အရက်သောက်တာနဲ့ မျိုးမအောင်တာ ဆက်စပ်နေလား

by: Phyo Pyae Thu
 0 comments  0 love

အရက်သောက်ရင်းနဲ့ ကလေးရတဲ့သူတွေလည်း ရှိတာမို့ အရက်မသောက်ရင် ကလေးရနိုင်တယ်လို့တော့ မဆိုနိုင်ပေမယ့် အရက်သောက်ခြင်းကြောင့် မျိုးမအောင်တာတော့ ဖြစ်နိုင်ပါတယ်။

အရက်သောက်တာက မျိုးအောင်နိုင်ဖို့ ထိခိုက်စေနိုင်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ အရက်သောက်ရင်းနဲ့ ကလေးရတဲ့သူတွေလည်း ရှိတာမို့ အရက်မသောက်ရင် ကလေးရနိုင်တယ်လို့တော့ မဆိုနိုင်ပေမယ့် အရက်သောက်ခြင်းကြောင့် မျိုးမအောင်တာတော့ ဖြစ်နိုင်ပါတယ်။

သုတ်ပိုးတွေကို ထိခိုက်စေနိုင်ပါတယ် (Photo by JOE.ie)

လိင်ဆက်ဆံခြင်း

အရက်သောက်ပြီးတဲ့အခါမှာ လိင်ဆက်ဆံခြင်းနဲ့ သုတ်ထွက်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အရက်သောက်ခြင်းကြောင့် သုတ်ပိုးလေးတွေရဲ့ မျိုးရိုးဗီဇကို ပျက်စီးစေနိုင်ပြီး အရေအတွက်နဲ့ အရည်အသွေးကိုပါ လျော့ကျစေနိုင်ပါတယ်။ ဒီလို သုတ်ပိုးလေးတွေရဲ့ အရည်အသွေးလေးတွေ လျော့ကျခြင်းဟာ မမျိုးဥလေးတွေဆီ ရောက်အောင် မသွားနိုင်တော့တာကြောင့် သန္ဓေမအောင်တာတွေ ဖြစ်နိုင်ပါတယ်။

မမျိုးဥကြွေခြင်း

အမျိုးသမီးတွေမှာဆိုရင်တော့ အရက်သောက်ခြင်းဟာ ဟော်မုန်းတွေကို အပြောင်းအလဲ ဖြစ်စေနိုင်ပြီး မမျိုးဥကြွေခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ တချို့တွေမှာဆိုရင် မမျိုးဥကြွေတဲ့ရက်ဟာ ပုံမှန်မဟုတ်တော့ဘဲ တချို့တွေမှာတော့ မမျိုးဥ မကြွေတာတွေတောင် ရှိနိုင်ပါသေးတယ်။

အရက်သောက်ခြင်းဟာ ဟော်မုန်းတွေကို အပြောင်းအလဲ ဖြစ်စေနိုင်ပြီး မမျိုးဥကြွေခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ် (Photo by YouTube)

အရက်လျော့သောက်ရန်

မေမေလောင်းရော ဖေဖေလောင်းရော ကိုယ်ဝန်ရရှိနိုင်ဖို့အတွက် အရက်သောက်တာကို လျော့ချပစ်ရပါမယ်။ နောက်တစ်ခုကတော့ ကျန်းမာအောင် နေရပါမယ်။ ကိုယ်ဝန်ဆောင်ချင်တယ်ဆိုရင် လိုအပ်တဲ့ ကျန်းမာရေး ကောင်းမွန်မှုတွေနဲ့ သားအိမ်အားကောင်းဖို့တွေ လိုပါတယ်။ သားအိမ်အားကောင်းစေမယ့် အစားအစာနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ရပါမယ်။ နောက်တစ်ခုတော့ ခန္ဓာကိုယ် ကိုယ်ခံအား ကောင်းစေနိုင်မယ့် အစားအစာနဲ့ အားကစားတွေ များများ လုပ်ဆောင်ဖို့ လိုတယ်နော်။

ဘေးထွက်ဆိုးကျိုး

ကိုယ်ဝန်ဆောင်နေစဉ်မှာ အရက်သောက်တာကလည်း ကလေးရဲ့ ဥာဏ်ရည်နဲ့ ဖွံ့ဖြိုးမှုတွေကို နှောင့်နှေးစေပါသေးတယ်။  တပတ်ကို ငါးခွက်နဲ့အထက် သောက်မယ်ဆိုရင် ကိုယ်ဝန်ရနိုင်ချေ နည်းနည်း ခက်သွားနိုင်ပါပြီ။ (၁၀) ခွက်နဲ့အထက်ဆိုရင်တော့ ကိုယ်ဝန်ရတဲ့အခါ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။  ဒါကြောင့် ကိုယ်ဝန် မြန်မြန် ရနိုင်ဖို့အတွက် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

From Kalay with


Comments

0 comments
Latest video