Tools အသုံးပြုပုံ
ကိုယ်ဝန်ယူဖို့အတွက် ကြိုးစားနေသူလား ? ဒါမှမဟုတ် ကိုယ်တိုင်က ကိုယ်ဝန်လွယ်ထားသူလား ? ဒါမှမဟုတ် သားသားမီးမီးလေးတွေ ကျန်းမာရေးအတွက် ပူပန်နေရတာလား ? ဒီလိုအချိန်တွေကို ဖြတ်ကျော်ဖို့ဆိုတာ မေမေတို့အတွက် အခက်ခဲဆုံးအချိန်တွေပါ။ မေမေတို့ ရဲ့ ခက်ခဲမှုတွေ၊ ကိုယ်တိုင်မသိသေးတဲ့ ကျန်းမာရေးဗဟုသုတတွေ အားလုံးအတွက် kalay.com.mm ရဲ့ Tool ကလမ်းညွှန်ပေးထားပါတယ်။ ဘယ်လိုအသုံးပြုရမလဲ ဆိုတာကိုတော့ အပေါင်းလေးတွေတစ်ခုချင်း ထောက်ပြီးကြည့်သွားကြပါနော်။
Bread Feeding (နို့ချိုတိုက်ကျွေးခြင်း)
- Kalay.com.mm တွင်ကိုယ်ပိုင် အကောင့် မရှိပါက ပထမဦးစွာ register သွင်းပါ။
- နို့ချိုတိုက်ကျွေးတဲ့အခါမှာ ကလေးက နို့ကိုငြင်းပယ်တာပဲဖြစ်ဖြစ်၊ မိခင်အနေနဲ့ နို့တိုက်ကျွေး တဲ့အခါမှာ တစ်စုံတစ်ခု မအီမသာဖြစ်လာတဲ့အခါ Tools ထဲက Breast Feeding ကိုသွားလိုက်ပါ။
- သင်ခံစားရတဲ့အတိုင်း Box အသေးလေး မှာ အမှန်ခြစ်လေးတွေ နှိပ်လိုက်ပါ။
- အားလုံးပြီးဆုံးသွားပါက သင့်အနေနဲ့ ရလဒ် box လေးကို နှိပ်လိုက်မယ်ဆိုရင် သင်နို့ချိုတိုက်ကျွေးခြင်းအပေါ်ခံစားနေရတဲ့ ကျန်းမာရေးနဲ့သက်ဆိုင်သော ရလဒ်ကို ကြည့်ရှုနိုင်ပါပြီ။
Hospital Bag Checklist (ဆေးရုံယူသွားရမည့် ပစ္စည်းစာရင်း)
- Kalay.com.mm တွင်ကိုယ်ပိုင် အကောင့် မရှိပါက ပထမဦးစွာ register သွင်းပါ။
- သင်မွေးဖွားရန်အတွက် ဆေးရုံကို ယူဆောင်သွားရမယ့် ပစ္စည်းစာရင်းကို ရှင်းရှင်းလင်း မြင်ရဖို့ နဲ့ လွယ်လွယ်ကူကူ သိရှိနိုင်ဖို့ Tools ထဲက Hospital Bag Checklist ကိုသွားပါ။
- သင်ဆေးရုံကို ယူသွားမည့် ပစ္စည်းစာရင်းများမကျန်အောင် စနစ်တကျနဲ့ အဆင်ပြေချောမွေ့စွာ စီမံခန့်ခွဲနိုင်ဖို့ ဆောင်းပါးကဖော်ပြပေးထားပါလိမ့်မယ်။
Pregnancy Diary (ကိုယ်ဝန်ဆောင်နေ့စဉ်မှတ်တမ်း)
- Kalay.com.mm တွင်ကိုယ်ပိုင် အကောင့် မရှိပါက ပထမဦးစွာ register သွင်းပါ။
- သင့်ရဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်း နေ့စဉ်မှတ်တမ်းတွေကို သိရှိစေနိုင်ဖို့အတွက် Tools ထဲက Pregnancy Diary ထဲကိုသွားပါ။
- သင့် ဆရာဝန်သတ်မှတ်ပေးထားတဲ့ ခန့်မှန်းမွေးရက်ကို နေ့ရက်ရွေးခြယ်ပေးခြင်း Box ထဲကို ထည့်သွင်းပြီး ရလဒ်ကြည့်ရန် နှိပ်ပါ။
- အခုဆိုရင် သင့်ရဲ့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပြောင်းလဲနေတဲ့ ရက်အလိုက်ကိုယ်ဝန်ဆောင်မှတ်တမ်းကို ရိုးရှင်းစွာ သိနိုင်ပါပြီ။
Due Date Calculator (မွေးရက်တွက်ချက်ခြင်း)
- Kalay.com.mm တွင်ကိုယ်ပိုင် အကောင့် မရှိပါက ပထမဦးစွာ register သွင်းပါ။
- သင် ခန့်မှန်းမွေးရက်ကို လွယ်ကူရိုးရှင်းစွာ တွက်ချက်ဖို့အတွက် Tools ထဲက Due Date Calculator ထဲကိုသွားပါ။
