ဆေးရုံယူသွားရမယ့်ပစ္စည်းစာရင်း

by: Yhoon Hnin
 0 comments  8 love

ဆေးရုံသွားရင် ဘာတွေယူသွားရမလဲ။ လိုအပ်တဲ့ ပစ္စည်း အစုံအလင်

မီးဖွားနေတဲ့အချိန်နဲ့ မွေးပြီးရင်လိုတဲ့ ပစ္စည်းတွေကို စုထားဖို့ အချိန်ရောက်ပြီ။ ဆေးရုံမှာ မွေးဖို့ စီစဉ်မထားရင်တောင် မထင်မှတ်ပဲ သွားရတတ်တာမို့ ကိုယ်ဝန်က ၃၆ ပတ် (၈ လ) ထဲရောက်ရင် လိုတာလေးတွေကို ကြိုတင် ထုတ်ပိုးပါ။

ဆေးရုံတစ်ခုနဲ့ တစ်ခုကတော့ မတူဘူးပေါ့။ ယူသွားလို့ရတာတွေလည်း မတူကြဘူး။ သင့်ကိုယ်ပိုင် ခေါင်းအုံးလေးတွေကို ယူသွားချင်ပါလိမ့်မယ်။ တချို့ဆေးရုံတွေက ကျဉ်းတယ်ဆိုတာလည်း သိထားရမယ်။

ဒါကြောင့် သင်က အထုတ် နှစ်ထုတ် ပြင်ထားပါ။ တစ်ထုတ်က မွေးခန်းဝင်တဲ့ချိန်နဲ့ မွေးပြီးပြီးချင်း သုံးဖို့ အတွက်၊ တစ်ထုတ်က မွေးပြီးလို့ ဆေးခန်းမှာ နေတဲ့ချိန် အတွက် ဆိုပြီးတော့ပေါ့။ တကယ်လို့ သင်က ကိုယ်ပိုင်ကားနဲ့ ဆေးရုံသွားမယ်ဆိုရင် နောက် တစ်ထုတ်ကို ကားထဲ ချန်ခဲ့လို့ရတယ်။ သင်က ရောက်ရောက်ချင်းမွေးနိုင်ပြီး ဆေးရုံက တန်းဆင်းနိုင်ရင်တော့ နောက်တစ်ထုတ် မလိုတော့ဘူးပေါ့။

