မေမေ့ကလေးလေးက ဂျစ်ကန်ကန်အမူအရာတွေ ပြုလုပ်နေပြီလား

by: Nang Htwe
 0 comments  0 love

သားသားမီးမီးလေးတွေ ဂျစ်ကန်ကန်ပြုလုပ်တဲ့အခါ မေမေတို့ စိတ်ရှည်ဖို့ လိုပါတယ်။ ဆူငေါက်တာနဲ့ ရိုက်တာတွေ မပြုလုပ်ပါနဲ့။ အေးအေးဆေးဆေးနဲ့ နားလည်အောင် လမ်းညွှန်ပေးပါ။

အသက်(၃)နှစ်ဟာဆိုရင် မေမေကလေးလေးရဲ့ အတွေးအခေါ်ဥာဏ်ရည် ဖွံ့ဖြိုးတိုးတက်နေချိန်ဖြစ်ပါတယ်။ ကြောက်တတ်တဲ့ အရွယ်လည်းဖြစ်ပါတယ်။ ကလေးငယ်ဟာ သူရဲ့ကိုယ်ပိုင်ခံစားချက်တွေ နားလည်နေပါတယ်။ ဒါကြောင့်လည်း ကလေးငယ်ဟာ စိတ်ခံစားချက်အတိုင်း စိတ်ဆိုးဒေါသဖြစ်တာ၊ ကြောက်ရွံ့တာ၊ ငိုတာကို မကြာခဏ ပြုလုပ်ပြပါတယ်။ ဂျစ်ကန်ကန် အမူအရာလေးတွေ ဘယ်လိုဖြစ်လာတာလဲ။ မေမေတို့ရဲ့ ညွှန်ကြားချက်တွေကို သူတို့လေးတွေက စိတ်မဝင်စားဘူးဆိုရင် လက်ခံမှာမဟုတ်ပါဘူး။ လက်မခံတာကို ပြတဲ့အမူအရာတွေက တခါတလေမှာ ဂျစ်ကန်ကန်အပြုအမူတွေ ဖြစ်စေပါတယ်။

ကြောက်တတ်တဲ့ အရွယ်လည်းဖြစ်ပါတယ် (Photo by rebelcircus)

ကလေးငယ်ဟာဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်စိတ်ခံစားချက်ကို သိနေပြီဖြစ်သော်လည်း အကောင်းအဆိုးကိုတော့ မခွဲခြားတတ်သေးပါဘူး။ ဒါကြောင့် ဒီအချိန်မှာ ကိုယ့်စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ မေမေဖေဖေတို့ လမ်းညွှန်ပေးသင့်ပါတယ်။

စိတ်ထား

ကလေးငယ်ရဲ့ စိတ်ခံစားချက်တွေ ဘယ်လိုဖြစ်ပေါ်လာတာလဲ။ အပြောင်းအလဲ၊ စိတ်ခံစားချက်၊ အာရုံစူးစိုက်မှု ၊ မျိုးရိုးဗီဇ (ငယ်စဉ်တုန်းက မေမေဖေဖေတို့ရဲ့ အပြုအမူတွေကို သင်ယူခဲ့ခြင်း) တို့ပေါင်းစပ်ပြီး ကလေးငယ်တွေမှာ ကိုယ်ပိုင်စိတ်ထား ရှိလာပါတယ်။ ကလေးငယ်တွေ တစ်ယောက်နဲ့ တစ်ယောက်တော့ စိတ်ခံစားချက်ချင်း တူညီမှာမဟုတ်ပါဘူး။

လုပ်ငန်းဆောင်စဉ်

မေမေတို့ရဲ့ ကလေးငယ် က ပြဿနာတစ်ခုကို ဘယ်လောက်ထိ ဖြေရှင်းနိုင်လဲဆိုတာ မှတ်သားထားပါ။ ကလေးငယ်ကို အားလုံးစုံ မထိန်းချုပ်ပါနဲ့။ လမ်းညွှန်ပြသမှုတွေ ပြုလုပ်ပေးပါ။ ကလေးငယ်ရဲ့ ဖြေရှင်းနိုင်စွမ်းရည်ကို မြင့်တင်ပေးပါ။ ဘယ်လို နည်းမှန်လမ်းမှန် စဉ်းစားသင့်တယ်ဆိုတာ လမ်းပြပေးရပါမယ်။ မေမေကလေးလေးက ဒေါသထွက်လွယ်ပြီး ဝမ်းနည်းလွယ်တယ်ဆိုရင် အော်ဟစ်တာဟာ ပြဿနာဖြေရှင်းတာ မဟုတ်ကြောင်း နားလည်အောင် ရှင်းပြပေးရပါမယ်။