- သင်နောက်ဆုံးရာသီလာချိန်ရဲ့ ပထမဆုံးရက်ကို Box လေးထဲမှာ ရေးထည့်ပါ။
- ရက်တွက်ကြည့်မယ် ကို နှိပ်လိုက်မယ်ဆိုရင် သင်မျှော်မှန်းထားတဲ့ ရက်တွက်ချက်ခြင်းရလဒ်က ထွက်ပေါ်လာပါပြီ။
- မွေးရက်တွက်ချက်တဲ့ Tools ကခန့်မှန်းခြင်းဖြစ်တာကြောင့် တကယ့်မွေးဖွားမည့်ရက်နဲ့ အနည်းငယ်ကွာဟမှုတော့ဖြစ်နိုင်ပါတယ်။
Ovulation Calculator (မမျိုးဥကြွေချိန် တွက်ချက်ခြင်း)
- Kalay.com.mm တွင်ကိုယ်ပိုင် အကောင့် မရှိပါက ပထမဦးစွာ register သွင်းပါ။
- သင့်ရဲ့ မမျိုးဥကြွေချိန်ကို တွက်ချက်ပြီး ရလဒ်သိရှိချင်တယ်ဆိုရင် Tools ထဲက Ovulation Calculator ထဲကိုသွားပါ။
- သင့်ရဲ့ ရာသီစက်ဝန်းနေ့ရက် အရေအတွက်ကို ပထမဦးစွာ ထည့်သွင်းပါ။
- ရာသီစက်ဝန်းနောက်ဆုံးအခေါက်ရဲ့ ရှေ့ဆုံးရက်ကို ထပ်မံထည့်သွင်းရေးသားပြီး ရလဒ်ကို နှိပ်လိုက်မယ်ဆိုရင် သင်သိရှိချင်တဲ့ မမျိုးဥကြွေချိန်ကို သိရှိနိုင်ပါပြီ။
Naming Tool (ကလေးအမည်ရွေးခြင်း)
- Kalay.com.mm တွင်ကိုယ်ပိုင် အကောင့် မရှိပါက ပထမဦးစွာ register သွင်းပါ။
- သင့်ကလေးရဲ့ အမည်ကို စိတ်ကြိုက်ရွေးချယ်ဖို့ အတွက် Tools ထဲက Naming Tool ထဲကိုသွားပါ။
- သင့်ကလေးရဲ့ နေ့အလိုက် အတွဲအဖက်ကောင်းမယ့် နာမည်လေးတွေကို ရွေးချယ်ဖို့အတွက် ဖော်ပြပေးထားတဲ့ နံတွေကို နှိပ်လိုက်မယ်ဆိုရင် နေ့နံနဲ့ကိုက်ညီမည့် နာမည်လေးတွေကို အစဉ်လိုက်ရွေးချယ်လိုက်ပါ။
- ကလေးရဲ့ နေ့နံအလိုက် သင့်စိတ်ကြိုက်နာမည်လေးတွေရွေးချယ်ပြီးပါက Get Name ဆိုတဲ့ Box လေးကို နှိပ်လိုက်ပါ။
- ကဲဒါဆိုရင်တော့ သင့်ကလေးအတွက် သင့်စိတ်ကြိုက်နာမည်လေးကို Naming Tool လေးက ဖန်တီးပြီးပါပြီ။
Your Favourites (သင့်ရဲ့အကြိုက်တွေ)
Your Favourites ကတော့ ကိုယ်ဝန် စဆောင်မယ့် အကြင်လင်မယားကအစ ကိုယ်ဝန်ဆောင်တဲ့အချိန် သားသားမီးမီးလေးတွေမွေးဖွားပြီးတဲ့ အချိန်ထိ တကယ့်ကို အသုံးဝင်စေမယ့် Tools လေးတစ်ခုပါ။ kalay.com.mm မှာရှိတဲ့ မေမေတို့ အကြိုက်နှစ်သက်ဆုံးပုံလေးတွေ၊ ဒါမှမဟုတ် အနှစ်သက်ဆုံးဆောင်းပါးလေးတွေကို လွယ်ကူစွာမှတ်သားထားနိုင်ပါတယ်။
- သင့်မှာ ကိုယ်ပိုင် အကောင့်ရှိတယ်ဆိုရင်တော့ Try it now ကို Click လိုက်ပါ။
- အကြိုက်ဆုံးအမျိုးအစားနေရာမှာ သင်အနှစ်သက်ဆုံး အမျိုးအစားတစ်ခုကိုရေးပြီးထည့်လိုက်ပါ။
- Add Category မှာတော့ သင်အနှစ်သက်ဆုံး ဆောင်းပါးလေးတွေပဲဖြစ်ဖြစ် ၊ ဓါတ်ပုံတွေပဲဖြစ်ဖြစ် တကူးတက ရေးမှတ်စရာမလိုပဲ မှတ်သားထားနိုင်ပါတယ်။
- သင့်မှာ အကောင့်မရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့ အနှစ်သက်ဆုံးလေးတွေကို စုစည်းဖို့ အခုပဲ register လုပ်လိုက်ပါနော်။