စိတ်ရှည်သည်းခံခြင်းဟာ သားသားမီးမီးလေးတွေရဲ့ ဘဝမှာ အထောက်အပြုနိုင်တဲ့ အကျင့်ကောင်းလေးဖြစ်ပါတယ်။ စိတ်ရှည်သည်းခံတတ်တဲ့အကျင့်ကောင်းလေး သားသားမီးမီးလေးတွေ ဆီမှာ ရှိလာဖို့ဆိုတာ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးထားဖို့ အရေးကြီးပါတယ်။ တကူးတက သင်ပေးစရာတော့ မလိုပါဘူး။ နေ့တိုင်း မသိမသာလေး လေ့ကျင့်ပေးသွားလို့ ရပါတယ်။

စိတ်ရှည်သည်းခံတတ်တဲ့အကျင့်ကောင်းလေး သားသားမီးမီးလေးတွေ ဆီမှာ ရှိလာဖို့ဆိုတာ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးထားဖို့ အရေးကြီးပါတယ် (Photo by Entrepreneur)
(၁) နေ့စဉ်လေ့ကျင့်ခန်း
မနက်ခင်း အချိန်မှန်မှန် အိပ်ယာထတာ၊ မနက်စာမှန်မှန်စားတာ၊ မျက်နှာမှန်မှန်သစ်တာ၊ သွားမှန်မှန်တိုကတာ စတဲ့အလေ့အကျင့်လေးတွေကို နေ့တိုင်းအချိန်မှန်မှန်ပြုလုပ်နိုင်ဖို့ တိုက်တွန်းပါ။
(၂) အသေးအမွှားများ
အသေးအမွှားကိစ္စလေးတွေကို ကလေးငယ်အား ဖြေရှင်းခိုင်းပါ။ အသေးအမွှားလေးတွေကြောင့် ကလေးငယ် တဖြည်းဖြည်းစိတ်ရှည်လာစေပါတယ်။
(၃) မှန်ကန်တဲ့ ရွေးချယ်ခြင်း
ကလေးငယ်က မှန်ကန်တဲ့အပြုအမူတစ်ခုပြုလုပ်လိုက်တဲ့အခါ မေမေတို့က ချီးကျူးပါ။ မေမေတို့က ဆူငေါက်တာတွေ၊ ဆူဆဲတာတွေ မကြာခဏ ပြုလုပ်နေမယ်ဆိုရင် ကလေးငယ်က ကြာလာတဲ့အခါ စိတ်မရှည်တော့ပါဘူး။
(၄) စိတ်ခံစားချက်
ကလေးငယ်ရဲ့ စိတ်ခံစားချက်ကို သေသေချာချာနားထောင်ပေးဖို့လိုအပ်ပါတယ်။ သူတို့လေးတွေရဲ့ ခံစားချက်ကို နားထောင်ပေးတာက ကလေးငယ်ရဲ့စိတ်ခံစားချက်တွေ ကောင်းမွန်လာစေပါတယ်။
(၅) ဆန္ဒ
ကလေးငယ်ရဲ့ စိတ်ဆန္ဒကို အကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။ မေမေတို့ဖြစ်ချင်တာချည်းချည်းပဲ လုပ်ခိုင်းနေမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ကလေးငယ်က စိတ်မရှည်တော့ပါဘူး။

မနက်ခင်း အချိန်မှန်မှန် အိပ်ယာထတာ၊ မနက်စာမှန်မှန်စားတာ၊ မျက်နှာမှန်မှန်သစ်တာ၊ သွားမှန်မှန်တိုကတာ စတဲ့အလေ့အကျင့်လေးတွေကို နေ့တိုင်းအချိန်မှန်မှန်ပြုလုပ်နိုင်ဖို့ တိုက်တွန်းပါ (Photo by Today’s Parent)
(၆) အချိန်ကပ်ပြီးလုပ်ခြင်း
အလုပ်တစ်ခုခုကို အချိန်ကပ်ပြီးလုပ်တာကို တာမြစ်ပါ။ ဥပမာ ကျောင်းသွားခါနီးမှ အိပ်ယာထတာမျိုးကို တားမြစ်ပါ။ ကြိုတင်စီမံတတ်ဖို့ သင်ကြားပေးပါ။
(၇) စောင့်ဆိုင်းရခြင်း
စောင့်ဆိုင်းရတဲ့ နေရာတစ်ခုခုဆီ ကလေးငယ်ကို ခေါ်သွားမယ်ဆိုရင် စာအုပ်ဖတ်တဲ့အကျင့်ပြုလုပ်ပေးထားပါ။ ဒါဆို အချိန်ကို အကျိုးရှိရှိအသုံးပြုနိုင်ပြီး စိတ်ရှည်တတ်လာပါတယ်။
(၈) အသိအမှတ်ပြု
ကလေးငယ်ရဲ့ ကောင်းတဲ့အပြုအမူတွေကို အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။ အသိအမှတ်မပြုခံရတဲ့ ကလေးငယ်တွေဟာ စိတ်တိုလွယ်တာကို တွေ့ရပါတယ်။