အသက်(၃)နှစ်အရွယ်ဟာဆိုရင် ဘာသာစကားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု အမြင့်ဆုံးအချိန်ပါ။ မေမေဖေဖေတို့ နေ့စဉ်ပြောဆိုတဲ့စကားတွေ၊ ပတ်ဝန်းကျင်ကနေ ကြားလာတဲ့စကားလုံးတွေ စတာတွေကို ပြန်လည်အသုံးပြုနိုင်ဖို့ ကလေးငယ်က ကြိုးစားနေပါတယ်။ စာသီးသန့်သင်ကြားတဲ့မူကြိုမဟုတ်ဘဲ ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ မူကြိုကို ရွေးချယ်ထားပေးနိုင်ပါတယ်။ ဒီလို မူကြိုထားလိုက်တာက ကလေးငယ်ရဲ့ ဘာသာစကားဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီး အထောက်အကူရစေပါတယ်။ ဒီအချိန်မှာ သင်ကြားရေးနဲ့ပတ်သက်တဲ့ ဖိအားတွေကို ကလေးငယ်က ခံနိုင်ရည်မရှိသေးပါဘူး။ ဒါကို သတိထားပေးပါ။

 

Image result for bé ôm mẹ

မေမေတို့ စိတ်ရှည်ဖို့ လိုပါတယ် (Photo by Tâm sự 247)

(၃)နှစ်အရွယ် သားသားမီးမီးလေးတွေကို ဘာတွေ သင်ကြားပေးမလဲ

အိမ်မှာလည်း သင်ပေးနိုင်သလို  မူကြိုမှာလည်း လေ့ကျင့်ပေးလို့ရပါတယ်။

(၁) စကားပြောနည်း

ဒီအရွယ်မှာ စကားထစ်တာက ကြီးလာတဲ့အထိ အကျင့်ပါသွားနိုင်တာကြောင့် စကားမထစ်အောင် သင်ကြားပေးသင့်ပါတယ်။ စကားလုံးတွေကို သူ့နေရာနဲ့သူ သုံးတတ်ဖို့ သင်ကြားပေးပါ။

(၂) စံပြ

တခါတလေမှာ သားသားမီးမီးလေး ဂျစ်ကန်ကန်ဖြစ်လာတဲ့အခါ မေမေဖေဖေတို့ ဆုံးမလို့ မရတာ ကြုံရပါတယ်။ ဘိုးဘိုးဘွားဘွားတို့ပြောတာ နားထောင်ပြီး မေမေတို့ပြောတာ နားမထောင်တာကိုလည်း ကြုံရပါလိမ့်မယ်။ ဘိုးဘိုးဘွားဘွားတို့က သူတို့လေးတွေရဲ့ စိတ်ထဲမှာ စံပြအဖြစ် ရှိနေတာကြောင့် စကားနားထောင်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် မေမေဖေဖေတို့က သားသားမီးမီးလေးတွေရဲ့ စံပြဖြစ်အောင် ကြိုးစားပါနော်။

(၃) အကောင်းမြင်စိတ်

သားသားမီးမီးလေးတွေ ဂျစ်ကန်ကန်အမူအရာပြုလုပ်တဲ့အခါ မေမေတို့ စိတ်ရှည်ဖို့ လိုပါတယ်။ ဆူငေါက်တာနဲ့ ရိုက်တာတွေ မပြုလုပ်ပါနဲ့။ အေးအေးဆေးဆေးနဲ့ နားလည်အောင် လမ်းညွှန်ပေးပါ။

(၄) လေ့ကျင့်ခန်း

သားသားမီးမီးလေးတွေကို ပြေးလွှားဆော့ကစားစေတာက ဦးနှောက်လှုံ့ဆော်မှု အားကောင်းစေပြီး အာရုံစူးစိုက်မှုနဲ့ မှတ်ဥာဏ်အား တိုးတတ်လာစေပါတယ်။

သားသားမီးမီးလေးတွေနဲ့ ပတ်သက်လာရင် မေမေတို့က စိတ်ရှည်ရှည်နဲ့ လမ်းညွှန်ဆုံးမပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video