ကလေးရနိုင်မယ့် သုတ်တွေ မပျက်စီးဖို့

by: Phyo Pyae Thu
 0 comments  22 love

မျိုးအောင်နိုင်ပြီး ကလေးရနိုင်ဖို့ဆိုတာ သုတ်ပိုးတွေ မပျက်စီးမှ ဖြစ်မှာပါ။ သုတ်ပိုးတွေရဲ့ အရည်အသွေး၊ အရေအတွက်တွေ လျှော့နည်းသွားလို့ မရပါဘူး။

မျိုးအောင်ခြင်းကို မထိခိုက်စေဖို့အတွက် သုတ်ပိုးလေးတွေကို ကောင်းအောင် ထားဖို့ လိုပါတယ်  (Photo: Pulse.com.gh)

ဖေဖေလောင်းလေးတို့ရေ မျိုးအောင်နိုင်ပြီး ကလေးရနိုင်ဖို့ဆိုတာ သုတ်ပိုးတွေ မပျက်စီးမှ ဖြစ်မှာပါ။ သုတ်ပိုးတွေရဲ့ အရည်အသွေး၊ အရေအတွက်တွေ လျှော့နည်းသွားလို့ မရပါဘူး။ သုတ်ပိုးလေးတွေ အားနည်းသွားမယ်ဆိုရင် မမျိုးဥဆီ ရောက်အောင်မသွားနိုင်တော့ဘဲ မျိုးအောင်နိုင်ခြေ အရမ်းကို လျှော့နည်းသွားပါပြီ။ ဒီတော့ မျိုးအောင်ခြင်းကို မထိခိုက်စေဖို့အတွက် သုတ်ပိုးလေးတွေကို ကောင်းအောင် ထားဖို့ လိုပါတယ်။ သုတ်ပိုးလေးတွေ မပျက်စီးစေဖို့ အနေအထိုင်၊ အစားအစာ အားလုံး ဂရုစိုက်ရမှာပါ။ သုတ်ပိုးလေးတွေကို ပျက်စီးစေတဲ့ အစားအစာတွေ ရှိပါတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

သုတ်ပိုးလေးတွေကို ပျက်စီးစေတဲ့ အစားအစာတွေ ရှိပါတယ် (Photo: Pulse.com.gh)

အသင့်စား အစားအစာများ

အဆီဓါတ်များတဲ့ အစားအစာတွေထဲမှာ အသင့်စား အစားအစာတွေလည်း ပါဝင်ပါတယ်။ ဒီလိုမျိုး အသင့်စား အစားအစာတွေဟာ သုတ်ပိုးအရေအတွက်ရော အရည်အသွေးကိုပါ ကျဆင်းစေတာပါ။ ဒီတော့ ကိုယ်ဝန်ရချင်တယ်ဆိုရင် မျိုးအောင်နိုင်ဖို့အတွက် အသင့်စား အစားအစာတွေကို ရှောင်ရပါမယ်။

ဆီကြော်အစားအစာများ

ဖေဖေလောင်းလေးတို့ရေ ကြော်ထားတဲ့ အစားအစာတွေနဲ့ အဆင့်ဆင့် ပြုပြင်ထားတဲ့ အသားတွေဟာ သုတ်ပိုးအရေအတွက် ကျဆင်းခြင်းကို ဖြစ်စေပါတယ်။ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ဆလာမီ၊ ကြပ်တိုက်ထားတဲ့ စားစရာများ၊ ၀က်အူချောင်း စတာတွေ စားသုံးတဲ့ အမျိုးသားများဟာ သုတ်ပိုးအရေအတွက် လေးပုံတစ်ပုံကျဆင်းတယ်လို့ သုတေသနတခုမှာ ဆိုထားပါတယ်။ ကြော်ထားတဲ့ စားစရာတွေဟာ တက်စ်တိုစထရုန်းဓာတ် ပမာဏကို လျော့နည်းစေနိုင်ပြီး သုတ်ပိုးရဲ့ အရည်အသွေးကို ကျစေတဲ့အပြင် ပုံမှန်မဟုတ်တဲ့ သုတ်ပိုးတွေ ဖြစ်ပေါ်စေပါတယ်။

စည်သွပ်ဗူးများ

စည်သွပ်စားစရာများဟာ BPA ဓာတ်ရဲ့ အကြီးဆုံး အရင်းအမြစ်တခုဖြစ်ပါတယ်။ အဲဒီဓာတ်ကို စည်သွပ်ဗူး ထုတ်လုပ်ရာမှာ သုံးပါတယ်။ ဆီးထဲမှာ BPA ပမာဏ မြင့်တက်ခြင်းဟာ ဖေဖေလောင်းတို့ရဲ့ သုတ်ပိုး ပုံမှန် စွမ်းဆောင်ရည်ထက် ကျဆင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ စည်သွပ်စားစရာတွေကို လုံးဝ ရှောင်ကြဉ်စရာတော့ မလိုပါဘူး။ အများကြီး မစားသင့်တာပါ။

ဖေဖေလောင်းတို့ရေ သုတ်ပိုးလေးတွေ ပုံသဏ္ဍန်ယိုယွင်းတာက သန္ဓေသားလေးရဲ့ ဗီဇကိုပါ ယိုယွင်းစေတာမို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x