မွေးခန်းဝင်တဲ့ချိန်အတွက် ဘာတွေထည့်ရမလဲ။

မွေးခန်းဝင်တဲ့မေမေ့တစ်ယောက်ရဲ့မှတ်စုတို –

  • ညဝတ်ဂါဝန်တွေ ယူသွားပါ။ မွေးခန်းမဝင်ခင် ဆေးရုံမှာ တန်းစီနေတဲ့အချိန်ဆို လိုအပ်တယ်။
  • မွေးပြီးရင်လည်း တစ်ထည်လိုပါတယ်။ ဆေးရုံမှာဆို ပူတတ်လို့ ပါးတာကို ရွေးယူသွားပါ။ အရောင်မှိုင်းမှိုင်းနဲ့ အကွက်တွေက အစွန်းရာကို သိပ်မသိသာစေဘူး။
  • နောက်ပိတ်မပါတဲ့ ကွင်းထိုးဖိနပ်တွေကို ယူသွားပါ။
  • ခြေအိတ်တွေမမေ့နဲ့။ မီးဖွားနေတုန်း ခြေထောက်တွေ အေးတတ်တယ်နော်။
  • ညဝတ်အင်္ကျီဟောင်းတွေ တီရှပ် ဟောင်းတွေ ယူသွားပါ။ အများအားဖြင့် ပေပွနေတတ်လို့ ဆေးရုံမှာ ဝတ်ဖို့ဆိုပြီး သီးသန့် ဝယ်မနေပါနဲ့။
  • လိမ်းဆေး နဲ့ လိုးရှင်းတွေ လိုရင် ယူသွားပါ။
  • Birth ball ယူသွားပါ။ Birth ball နဲ့ က မွေးရတာ လွယ်ကူစေတယ်။ သင့်အတွက် အဆင်ပြေတဲ့ အရွယ်အစားတွေ ရှိလားဆိုတာ ကြိုသိအောင်လုပ်ထားပါ။ မရှိရင်တော့ ကိုယ်ပိုင် Birth ball ယူသွားပါ။ Birth ball အတွက် လေထိုးတံလည်း ထည့်သွားဖို့ မမေ့ပါနဲ့။
  • နှုတ်ခမ်းအဆီ ယူသွားပါ။
  • စားစရာ သောက်စရာတွေကိုလည်း ထည့်သွားပါ။ ဓာတ်ဆားရေတွေနဲ့ သကြားခဲတွေကိုလည်း ဆောင်သွားပါ။ အပျင်းပြေ စာအုပ်၊ မဂ္ဂဇင်း သို့မဟုတ် tablet တွေကိုယူသွားပါ။
  • ခေါင်းစည်းကွင်း နဲ့ ကလစ်တွေလည်း ယူသွားပါ။ ဆံပင်ရှည်ရင်တော့ ချည်ထားရမှာပေါ့။
  • ခေါင်းအုံးတွေလည်း ယူသွားနိုင်တယ်။ ဆေးရုံမှာ ခေါင်းအုံးတွေ လောက်ချင်မှလောက်မယ်လေ။ V-shaped ခေါင်းအုံးတွေက နို့တိုက်တာမှာ အဆင်ပြေစေတယ်။
  • အကိုက်အခဲသက်သာဖို့ TENS စက်။
  • သီချင်းနားထောင်ဖို့ MP3 နဲ့ CDs နဲ့ ဖွင့်ဖို့စက်ကိုလည်း ယူသွားပါ။ တချို့ဆေးရုံတွေက သီချင်းနားထောင်လို့ရတဲ့ စက်တွေထားပေးတယ်။ ရှိမရှိတော့ ကြိုတင်စုံစမ်းရမယ်။

လူနာစောင့်က ဘာတွေ ယူသွားရမလဲ။

  • သင်ကလေးမွေးလို့ အိုက်ရင် ရေဖြန်းဖို့ spray ဗူး နဲ့ လက်ကိုင် ပန်ကာအသေးလေးကို ဆောင်ခိုင်းပါ။
  • သက်တောင့်သက်သာရှိမယ့် ဖိနပ်တွေကို ယူခိုင်းပါ။ သူတို့က ဟိုပြေးဒီပြေး လုပ်ရမယ်ဆိုတော့။
  • အဝတ်ပိုတွေကို ထည့်ခိုင်းပါ။ ရေမချိုးရရင်တောင် အဝတ်လဲလို့ရတာပေါ့။ လိုအပ်ရင် ရေကူးဝတ်စုံ။
  • ဖုန်း နဲ့ အားသွင်းကြိုး၊ ဖုန်းမှာ stopwatch/timer လို function တွေပါရင်တော့ အချိန်တွေမှတ်လို့ရတယ်။ စမတ်ဖုန်းတွေရှိရင် အကောင်းဆုံးပေါ့။ ဓာတ်ပုံ နဲ့ ဗီဒီယိုရိုက်ဖို့ ကင်မရာလည်းလိုတယ်။
  • မုန့် နဲ့ စားစရာ သောက်စရာ။ သင့် လူနာစောင့်က စားစရာမရှိဖြစ်နေရင် မကောင်းဘူး။ သူတို့က မုန့် နဲ့ စားစရာတွေကို သူတို့နဲ့ တစ်ပါတည်း ယူလာရင် သင့်ကို သူတို့ပို ကောင်းကောင်း စောင့်ကြည့်နိုင်မယ်။ ဒါမှမဟုတ် သူတို့ စားဖို့ ထွက်ရှာနေရအုံးမယ်။

