ချောဆီအသုံးပြုတာက ကိုယ်ဝန်မရခြင်းရဲ့ ပြဿနာတစ်ခုလား

by: Nang Htwe
 0 comments  4 love

ဇနီးမောင်နှံတွေ အတူတူနေတဲ့အခါမှာ ချောဆီအသုံးပြုတာက ကိုယ်ဝန်မရတဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်လား။ နောက်ဆက်တွဲအနေနဲ့ တခြားဘာပြဿနာတွေ ဖြစ်လာနိုင်သေးလဲ။

ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ ဇနီးမောင်နှံတွေမှာ ကွန်ဒုံးအသုံးပြုတာကို လျော့ချလိုက်ပေမယ့်လည်း ချောဆီအသုံးပြုနေတာက ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကျွမ်းကျင်သူတွေက ကိုယ်ဝန်ယူဖို့ ကြိုးစားနေသူတွေကို ဗီတာမင်ဆေးတွေ သောက်ဖို့ ညွှန်ကြားပေမယ့်လည်း ချောဆီအသုံးပြုတာကို ရပ်ဖို့ မညွှန်ကြားကြပါဘူး။ ဇနီးမောင်နှံတွေအနေနဲ့ ကိုယ်မရတဲ့ ပြဿနာတွေကို အမျိုးမျိုးရှာဖွေကြပေမယ့်လည်း မတွေ့ကြပါဘူး။ လိင်ဆက်ဆံတဲ့အခါမှာ မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ရင် ချောဆီကို အသုံးပြုစရာမလိုပါဘူး။ ကျွမ်းကျင်သူတွေရဲ့ ပြောပြချက်အရ လိင်ဆက်ဆံတဲ့အခါမှာ ချောဆီကို အသုံးပြုတာက သုတ်ပိုးတွေကို သေစေပါတယ်။

ချောဆီက မမျိုးဥနဲ့ သားအိမ်ခေါင်းအကျိအချွဲတွေဆီကို ရောက်လာမယ့် သုတ်ပိုးတွေရဲ့ စွမ်းရည်ကို ထိခိုက်စေပါတယ် (Photo by giadinh)

ကိုယ်ဝန်မရတဲ့ ပြဿနာတွေထဲက ချောဆီရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေက ဘာဖြစ်လာနိုင်မလဲ။ Kalay ကနေ ဖော်ပြပေးမှာမို့ ဆက်ပြီးဖတ်ပေးပါဦးနော်။

သုတ်ပိုးတွေကို သေစေနိုင်တာကြောင့် ချောဆီကို မသုံးသင့်ပါ

ချောဆီက မမျိုးဥနဲ့ သားအိမ်ခေါင်းအကျိအချွဲတွေဆီကို ရောက်လာမယ့် သုတ်ပိုးတွေရဲ့ စွမ်းရည်ကို ထိခိုက်စေပါတယ်။ သုတ်ပိုးတွေရဲ့ စွမ်းရည်ကို ထိခိုက်စေတဲ့အတွက် အချိန်ကြာလာတဲ့အခါမှာ ကိုယ်ဝန်မရတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ ချောဆီအသုံးပြုခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အိမ်ထောင်ဖက် အမျိုးသမီးတွေမှာ သဘာဝချောဆီတွေ နည်းလာခြင်းပါပဲ။ အိမ်ထောင်ဖက်ကို ရင်းရင်းနှီးနှီးနေပေးတာက သဘာဝချောဆီတွေ ထွက်လာဖို့ အကောင်းဆုံး နည်းလမ်းပါ။

လိင်ဆက်ဆံတဲ့အခါမှာ မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ရင် ချောဆီကို အသုံးပြုစရာမလိုပါဘူး (Photo by Health Goes Female)

သုတ်ပိုးတွေကို ဆုံးရှုံးစေနိုင်

ချောဆီက သုတ်ပိုးတွေရဲ့ စွမ်းရည်ကိုလျော့နည်းစေရုံသာမက သေစေတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ချောဆီက အမျိုးသမီးလိင်အင်္ဂါကို အပြောင်းအလဲဖြစ်စေတာကြောင့် သုတ်ပိုးတွေ သေဆုံးရခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်မရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ ချောဆီကို အသုံးပြုတာလျော့ပြီး သဘာဝချောဆီထွက်အောင် ကြိုးစားပေးပါ။ သုတ်ပိုးအရည်သွေး ပျက်စီးဆုံးရှုံးမှုမရှိအောင်လို့ စုံတွဲတွေအနေနဲ့ ချောဆီအသုံးပြုတာ လျော့ချပေးတာက ကိုယ်ဝန်မရတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: DamageLubricantssperm


Comments

0 comments
Latest video
Refer to more useful articles
x