ကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့် နည်းလမ်းများ

by: Nang Htwe
 0 comments  1 love

သားသားမီးမီးလေးတွေ တရေးနိုးတဲ့အခါ ဘေးနားမှာ ဘယ်သူမှ မရှိတာက ကြောက်စိတ်တွေ ဝင်လာနိုင်တာကြောင့် မေမေဖေဖေတို့ ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

အရွယ်ရောက်လာတဲ့ သားသားမီးမီးလေးတွေ အိပ်ရေးဝဝအိပ်ကြရဲ့လား။ မွေးကင်းစ သားသားမီးမီးလေးတွေလိုပဲ အရွယ်ရောက်လာတဲ့သားသားမီးမီးလေးတွေမှာလည်း အိပ်ရေးဝဝ အိပ်ဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အိပ်ရေးဝဝ အိပ်ဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေ တစ်နေ့တာ လန်းဆန်းနေစေဖို့ကလည်း အိပ်ရေးဝဖို့ အရေးကြီးပါတယ်။

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ် (Photo by Daily Mirror)

သားသားမီးမီးလေးတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာက ရောဂါကူးစက်တာတွေကို ကာကွယ်ပေးပါတယ်။ ကလေးငယ်တွေ ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ခြင်းရဲ့ အဓိကပြဿနာကတော့ အမှောင်ပါ။ သားသားမီးမီးလေးတွေက အခန်းမှောင်တဲ့အခါမှာ ကြောက်တဲ့အတွက် တော်တော်နဲ့ မအိပ်ကြပါဘူး။ ဒါကြောင့် ကလေးငယ်တွေ ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ မေမေဖေဖေတို့ ဂရုစိုက်ပေးဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ မေမေဖေဖေတို့ ဘယ်လိုဂရုစိုက်ကြမလဲ။ Kalay ကနေ မေမေဖေဖေတို့အတွက် ပြောပြပေးမယ်နော်။

 အလင်းရောင်

သားသားမီးမီးလေးတွေရဲ့ အိပ်ခန်းကို ညအချိန်မှာ အလင်းရောင် အနည်းငယ်ဝင်အောင် ပြုလုပ်ပေးပါ။ မီးဖွင့်ထားရင်လည်း သားသားမီးမီးလေးတွေ အိပ်ပျော်မှာမဟုတ်သလို မီးပိတ်ထားရင်လည်း ကြောက်လာနိုင်တဲ့အတွက် အိပ်ဖို့ ခက်ခဲနေမှာပါ။ သားသားမီးမီးလေးတွေက အမှောင်ကို ကြောက်တာကြောင့် အိပ်ခန်းမှာ အလင်း အနည်းငယ်ရှိနေဖို့ လိုပါတယ်။

သားသားမီးမီးလေးတွေရဲ့ အိပ်ခန်းကို ညအချိန်မှာ အလင်းရောင် အနည်းဝင်အောင် ပြုလုပ်ပေးပါ (Photo by Daily Mirror)

 တရေးနိုး

သားသားမီးမီးလေးတွေက ညသန်းခေါင်ယံကျော်မှာ တရေးနိုးနိုင်ပါတယ်။ ဒီလိုတရေနိုးလာတဲ့အခါ သားသားမီးမီးလေးတွေက တော်တော်နဲ့ ပြန်မအိပ်ကြတော့ပါဘူး။ သူတို့လေးတွေရဲ့ ဘေးနားမှာ ဘယ်သူမှမရှိရင် ကြောက်လန့်ပြီး ငိုနိုင်ပါတယ်။ သူတို့လေးတွေ တရေးနိုးပြီး ပြန်အိပ်ပျော်ဖို့အတွက် ပျော့ပျောင်းတဲ့ ကစားစရာအရုပ်လေးတွေကို သူတို့ဘေးနားမှာထားပေးပါ။ နူးညံ့တဲ့ အိပ်ယာခင်းလေးတွေက သူတို့လေးတွေကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အထောက်အကူပြုပါတယ်။

 စောစောနိုး

သားသားမီးမီးလေးတွေဘာကြောင့် စောစောထကြတာလဲ ?

  • မနက်ခင်းအလင်းရောင်က အခန်းထဲကို ဝင်လာခြင်း
  • ပြင်ပက ဆူညံသံတွေကြားရခြင်း
  • တိရစ္ဆာန်အသံတွေကို ကြားရခြင်းနဲ့
  • အိမ်အတွင်း ဆူညံသံတွေကြောင့် စောစောနိုးလာနိုင်ပါတယ်။

သားသားမီးမီးလေးတွေကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးခဲ့ပြီး ဖြစ်တာမို့ ဒီနည်းလမ်းလေးတွေ ပြုလုပ်ကြည့်ပါနော်။

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x