မွေးပြီးသွားရင်ဆေးရုံယူသွားဖို့ ဘာတွေလိုအပ်သလဲ။

  • အိမ်ပြန်ဖို့ ဝတ်စုံကောင်းကောင်းတစ်စုံ။ ဆေးရုံမှာနဲ့ အိမ်ပြန်ဖို့အတွက် သက်သာချောင်ချိမယ့် အဝတ်အစားတွေလိုတယ်။
  • ဗိုက်က ချက်ချင်း ကျသွားမှာ မဟုတ်တဲ့အတွက် ဗိုက်ဖုံးအင်္ကျီတွေကို လိုနေအုံးမှာပါ။
  • ကလေးကို ဘယ်လို နို့တိုက်ရမယ် ဆိုတဲ့အကြောင်း ရေးထားတဲ့စာ။
  • ကလေးအထူးကုတွေရဲ့ ဖုန်းနံပါတ် နဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေ။
  • နို့တိုက် Bra နှစ်ထည် သုံးထည်လောက်ထည့်သွားပါ။
  • နို့ရည်ခံ ဂွမ်းထုတ်။ တခြားလိုအပ်မယ့် တစ်ရှူးစက္ကူလိပ်တွေ။
  • ရှေ့ကကြယ်သီးပါတဲ့ ညဝတ်အကျီင်္တွေ။
  • ရေချိုးခန်း အိမ်သာသုံး ဆပ်ပြာတွေကိုနေရာသိပ်မယူအောင် ဗူးအသေးလေးတွေနဲ့ယူသွားပါ။ ဒါမှမဟုတ် ခရီးသွားတွေအတွက် ထုတ်ထားတာတွေကို ဝယ်လို့ရတယ်။
  • ချွေးနံ့သက်သာအောင်လို့ အနံ့အသက်ပျောက်ဆေး။
  • မျက်နှာသုတ်ပုဝါ၊ ဘီး၊ သွားတိုက်တံ နဲ့ သွားတိုက်ဆေး။
  • တစ်ခါသုံး ဒါမှမဟုတ် ဈေးသက်သာတဲ့ အတွင်းခံ ဘောင်းဘီပွပွတွေ။ ကောင်းတာကို မယူလာပါနဲ့။
  • ဗိုက်ခွဲမွေးရရင် ချည်သားဘောင်းဘီတိုတွေက အသားမနာလို့ ပိုကောင်းတယ်။ အသားအိတဲ့ တံဆိပ်ကို ရှာဝယ်ပါ။
  • Arnica လိမ်းဆေး၊ အနာအကျက်မြန်စေပြီး အမာရွတ်မကျန်စေတဲ့ လိမ်းဆေးတစ်လက်ဖြစ်တယ်လို့ သုံးဖူးတဲ့ အမျိုးသမီးတွေက ပြောကြတယ်။ အဲဆေးကို ခွဲထားတဲ့ နေရာမှာတော့ မလိမ်းရပါ။
  • ဆေးရုံက မီးဖွင့်ထားတာတို့ ဆူညံတာတို့ ဖြစ်ရင် ကောင်းကောင်းအိပ်နိုင်အောင် နားပိတ်၊ မျက်လုံးပိတ်တဲ့ ပစ္စည်းတွေယူသွားပါ။

ကလေးအတွက် ဘာတွေယူရမလဲ။

  • အဝတ် နှစ်စုံ သုံးစုံ။
  • ကလေးစောင်။ ဆေးရုံမှာ ပူနေရင်တောင်အပြင်မှာ အေးရင် ကလေးအတွက်က စောင်တစ်ထည်တော့ လိုလိမ့်မယ်။
  • သေးခံဘောင်းဘီ။ မွေးကင်းစ ကလေးတစ်ယောက်က တစ်ရက်ကို ၁၂ ခါ လောက် သွားနိုင်တယ်။
    ကလေးနို့အန်ရင် သုတ်ဖို့ ပိတ်စတွေ။
  • ခြေအိတ်တစ်စုံ။
  • ဦးထုတ် နဲ့ အိမ်ပြန်ဖို့ ဝတ်စုံကောင်းကောင်းတစ်စုံ။ ဆွဲသားဝတ်စုံတွေဆို ဝတ်ပေးရတာ လွယ်တယ်။
  • (ကားရှိရင်) ကလေးအတွက် ကားထိုင်ခုံ။ ဆေးရုံကသင့်ကို တစ်ယောက်ယောက်ရှိမှ ကားနဲ့သွားခွင့်ပြုပါလိမ့်မယ်။ ကားထိုင်ခုံမှာ ပေးမထိုင်ခင် ကလေးကို အပြင်ခံတွေကို ချွတ်ပေးရပါမယ်။
From Kalay with


Comments

0 comments
Latest video