ကလေးငယ်လေး ဘယ်အချိန်လောက်မှာ ဇွန်းစကိုင်တတ်လဲ

by: Nang Htwe
 0 comments  0 love

သူတို့လေးတွေကိုယ်တိုင် ယူစားခိုင်းပါ။ ကလေးငယ်က တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့အခါ လွတ်လပ်မှုကို ပိုကြိုက်လာပါတယ်။

သားသားမီးမီးလေးတွေကို မေမေတို့ကိုယ်တိုင် ကျွေးတာမျိုးမလုပ်ဘဲ ကိုယ်တိုင်စားခိုင်းတာက ပိုပြီးတော့ စားလာစေပါတယ်။ အသက် (၁)နှစ်ကျော်လာတဲ့အခါ သားသားမီးမီးလေးတွေကို ထမင်းကျွေးရတာ ခက်လာပါတယ်။ ဒီလိုအချိန်မှာ မေမေတို့က သူတို့လေးတွေကိုယ်တိုင် ယူစားခိုင်းပါ။ ကလေးငယ်က တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့အခါ လွတ်လပ်မှုကို ပိုကြိုက်လာပါတယ်။

သားသားမီးမီးလေးတွေရဲ့ သဘာဝအရ အသက် (၁)နှစ် (၁)လမှာ စပြီး ဇွန်းကိုင်တတ်လာပါတယ် (Photo by Saglikli Zayiflama )

သားသားမီးမီးလေးတွေရဲ့ သဘာဝအရ အသက် (၁)နှစ် (၁)လမှာ စပြီး ဇွန်းကိုင်တတ်လာပါတယ်။ ကလေးလေးတွေ တစ်ယောက်နဲ့ တစ်ယောက် တက်မြောက်တာချင်း မတူညီကြပါဘူး။ ဒါကြောင့် မေမေတို့က ကလေးငယ် တက်မြောက်မှု မြန်ဆန်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ စနစ်တကျ လေ့ကျင့်ပေးတာက ကလေးငယ်လေးတွေ အမြန်တက်မြောက်စေပါတယ်။

ကစားရင်း သင်ပေးမယ်

ကလေးငယ်လေးတွေက ကစားရင်း သင်ယူမှုတွေ ပြုလုပ်ကြပါတယ်။ ဒီတော့ ကလေးငယ် ဇွန်းကိုင်ချင်လာအောင် မေမေတို့က ဟင်းချက်တဲ့အခါ သူတို့လေးတွေရှေ့မှာ ဇွန်းလေးနဲ့ ယူပြတာ၊ ဇွန်းအသုံးပြုပြတာနဲ့ ဆားထည့်တဲ့အခါ ဇွန်သုံးပြီး ထည့်တာမျိုး မြင်အောင် ပြုလုပ်ပေးပါ။ ဒါဆို ကလေးငယ်က ဇွန်းကိုင်ဖို့ အားထုတ်လာပါလိမ့်မယ်။

ဇွန်းသီးသန့်ပေးထားပါ

ကလေးငယ်လေးတွေကို ထမင်းကျွေးတဲ့အခါ သူတို့အတွက် ဇွန်းသီးသန့်ထားပေးပါ။ ကိုယ်ပိုင်ဇွန်းလေး ပြုလုပ်ပေးထားပါ။ ထမင်းကျွေးတဲ့အခါတိုင်း ပန်းကန်ထဲကို အဲဒီဇွန်းလေး ထည့်ပေးထားပါ။ ဒါဆိုရင် ကလေးငယ်က ဇွန်းအသုံးပြုရမယ်ဆိုတာ တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။ ကလေးငယ်အတွက် ဇွန်းက သူတို့လေးတွေ ကိုင်နိုင်တဲ့ အရွယ်အစားဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကလေးငယ်စိတ်ဝင်စားမယ့် အရောင်လေးတွေ ဖြစ်သင့်ပါတယ်။

မှန်ကန်တဲ့ ဇွန်းကို ရွေးချယ်သင့်ပါတယ် (Photo by The Bump)

ဇွန်းရွေးတာ မှန်ကန်ပါစေ

တအားလေးတဲ့ ဇွန်းတွေက ကလေးငယ်တွေကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဇွန်းကြီးနေရင်လည်း ကလေးငယ်ရဲ့ ပါးစပ်နဲ့ အဆင်မပြေပါဘူး။ ဒါကြောင့် မှန်ကန်တဲ့ ဇွန်းကို ရွေးချယ်သင့်ပါတယ်။

အစားအစာရွေးချယ်ခြင်း

ဇွန်းစသုံးချိန်မှာ ချက်ချင်းကြီး ဖြည့်စွက်စာ စစားခိုင်းတာမျိုး မပြုလုပ်သင့်သေးပါဘူး။ ကလေးငယ် ဇွန်းနဲ့ခပ်ဖို့ အဆင်ပြေမယ့် ဒိန်ချဉ်၊ ပူတင်း၊ နွားနို့ စတဲ့ ခပ်ပျော့ပျော့ အစားအစာတွေကို ဇွန်းနဲ့ အရင် စားဖို့ သင်ကြားပေးပါ။ နောက်မှ ထမင်းဟင်းကို ဇွန်းနဲ့စားဖို့ ဖြေးဖြေးချင်း ညွှန်ကြားပါ။

အသက်(၁)နှစ် (၁)လမှာ ဇွန်းကို စပြီး ကိုင်ဖို့ သင်ကြားပေးလို့ရနိုင်ပြီဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: feedingPicks UpSpoontoddler

Comments

0 comments
Latest video
Refer to more useful articles
x