(၉) ကစားခြင်း
စိတ်ရှည်ရှည်ကစားရတဲ့ ကစားနည်းတွေကို ကလေးငယ်တွေ ကြိုက်နှစ်သက်အောင် ဆော့ကစားခိုင်းပါ။
(၁၀) ဂိမ်း
သူငယ်ချင်းတွေနဲ့ အတူတူဆော့ကစားရတဲ့ ဂိမ်းတွေ ဒါမှမဟုတ် အလှည့်ကျကစားရတဲ့ ဂိမ်းတွေကို ဆော့ကစားခိုင်းပါ။
လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားအောင် ကလေးငယ်ကို ဘယ်လိုသင်ပေးမလဲ
သားသားမီးမီးလေးတွေကို ကောင်းမွန်အောင် လမ်းညွှန်ဆုံးမမှုတွေ ပြုလုပ်ရမှာက မေမေတို့ရဲ့ တာဝန်ပါ။ လမ်းညွှန်ပေးရမယ့် အရာတွေထဲမှာ ငွေကြေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေလည်း ပါဝင်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး ကလေးငယ် စီမံခန့်ခွဲတတ်အောင် လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ အထူးသဖြင့် လိုချင်တာနဲ့ လိုအပ်တာကို ဘယ်လိုခွဲခြားရမယ်ဆိုတာ သင်ကြားပေးရပါမယ်။
ချရေးခိုင်းပါ
ကလေးငယ်က ကစားစရာပစ္စည်းတွေကို မက်မောပါတယ်။ အသစ်တွေ့တိုင်းဝယ်ချင်ပါတယ်။ ဒါကြောင့် ကလေးငယ် လိုချင်တာတွေကို စာရွက်ထဲမှာ ချရေးခိုင်းပါ။ ပြီးရင် ချရေးထားတဲ့ စာရင်းတွေထဲက လိုအပ်တာနဲ့ လိုချင်တာကို ကလေးငယ်ကို ခွဲခြားခိုင်းပါ။ မေမေတို့က ကူပြီးခွဲခြားပြပါ။ ဘာကြောင့် လိုအပ်တာကိုပဲ ဝယ်သင့်ကြောင့် လိုချင်တာတွေကို ဝယ်နေမယ်ဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာမယ်ဆိုတာ ရှင်းပြပါ။
အစားအသောက်
အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း ကလေးငယ်ကို သင်ကြားပေးသင့်ပါတယ်။ မဆာဘဲနဲ့ စားတာ၊ မလိုအပ်ဘဲနဲ့ ဖြုန်းတီးတာမျိုး မဖြစ်အောင် သားသားမီးမီးလေးတွေကို ပြောပြထားသင့်ပါတယ်။ မုန့်နဲ့ ပတ်သက်ပြီးလည်း စည်းကမ်းရှိရှိ စားတတ်အောင် သင်ကြားပေးပါ။ ထမင်းစားခါနီးမှာ သရေစာမုန့်တွေ စားတာ တားမြစ်ပါ။
စုဆောင်းပါ
သားသားမီးမီးလေးတွေကို သူတို့လေးတွေရဲ့ မုန့်ဖိုး စုဆောင်းခိုင်းပါ။ မုန့်ဖိုးကို တစ်ဝက်သုံးပြီး တစ်ဝက်စုတာမျိုး ဒါမှမဟုတ် သုံးပုံတစ်ပုံ စုတာမျိုး လေ့ကျင့်ပေးပါ။ ကလေးငယ်က စက်ဘီးလိုချင်တယ်ဆိုရင် မေမေတို့အနေနဲ့ ဒီအတိုင်းဝယ်ပေးတာထက် သူတို့လေးတွေကိုယ်တိုင် မုန့်ဖိုးစုပြီး ဝယ်ပေးပါ။
စံပြ
ကလေးငယ် ပိုက်ဆံစုချင်လာအောင် လှုံ့ဆော်ပေးရပါမယ်။ ပိုက်ဆံနဲ့ ပတ်သက်ပြီး စံပြတစ်ယောက်ရှိလာဖို့ မေမေတို့ အနေနဲ့ ကလေးငယ်နဲ့အတူတူ ပိုက်ဆံစုသင့်ပါတယ်။ ဒါမှသာ ကလေးငယ် ပိုက်ဆံစုချင်စိတ် ဖြစ်ပေါ်လာမှာပါ။
အေးချမ်းတဲ့ စိတ်ထားလေးတစ်ခု သားသားမီးမီးလေးတွေ ပိုင်ဆိုင်စေဖို့
ပြေးလွှားလှုပ်ရှားနေရတဲ့ ယနေ့အချိန်မှာ စိတ်တွေ ပင်ပန်းပူလောင်ရပါတယ်။ အရင်ခေတ်က ကလေးငယ်တွေနဲ့မတူတာက ယနေ့ကလေးငယ်တွေမှာ အပြိုင်အဆိုင်တွေများပြားလွန်းပါတယ်။ ပြီးတော့ ကလေးငယ်တွေမှာ နားနေချိန်နဲ့ ကစားချိန်ဆိုတာ အလွန်ရှားပါတယ်။ ကျောင်း၊ ကျူရှင်၊ သင်တန်း တွေနဲ့ လုံးထွေးနေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သားသားမီးမီးလေးတွေမှာ စိတ်ပင်ပန်းလာရပါတယ်။ ဖိစီးမှုတွေ ရှိလာပါတယ်။ သားသားမီးမီးလေးတွေရဲ့ ဖြူစင်နူညံ့တဲ့စိတ်ဓါတ်လေးအေးချမ်းစေဖို့
(၁) စိတ်လေ့ကျင့်ခန်း
သားသားမီးမီးလေးတွေ ပင်ပန်းနေတဲ့အခါ စိတ်အေးချမ်းလာအောင် အသက်ရှူလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးဖို့ လမ်းညွှန်ပေးပါ။ တိတ်ဆိတ်တဲ့ နေရာတစ်ခု ဖန်တီးပေးပြီး သီချင်းအေးအေးလေးဖွင့်ပေးထားတာ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပေးမယ်ဆိုရင် ကလေးငယ်ရဲ့စိတ်ဖိစီးမှုတွေ သက်သာစေပါတယ်။
(၂) အသက်ရှူဖို့ကြိုးစားပါ
ကလေးငယ်မှာ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနွမ်းနယ်တာတွေ များလာတဲ့အခါ အသက်ဝဝရှူဖို့ ကြိုးစားခိုင်းပါ။ အသက်ဝဝရှူတာက ကလေးငယ်ရဲ့ စိတ်ဖိစီးတာတွေ သက်သာစေပါတယ်။
(၃) လမ်းလျှောက်ပါ
ကလေးငယ်နဲ့အတူတူ အပြင်ထွက်လမ်းလျှောက်တာက သူတို့လေးတွေရဲ့ စိတ်ဖိစီးမှုတွေ သက်သာစေပါတယ်။ ပန်းခြံ ဒါမှမဟုတ် သစ်ပင်တွေရှိတဲ့ နေရာတွေမှာ မေမေတို့နဲ့ အတူတူလမ်းလျှောက်ပါ။
(၄) ကာတွန်း
ကလေးငယ်ကြိုက်နှစ်သက်တဲ့ ကာတွန်းကားလေးတွေကို ဖွင့်ပြပေးပါ။ ဒါဆို ကလေးငယ် စိတ်ဖိစီးတာတွေ သက်သာစေပါတယ်။
(၅) အစားစားခြင်း
ကလေးငယ် ထမင်းစားတဲ့အခါ ဒါမှမဟုတ် မုန့်စားတဲ့အခါမှာ ဖြေးဖြေးချင်းစားခိုင်းပါ။ တီဗီကြည့်ရင်း ဖုန်းသုံးရင်း ထမင်းစားတာကို ရှောင်ကျဉ်ပါ။
(၆) မေးပါ
သားသားမီးမီးလေးတွေရဲ့ တစ်နေ့တာအဖြစ်အပျက် ဒါမှဟုတ် ဘာတွေခံစားနေရတယ်ဆိုတာ မေးဖို့ လိုအပ်ပါတယ်။
(၇) ယောဂ
ယောဂကျင့်တာက ကလေးငယ်ရဲ့ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
(၈) ဝါသနာ
ကလေးငယ်ရဲ့ ဝါသနာကို အကောင်အထည်ဖော်ခွင့်ပေးတာကလည်း စိတ်ဖိစီးမှုနည်းသွားပြီး ပျော်ရွှင်လာပါတယ်။
(၉) ဓါတ်ပုံရိုက်ခြင်း
ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ဓါတ်ပုံရိုက်မှတ်တမ်းတင်တဲ့ အလေ့အကျင့်လေးတွေကလည်း ကလေးငယ်ရဲ့ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
(၁၀) ဖြစ်ရပ်မှန်အစီအစဉ်
တခြားနိုင်ငံဒေသတွေဆီက ဖြစ်ရပ်မှန်အစီအစဉ်တွေကလည်း ကလေးငယ်တွေကို ဆွဲဆောင်ပေးပြီး စိတ်ဖိစီးမှုတွေ သက်သာစေပါတယ်။
ကလေးငယ်ရဲ့ စိတ်ဖိစီးမှုတွေကို မေမေတို့လျှော့ချပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments