ဘာကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲနေတာလဲ

by: Phyo Pyae Thu
 3 comments  123 love

ကိုယ်ဝန်ရဖို့ ခက်ခဲတယ်ဆိုတာဟာ မျိုးမအောင်နိုင်ခြင်းပါပဲ။ မျိုးအောင်နိုင်ဖို့ဆိုတာကလည်း သုတ်ပိုးနဲ့ မမျိုးဥလေးတွေ အချိန်မီ တွေ့ဆုံနိုင်မှ ဖြစ်မှာပါ။

ကိုယ်ဝန်ရဖို့ ခက်ခဲတယ်ဆိုတာဟာ မျိုးမအောင်နိုင်ခြင်းပါပဲ။ မျိုးအောင်နိုင်ဖို့ဆိုတာကလည်း သုတ်ပိုးနဲ့ မမျိုးဥလေးတွေ အချိန်မီ တွေ့ဆုံနိုင်မှ ဖြစ်မှာပါ။ သုတ်ပိုးအားမကောင်းတာနဲ့ မမျိုးဥလေးတွေ မကြွေတာ မဖြစ်ဖို့အတွက် ကုသလို့ ရနိုင်တဲ့ အချက်တွေ ရှိပါတယ်။ ဘာတွေလဲဆိုတာ Kalay မှ ပြောပြပေးမှာမို့ ဖတ်ကြည့်ပါဦးနော်။

ကိုယ်ဝန်ရဖို့ ခက်ခဲတယ်ဆိုတာဟာ မျိုးမအောင်နိုင်ခြင်းပါပဲ (Photo by Gedubar.com)

ဖေဖေလောင်းတို့မှာဖြစ်တဲ့ မျိုးမအောင်ခြင်းဟာ သုတ်ပိုးကြောင့်ပါပဲ

ဖေဖေလောင်းတို့ တစ်ကြိမ်ထုတ်လိုက်တဲ့ သုတ်ရည်မှာ သုတ်ပိုးတွေ သန်းနဲ့ချီကာ ပါရှိပြီး တစ်ကောင်တည်းကသာ မျိုးအောင်ဖို့ စွမ်းဆောင်နိုင်တာပါ။ သန်းချီတဲ့ သုတ်ပိုးထဲမှာ တစ်ကောင်လောက်တောင် အရည်အသွေးမပြည့်မီဘူးဆိုရင်တော့ မျိုးမအောင်နိုင်ပါဘူး။ ဖြစ်နိုင်တာကတော့ ပုံမှန်မဟုတ်တဲ့ သုတ်ပိုးတွေ၊ သုတ်ပိုးအရေအတွက်နည်းတာတွေ ဒါမှမဟုတ် သုတ်ရည်ထဲမှာ သုတ်ပိုးလုံးဝမပါတာတွေ ဖြစ်နိုင်ပါတယ်။ မေမေလောင်းတွေမှာတော့ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပြီး မမျိုးဥ မကြွေတာ၊ မမျိုးဥ အချိန်မှန်မှန် မကြွေတာတွေက မျိုးမအောင် စေပါဘူး။

မေမေလောင်းတွေမှာတော့ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပြီး မမျိုးဥ မကြွေတာ၊ မမျိုးဥ အချိန်မှန်မှန် မကြွေတာတွေက မျိုးမအောင် စေပါဘူး (Photo by elperiodicoweb.)

မျိုးမအောင်ခြင်းကို သိပ္ပံနည်းကျ ကုသလို့ ရနိုင်ပါတယ်။ ဒီနည်းလမ်းတွေက ကိုယ်ဝန်ရဖို့ အထောက်အကူပြုမှာပါ။

In Vitro Fertilization – IVF

မျိုးဥတစ်ခုတည်းက သုက်ပိုးတွေအတွက် မလုံလောက်ရင် IVF နည်းလမ်းနဲ့ ဖြေရှင်းလို့ရပါတယ်။ ဥတွေကို အမျိုးသမီးရဲ့ သားအိမ်ထဲထည့်ပြီး သန္ဓေအောင်နိုင်ဖို့ အခွင့်အလမ်းတွေကို မြှင့်တင်ပေးလိုက်တာပါ။ တကယ်လို့ မျိုးဥက မျိုးအောင်ပြီဆိုရင် အမျိုးသမီးရဲ့ သားအိမ်ထဲကို ထည့်လိုက်ပါတယ်။ ဒီနည်းလမ်းရဲ့ လမ်းစဉ်တွေမှာ မျိုးဥတွေအများကြီးသုံးတဲ့အတွက် ကလေးတစ်ယောက်ထက်ပိုပြီး ရနိုင်ချေများပါတယ်။

Intracytoplasmic Sperm Injection – ICSI

သုတ်ပိုးတွေကို ဥဆီရောက်အောင် သဘာဝ နည်းလမ်းအတိုင်း ပို့မယ့်အစား စမ်းသပ်ခန်းထဲမှာပဲ ဥထဲကို သုက်ပိုးတွေထိုးထည့်လိုက်တာပါ။ မျိုးအောင်ပြီးဥကိုတော့ အမျိုးသမီးရဲ့ သားအိမ်ထဲကိုထည့်လိုက်ပါတယ်။ အပြင်မှာ မျိုးအောင်လိုက်တဲ့ သဘောပါ။  ဒီနည်းလမ်းရဲ့ကောင်းကျိုးကတော့ သုတ်ပိုးက မမျိုးဥဆီ ထိုးဖောက်ဝင်ရောက်နိုင်ပါ့မလား စိတ်ပူစရာ မလိုတော့ဘဲ မျိုးအောင်နိုင်ဖို့ တစ်ခုတည်းကိုသာ စောင့်ရတော့မှာမျိုးပါ။

ဒီနည်းလမ်းနှစ်ခုကတော့ သဘာဝအတိုင်း ကိုယ်ဝန်ရဖို့ မလွယ်ဘူးဆိုတဲ့ ဖေဖေလောင်း မေမေလောင်းတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပြုလုပ်လို့ ရနိုင်မယ့် နည်းလမ်းတွေပါ။

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles