ကလေးက မထွားလို့ မေမေတို့ စိတ်ညစ်နေပြီလား

by: Nang Htwe
 0 comments  0 love

ကြီးထွားနှုန်းနှေးနေတယ်ဆိုရင် လက်ရှိကျွေးနေတဲ့ အစားအသောက်ပုံစံကို ပြောင်းလဲပေးဖို့ လိုပါတယ်

ကလေးမှာ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်မရှိလို့ မေမေတို့ စိတ်ညစ်နေလား။ ကလေး ကိုယ်အလေးချိန် မြင့်တက်လာဖို့ ဘာကျွေးရမလဲ စဉ်းစားရခက်နေပြီလား။ ကိုယ်အလေးချိန်မြင့်ပြီး ကျန်းမာစေတဲ့ အစားအစာတွေကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

သားသားမီးမီးတွေအတွက် ကိုယ်အလေးချိန်မြင့်ပြီး ကျန်းမာစေတဲ့ အစားအစာများ

နွားနို့မှာ ကယ်ဆီယမ်၊ ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိုက် ကြွယ်ဝစွာပါဝင်ပါတယ် (Photo by NHS)

နို့

နို့မှာ ကယ်ဆီယမ်၊ ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိုက် ကြွယ်ဝစွာပါဝင်ပါတယ်။ နို့ကို ဒီအတိုင်းတိုက်တာပဲဖြစ်ဖြစ်၊ စီရီရယ်နဲ့ တွဲကျွေးတာပဲဖြစ်ဖြစ်၊ milk shakes ပြုလုပ်တာပဲဖြစ်ဖြစ်၊ အသီးအနှံတွေဖျော်တဲ့အခါ ရေအစား နို့ထည့်တာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ ကယ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့ နို့မှာ သားသားမီးမီးတွေ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်ပါပဲ။ အရိုးထိခိုက်တာတွေကို ကာကွယ်ပေးပြီး သန်စွမ်းစေပါတယ်။ သားသားမီးမီးတွေက နို့ကိုကြိုက်နှစ်သက်ကြသလို သောက်သုံးရတာလည်း လွယ်ကူပါတယ်။ နို့မှာပါဝင်တဲ့ ဗီတာမင် A ဟာဆိုရင် ကယ်ဆီယမ်ဓါတ်ကို အလျင်အမြန်စုပ်ယူပေးပါတယ်။

 ထောပတ်

ကလေးတွေအတွက် ဖြည့်စွက်စာကျွေးတဲ့အခါ သာမန်ရိုးရိုးဆီအစား ထောပတ်ဆီကို အသုံးပြုပေးပါ။ အမြဲတမ်းအသုံးပြုပေးရမယ်လို့ မဆိုလိုပါဘူး။ မေမေ့ကလေး ပိန်နေတဲ့အခါ ဒါမှမဟုတ် အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်မရှိဘူးဆိုတဲ့ အခါမျိုးမှသာ အသုံးပြုပေးပါ။

 မြေပဲ

မြေပဲနဲ့ မြေပဲထောပတ်တွေမှာ ပရိုတိန်းကြွယ်ဝစွာပါဝင်တာကြောင့် ကလေးတွေရဲ့ ကိုယ်အလေးချိန် တိုးတက်လာစေပါတယ်။ မနက်ခင်း ပေါင်မုန့်ကျွေးတဲ့အခါ ဒီအတိုင်းကျွေးတာထဲ မြေပဲထောပတ်လေးကို သုတ်ပေးပြီး ကျွေးပါ။

 

ကြက်ဥ

ကြက်ဥမှာ ပရိုတိန်းကြွယ်ဝစွာပါဝင်ပါတယ်။ နေ့စဉ် ကြက်ဥ ကျွေးသင့်ပါတယ်။ ကြက်ဥမှာ ဗီတာမင် A နဲ့ ဗီတာမင် B12 ကြွယ်ဝစွာပါဝင်ပါတယ်။  ကလေးကြီးထွားဖို့အတွက် အထောက်အကူပြုပါတယ်။

 ငှက်ပျောသီး

ငှက်ပျောသီး တစ်လုံးမှာ (၁၀၅)ကယ်လိုရီပါဝင်ပါတယ်။ ကာဗိုဟိုက်ဒရိုက်အပြင် ကျန်းမာစေတဲ့ အဆီဓါတ်လည်းပါဝင်နေပါတယ်။ ငှက်ပျောသီးကို ဒီအတိုင်ကျွေးနိုင်သလို ဖျော်ရည်၊ ငှက်ပျောသီးပန်းကိတ် စတဲ့ ပုံစံတွေအနေနဲ့လည်း ကျွေးလို့ရပါတယ်။

မေမေ့ကလေးက ကြီးထွားနှုန်းနှေးနေတယ်ဆိုရင် လက်ရှိကျွေးနေတဲ့ အစားအသောက်ပုံစံကို ပြောင်းလဲပေးပါ (Photo by momjunction)

 ထောပတ်သီး

ထောပတ်သီးမှာဆိုရင် အဆီဓါတ်နဲ့ ကယ်လိုရီကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန် တိုးချင်တဲ့ ကလေးတွေအတွက် အလွန်သင့်တော်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့အဆီဟာဆိုရင် ကျန်းမာစေတဲ့ အဆီဖြစ်ပါတယ်။ ထောပတ်သီးဖျော်ရည် ဒါမှမဟုတ် ထောပတ်သီးသုတ်ကျွေးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

ကြက်သား

ကြက်သားမှာ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးတွေ ကြွက်သားတည်ဆောက်ဖို့ အလွန်အရေးပါပါတယ်။ ကြက်သားကြော်၊ ကြက်သားစွပ်ပြုတ်၊ ကြက်သားလုံး စတဲ့ ပုံစံအမျိုးမျိုး ကျွေးနိုင်ပါတယ်။

 အနီရောင်အသား

အနီရောင်အသားတွေဖြစ်တဲ့ ဆိတ်သားနဲ့ အမဲသားတို့မှာဆိုရင် အဆီနဲ့ သံဓါတ်တို့ ပါဝင်ပါတယ်။ ကလေးတွေ ကြီးထွားဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ကလေးတွေ ကြိုက်နှစ်သက်တဲ့ ပုံစံမျိုး မေမေတို့ ပြင်ဆင်ပေးနိုင်ပါတယ်။

 အသီးအနှံများ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ကိုယ်အလေးချိန်နည်းနေတဲ့ သားသားမီးမီးတွေအတွက် မရှိမဖြစ်ပါ။ အသီးတွေ ဒီအတိုင်ကျွေးနိုင်သလို ဒိန်ချဉ်တို့နဲ့ သုတ်ကျွေးတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

မေမေ့ကလေးက ကြီးထွားနှုန်းနှေးနေတယ်ဆိုရင် လက်ရှိကျွေးနေတဲ့ အစားအသောက်ပုံစံကို ပြောင်းလဲပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x