သားသားမီးမီးလေးတွေက ဘယ်အချိန်မှာ မေမေဖေဖေလို့ စခေါ်တာလဲ

by: Nang Htwe
 0 comments  0 love

သားသားမီးမီးလေးတွေက တစ်ယောက်နဲ့ တစ်ယောက် စကားစပြောတဲ့အချိန်တွေ မတူညီကြပါဘူး။ မေမေဖေဖေတို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။

သားသားမီးမီးလေးတွေကို စကားစောစောပြောစေချင်တာက မေမေဖေဖေတိုင်းရဲ့ ဆန္ဒပါ။ သူတို့လေးတွေ အသက်(၃)လထဲကို ရောက်လာတဲ့အခါမှာ မေမေဖေဖေတို့ပြောတဲ့စကားတွေကို စတင်နားထောင်လာပြီး မျက်နှာတွေကိုလည်း မှတ်သားနေပါပြီ။ ဒီအချိန်မှာ စကားမပြောနိုင်သေးပေမယ့် စကားပြောဖို့ ပါးစပ်လေးပြင်ပြင်နေတာကို မေမေဖေဖေတို့ သတိထားမိကြမှာပါ။

အသက်(၇)လ ဝန်းကျင်ရောက်လာတဲ့အခါမှာ သားသားမီးမီးလေးတွေက “မေမေ” “ဖေဖေ” ဆိုပြီး စကားလုံးအတိုလေးတွေ စတင်ပြောလာပါတယ် (Photo by sophieboutarphotography)

သားသားမီးမီးလေးတွေ ဘယ်အချိန်မှာ စကားစပြောလဲ

အသက်(၇)လ ဝန်းကျင်ရောက်လာတဲ့အခါမှာ သားသားမီးမီးလေးတွေက “မေမေ” “ဖေဖေ” ဆိုပြီး စကားလုံးအတိုလေးတွေ စတင်ပြောလာပါတယ်။ ပီပီပြင်ပြင်တော့ မခေါ်နိုင်သေးပါဘူး။ ကလေးငယ်တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့ အချိန်တူညီမှာမဟုတ်ပါဘူး။ တချို့သားသားမီးမီးလေးတွေက အသက်(၇)လ ဝန်းကျင်မှာ စတင်စကားပြောကြပြီး သားသားမီးမီးအများစုကတော့ (၉)လနဲ့ (၁၄)လကြားမှာ စကားစပြောကြပါတယ်။

အသက်(၂)နှစ်ကျော်လာတဲ့အထိ သားသားမီးမီးလေးတွေ စကားမပြောသေးဘူးဆိုရင်တော့ ဆရာဝန်တွေဆီမှာ သွားရောက်ပြသသင့်ပါတယ် (Photo by WebMD)

သားသားမီးမီးလေးတွေ စကားစောစောပြောရင် မေမေဖေဖေတို့ ဘယ်လိုအားပေးကြမလဲ

သားသားမီးမီးလေးတွေ အသက်အရွယ်အလိုက် လွယ်လွယ်ကူကူမှတ်သားနိုင်တဲ့ စကားလုံးလေးတွေကို မကြာခဏ ပြောပေးပါ။ ဒီလို နားလည်လွယ်တဲ့ စကားလုံးလေးတွေကို မကြာခဏ ပြောပေးတာက သူတို့လေးတွေ စကားပြောလာတဲ့အခါမှာ အဲဒီစကားလုံးလေးတွေကို အလွယ်အတူမှတ်မိလာပါတယ်။ အသက်(၆)လရောက်လာတဲ့အခါမှာ မေမေဖေဖေတို့ပြောနေကြစကားလုံးလေးတွေကို စတင်နားလည်လာပါတယ်။ ဥပမာ- သူတို့လေးတွေရဲ့ နာမည်။ သားသားမီးမီးလေးတွေ စစချင်းပြောတဲ့စကားလုံးတွေက ကိုယ်ပိုင်စကားလုံးမဟုတ်ဘဲ မေမေဖေဖေတို့အပြောများတဲ့ စကားလုံးတွေနဲ့ မကြာခဏ နားထောင်နေရတဲ့ သီချင်းစာသားလေးတွေပါပဲ။

သားသားမီးမီးလေးတွေမှာ စကားပြောတဲ့ လက္ခဏာမတွေ့ရသေးတဲ့အခါ

သားသားမီးမီးလေးတွေက တစ်ယောက်နဲ့ တစ်ယောက် စကားစပြောတဲ့အချိန်တွေ မတူညီကြပါဘူး။ မေမေဖေဖေတို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ကလေးငယ်အများစုကတော့ အသက်(၁၈)လဝန်းကျင်မှ စကားစတင်ပြောကြပါတယ်။  အသက်(၂)နှစ်ကျော်လာတဲ့အထိ သားသားမီးမီးလေးတွေ စကားမပြောသေးဘူးဆိုရင်တော့ ဆရာဝန်တွေဆီမှာ သွားရောက်ပြသသင့်ပါတယ်။

သားသားမီးမီးလေးတွေကို မကြာခဏ စကားပြောပေးတာက  စကားလုံးကြွယ်ဝစေပြီး စကားအမြန်ပြောနိုင်ကြောင်းကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with

Tag: first wordsignstalking

Comments

0 comments
Latest video