆာ
  • ကျောက်ကပ်နဲ့
  • ဆီးချိုရောဂါတို့ပါ။

အမျိုးသားတွေမှာ တွေ့ရတဲ့ ပြဿနာတွေကတော့ သုတ်ပိုးမကောင်းတာနဲ့ ထုတ်လုပ်မှုစွမ်းရည် လျော့နည်းခြင်းပါပဲ။ ဒီလိုပြဿနာတွေက အမျိုးသားအနည်းစုမှာသာ တွေ့ရတာပါ။

အမျိုးသားတွေ့ရတဲ့ ပြဿနာတွေကတော့

  • ဝှေးစေ့မှာ ပြဿနာရှိခြင်း
  • ရောဂါကူးစက်ခြင်း
  • ကင်ဆာဖြစ်ခြင်း
  • မျိုးရိုးဗီဇချို့ယွင်းခြင်း
  • ပိတ်ဆို့ခြင်း
  • သုတ်လွှတ်ရာမှာ ပြဿနာရှိခြင်းနဲ့
  • အသက်ရှုလမ်းကြောင်းတွင် ပိုးဝင်တဲ့ မျိုးရိုးဗီဇရောဂါရှိခြင်း စတာတွေက ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။

အမျိုးသားတွေမှာ တွေ့ရတဲ့ ပြဿနာတွေကတော့ သုတ်ပိုးမကောင်းတာနဲ့ ထုတ်လုပ်မှုစွမ်းရည် လျော့နည်းခြင်းပါပဲ (Photo by Healthista)

အမျိုးသမီးတွေမှာ တွေ့ရတဲ့ ပြဿနာများ

  • ဥပြွန်ပိတ်ဆို့ခြင်း
  • အဝလွန်ခြင်း
  • မမျိုးဥ အရေအတွက် နည်းပါးခြင်း
  • သားအိမ်ပြဿနာရှိခြင်း
  • ဟော်မုန်းမညီမျှခြင်း
  • အသက်အရွယ်ကြီးခြင်းနဲ့
  • စိတ်ဖိစီးမှုများခြင်းတို့က ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။

ပြဿနာတွေအတွက် ဇနီးမောင်နှံ(၂)ဦးစလုံး ပြုလုပ်ပေးရမှာက

  • စိတ်ဖိစီးမှုတွေကို လျော့ချခြင်း
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုစားခြင်း
  • သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာနေထိုင်ခြင်း
  • ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
  • ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို ရှောင်ရှားခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။

ကိုယ်ဝန်ရဖို့ ခက်ခဲနေတယ်ဆိုရင်တော့ ဇနီးမောင်နှံ(၂)ဦးစလုံး ဆရာဝန်တွေဆီမှာ သွားရောက်ပြသပေးပြီး ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x