ကလေးရနိုင်မယ့် သုတ်ပိုးလေးတွေ ဖြစ်လာစေဖို့

by: Phyo Pyae Thu
 0 comments  1 love

ကလေးလေး ရနိုင်ဖို့ဆိုရင် ကျန်းမာတဲ့ သားအိမ်နဲ့ သုတ်ပိုးရှိရပါမယ်။ သားအိမ်က မမျိုးဥပုံမှန်ကြွေရမှာ ဖြစ်ပြီး သုတ်ပိုးလေးနဲ့ တွေ့ဆုံနိုင်ရပါမယ်။

ဖေဖေ မေမေတို့ရေ ကလေးလေး ရနိုင်ဖို့ဆိုရင် ကျန်းမာတဲ့ သားအိမ်နဲ့ ကျန်းမာတဲ့ သုတ်ပိုးရှိရပါမယ်။ နောက်ပြီး သားအိမ်က မမျိုးဥပုံမှန်ကြွေရမှာ ဖြစ်ပြီး သုတ်ပိုးလေးနဲ့ တွေ့ဆုံနိုင်မယ့် အခြေအနေ ဖြစ်ရပါမယ်။ ဒါမှ ကလေးရနိုင်မှာပါ။ ဒီတော့့ ကလေးမရနိုင်မယ့် သုတ်ပိုး မဖြစ်အောင် ဂရုစိုက်ရပါမယ်။ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။

ဆရာဝန်ဆီမှာ ကြိုတင်စစ်ဆေးတာတွေ လုပ်ပါ  (photo: Cleveland Clinic Health Essentials)

ကလေးမရနိုင်တဲ့ သုတ်ပိုးမဖြစ်စေဖို့

မေမေတို့ပဲ ကိုယ်အလေးချိန် ဂရုစိုက်ရမှာ မဟုတ်ပါဘူး။ ဖေဖေတို့လည်း အလေးချိန်ကို ဂရုစိုက်ရပါမယ်။ ကိုယ်အလေးချိန် နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်းဟာ သုတ်ပိုးအပေါ် သက်ရောက်စေတဲ့အပြင် လိင်ဆက်ဆံခြင်း စွမ်းရည်ကို လျော့ကျပေါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးခြင်းနဲ့ လေ့ကျင့်ခန်း မှန်မှန် လုပ်ခြင်းက ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရရှိစေပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အဆီနည်းပရိုတိန်းတွေဟာ ဖေဖေတို့အတွက် အရည်အသွေးအကောင်းဆုံး သုတ်ပိုးတွေကို ထုတ်ပေးနိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Image result for sparm

ဆေးလိပ်နဲ့ အရက်သောက်တာကလည်း သုတ်ပိုး မရွေ့လျားနိုင်အောင် တားဆီးထားပါတယ် (Photo by Live Science)

ဆေးလိပ်နဲ့ အရက်သောက်တာကလည်း သုတ်ပိုး မရွေ့လျားနိုင်အောင် တားဆီးထားပါတယ်

ဒါကြောင့် လျော့သောက်ရပါမယ်။ သုတ်ပိုးလေးတွေ မမျိုးဥဆီ အရောက်ကူးခတ်နိုင်ဖို့အတွက် ဆေးလိပ်၊ အရက်ဖြတ်ရပါမယ်။ မမျိုးဥ ဘယ်လောက်ကြွေကြွေ သုတ်ပိုးရောက်အောင် မသွားနိုင်ရင် ကလေးမရနိုင်ပါဘူး။

ဆရာဝန်ဆီမှာ ကြိုတင်စစ်ဆေးတာတွေ လုပ်ပါ

ကျန်းမာတဲ့ သုတ်ပိုးဖြစ်မဖြစ် ဆရာဝန်ဆီမှာ စစ်ဆေးကြည့်ပါ။ အရေအတွက် မနည်းစေဖို့ နည်းလမ်းကောင်းတွေ ရယူပါ။ ဆရာဝန်က ဆေးညွှန်ကြားတာ၊ ကိုယ်ဝန်ရနိုင်အောင် လမ်းညွှန်တာမျိုး လုပ်ပေးနိုင်မှာပါ။ ဖေဖေတို့ အမျိုးသားအင်္ဂါကို ပူအောင်၊ နွေးနေအောင် မထားပါနဲ့။ အေးအောင်ထားရပါမယ်။ ဒီလိုမှ ကျန်းမာတဲ့ သုတ်ပိုးရရှိနိုင်မှာပါ။ ကျန်းမာတဲ့ သုတ်ပိုးဖြစ်မှသာ မမျိုးဥလေးနဲ့ တွေ့ဆုံပြီး ကိုယ်ဝန်ရနိုင်မှာပါ။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x