အသက်တစ်နှစ်ခွဲကလေးကို မေမေတို့ ဘာတွေ သင်ပေးမလဲ

by: Nang Htwe
 0 comments  0 love

ကလေးမမြင်ဘူးသေးတဲ့ ပစ္စည်းအသစ်တွေပြတာကလည်း  သင်ပေးတာနဲ့အတူတူပဲမို့ မေမေတို့အတွက် အချိန်တကူးတက ပေးစရာမလိုပါဘူး။

ကလေးတွေ အသက်တစ်နှစ်ခွဲရောက်လာရင် ပတ်ဝန်းကျင်က ပစ္စည်းတွေ စိတ်ဝင်စားနေပါပြီ။ ဒီတော့ မေမေတို့က ကလေးတွေ လွယ်လွယ်ကူကူဆော့နိုင်မယ့် ကစားနည်းတွေ လမ်းညွှန်ပေးလို့ရပါပြီ။ ဒီကစားနည်းလေးတွေကို နေ့တိုင်းကစားခိုင်းပါ။ အစပိုင်းတော့ မေမေတို့က ပါဝင်ကစားမှရပါမယ်။

ဆော့ ကလေး

ကလေးတွေ အသက်တစ်နှစ်ခွဲရောက်လာရင် ပတ်ဝန်းကျင်က ပစ္စည်းတွေ စိတ်ဝင်စားနေပါပြီ (Photo by Happy Hooligans)

ထိတွေ့၊ ကိုင်တွယ်

ဒီအရွယ်က သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုပစ္စည်းတွေ အလွန်စိတ်တဲ့အရွယ်ပါ။ ဒီတော့ ကလေးမမြင်ဘူးသေးတဲ့ ပစ္စည်းတွေနဲ့ မိတ်ဆက်ပေးရမယ်။ သူတို့ကို ကိုင်ခိုင်းရမယ်။ မေမေတို့က ပစ္စည်းတွေအကြောင်းရှင်းပြရမယ်။ ဥပမာ ခဲတံ၊ ဘောပင်၊ ရေမြှပ်၊ စားပွဲ၊ သော့။ နေ့တိုင်း ပစ္စည်းအသစ်တွေနဲ့ မိတ်ဆက်ပေးရမယ်။

အစားအသောက်

နေ့တိုင်းသင်ပေးရမှာက ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ အစားအသောက်တွေပါ။ ပန်းသီး၊ လိမ္မော်သီး၊ နွားနို့၊ စီရီရယ် စတဲ့ အစားအသောက်တွေကို တစ်ခုချင်းပြပါ။ သားသား ဒါမှမဟုတ် မီးမီးစားနေတာက ဒါလေးတွေဖြစ်ကြောင်း အစားအသောက်နာမည်ကို ပြောပြပါ။ ကလေးတွေကို ကိုင်ခိုင်းပါ။ ပန်းသီးတို့ လိမ္မော်သီးတို့ဆိုရင်တော့ ကလေးတွေကိုပေးထားလိုက်ပါ။ ဆော့ကစားခိုင်းပါ။ စီရီရယ် ဒါမှမဟုတ် ကလေးဆော့တဲ့မုန့်  စက္ကူဗူး ဒါမှမဟုတ် Box လိုက်ပေးထားလိုက်ပါ။

ကလေး ကစား

ခဲတံ၊ ဘောပင်၊ ရေမြှပ်၊ စားပွဲ၊ သော့။ နေ့တိုင်း ပစ္စည်းအသစ်တွေနဲ့ မိတ်ဆက်ပေးရမယ် (Photo by FamilyConnect)

ဓါတ်ပုံ

ကလေးဆော့တဲ့ဖုန်း ဒါမှမဟုတ် ကစားစရာကင်မရာ ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးပါ။ ဖုန်း၊ ကင်မရာ၊ ကွန်ပျူတာ စတဲ့ ပစ္စည်း(အစစ်မဟုတ်ပါ) တွေနဲ့ တစ်ရက်တစ်မျိုး မိတ်ဆက်ပေးလို့ရတယ်။ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကိုလည်း သင်ပေးလို့ရတယ်။

အဝတ်အစား

အဝတ်အစားဝတ်နည်း၊ အဝတ်အစားအရောင်၊ ကလေးတွေကြိုက်တဲ့ ကာတွန်းပါတဲ့ အဝတ်အစားတွေနဲ့ မိတ်ဆက်ပေးပါ။ ဝတ်ခိုင်းကြည့်ပါ။ သူတို့ကို ရွေးခိုင်းပါ။

ဆော့စရာများ

ခေါင်းအုံး၊ ကူရှင်၊ ဖန်ခွက်၊ ရေခွက်၊ ရေဗူးတွေနဲ့ တစ်ရက်တစ်မျိုး မိတ်ဆက်ပေးပါ။ ကလေးကို ကိုင်ခိုင်းပါ။

ကလေးမမြင်ဘူးသေးတဲ့ ပစ္စည်းအသစ်တွေပြတာကလည်း  သင်ပေးတာနဲ့အတူတူပဲမို့ မေမေတို့အတွက် အချိန်တကူးတက ပေးစရာမလိုပါဘူး။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles