ဆီးချိုရောဂါရှိသူတွေ ကိုယ်ဝန်ရနိုင်လား

by: Nang Htwe
 0 comments  1 love

ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ကြိုတင်ပြင်ဆင်မှုတွေမပြုလုပ်ဘူးဆိုရင် ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့အခါမှာ စိန်ခေါ်မှုတွေ တိုးလာစေပါတယ်။

ဆီးချိုရောဂါ အများဆုံး ဆိုးကျိုးသက်ရောက်တာကတော့ ကျောက်ကပ်၊ မျက်စိနဲ့ အာရုံကြောတို့ပါ။ ဒီအင်္ဂါရပ်တွေမှာ ဆီးချိုရောဂါသက်ရောက်နေပြီဆိုရင် အမြန်ဆုံးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့ စုံတွဲတွေ ကိုယ်ဝန်ရဖို့ ခက်ခဲစေလား။ ဒီမေးခွန်းကတော့ ကိုယ်ဝန်ယူမယ့် စုံတွဲတွေအတွက် စိတ်ဖိစီးမှုတွေဖြစ်လာစေပါတယ်။ စိတ်ဖိစီးမှုတွေက ဘာတွေဖြစ်မလဲ။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ရခဲ့မယ်ဆိုရင် သန္ဓေသားလောင်းလေးကို ထိခိုက်စေမလားဆိုတဲ့ အတွေးကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ရတာပါ။  အကာအကွယ်တွေကို ကြိုတင်ပြုလုပ်ထားမယ်ဆိုရင် ဆီးချိုရောဂါက သန္ဓေသားကို မထိခိုက်ပါဘူး။

ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ကြိုတင်ပြင်ဆင်မှုတွေမပြုလုပ်ဘူးဆိုရင် ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့အခါမှာ စိန်ခေါ်မှုတွေ တိုးလာစေပါတယ် (Photo by Diabetes Australia)

ဆီးချိုရောဂါက ကိုယ်ဝန်ရဖို့ ဘာကြောင့်ခက်တာလဲ

ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ကြိုတင်ပြင်ဆင်မှုတွေမပြုလုပ်ဘူးဆိုရင် ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့အခါမှာ စိန်ခေါ်မှုတွေ တိုးလာစေပါတယ်။ မြင့်မားတဲ့ ဂလူးကိုစ့်တွေက အီစရိုဂျင်ဟော်မုန်းမညီတာတွေဖြစ်စေပြီး မျိုးပွားခြင်းကို ထိခိုက်စေပါတယ်။ ရာသီမမှန်တာတွေဖြစ်လာပြီး သားအိမ်နံရံကလည်း စနစ်မကျတာကိုတွေ့ရပါတယ်။ ကာကွယ်မှုတွေ မလုပ်ထားဘူးဆိုရင် ကိုယ်ဝန်ရခဲ့ရင်တောင် ပျက်ကျနိုင်ခြေများပါတယ်။

ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ကြိုတင်ပြင်ဆင်မှုတွေမပြုလုပ်ဘူးဆိုရင် ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့အခါမှာ စိန်ခေါ်မှုတွေ တိုးလာစေပါတယ် (Photo by conceiveplus)

ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်လား

အတိုဆုံးဖြေရရင်တော့ ကိုယ်ဝန်ရနိုင်ပါတယ်။ သာမန်ကျန်းမာတဲ့ အမျိုးသမီးတွေလိုတော့ လွယ်လွယ်ကူကူတော့မဟုတ်နိုင်ပါဘူး။ ကျန်းမာရေးကို သာမန်ထက်ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို အမြဲတိုင်းတာပေးဖို့ လိုအပ်ပါတယ်။ ဆီချိုရောဂါက ကိုယ်ဝန်ရဖို့ ခက်ခဲတာကြောင့် ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲပေးရမှာပါ။ အစားအသောက်ကို စီမံခန့်ခွဲတာနဲ့ နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

ဖော့လစ်အက်ဆစ်ကို နေ့စဉ်သောက်သုံးပေးတာကလည်း

ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ရဖို့ အထောက်အကူပြုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ရန်လိုအပ်ပြီး ဆရာဝန်နဲ့ပြသပေးဖို့လိုအပ်ပါတယ်။ ကျွမ်းကျင်သူတွေနဲ့ အပြန်အလှန်လုပ်ဆောင်တာက ဆီးချိုရောဂါကို သက်သာအောင် စီမံခန့်ခွဲနိုင်ပြီး ကိုယ်ဝန်ရဖို့ အခွင့်အလမ်းတွေ ရရှိစေပါတယ်။ ဆီးချိုရောဂါကို ကြိုတင်ကာကွယ်မှုတွေ မပြုလုပ်ဘူးဆိုရင် ကိုယ်ဝန်ရဖို့လည်း အခက်အခဲတွေရှိလာစေတဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်ကော ကလေးကိုပါ အန္တရာယ်တွေရှိစေပါတယ်။

ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေက သာမန်အမျိုးသမီးတွေထက် ကိုယ်ဝန်ရဖို့ အခက်အခဲတွေပိုရှိနိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေနဲ့ ကုသမှုတွေခံယူပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x