ကလေးက သူငယ်ချင်းတွေနဲ့ အဆင်ပြေစေဖို့ မေမေတို့ ဘာတွေကူညီပေးမလဲ

by: Nang Htwe
 0 comments  0 love

မှန်ကန်တဲ့ဖြေရှင်းနည်းတွေ အကြံဥာဏ်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကလေးငယ်က သူငယ်ချင်းတွေနဲ့ အမြန်ဆုံး အဆင်ပြေမှာပါ။

သားသားမီးမီးလေးတွေ မူကြိုစနေချိန်ကနေ သူတို့လေးတွေရဲ့ ဘဝတစ်လျှောက် သူငယ်ချင်းအပေါင်းအသင်းတွေ မရှိမဖြစ် လိုအပ်လာပါပြီ။ သူငယ်ချင်းတွေနဲ့ စတင်တွေ့ရတဲ့ မူကြိုအရွယ်မှာ အခက်အခဲတွေ အများကြီးရင်ဆိုင်ရပါတယ်။ အဓိက ကတော့ အသွင်မတူတဲ့ စရိုက်အမူအရာတွေကြောင့် ကလေးငယ်မှာ အခက်အခဲတွေ ရင်ဆိုင်ရပါတယ်။ သူငယ်ချင်းအသစ်တွေနဲ့ ခင်ခင်မင်မင်ရှိနေဖို့ မေမေတို့ အကူအညီလိုအပ်ပါတယ်။ ကလေးငယ်ကို သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးဖြစ်စေမယ့် လမ်းညွှန်ချက်လေးတွေကို အကြံပေးပါ။

သားသားမီးမီးလေးတွေ မူကြိုစနေချိန်ကနေ သူတို့လေးတွေရဲ့ ဘဝတစ်လျှောက် သူငယ်ချင်းအပေါင်းအသင်းတွေ မရှိမဖြစ် လိုအပ်လာပါပြီ (Photo by Picssr)

ဝေဖန်

သူငယ်ချင်းတွေနဲ့ အဆင်မပြေတာကို မေမေဖေဖေတို့ အနေနဲ့ မဝေဖန်သင့်ပါဘူး။ ဒီလိုဝေဖန်တာက ကလေးငယ်ကို ပိုလို့တောင်အဆင်မပြေဖြစ်စေပါတယ်။ ဝေဖန်မယ့်အစား ကောင်းမွန်တဲ့ အကြံပြုချက်လေးတွေ ပေးပါ။

နားထောင်ပါ

မိမိကလေးငယ်က ဘာကြောင့် သူငယ်ချင်းတွေနဲ့ အဆင်မပြေရတာလဲဆိုတာ မေမေတို့ သေသေချာချာ နားထောင်ပေးကြည့်ပါ။ မေးမြန်းပါ။ ဆွေးနွေးပါ။ ကလေးငယ်ရဲ့ အားနည်းချက်ကို သိပြီဆိုရင်တော့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အကြံပေးပါ။

စာနာပါ

ကလေးငယ်က သူငယ်ချင်းတွေနဲ့ အဆင်မပြေတဲ့ပြဿနာကို မေမေတို့ဘက်က စာနာနားလည်ပေးပါ။ နှစ်သိမ့်ပေးပါ။ ဟားတိုက်ရယ်တာနဲ့ ဥပက္ခာပြုတာမျိုး မပြုလုပ်ရပါ။ လိုအပ်တဲ့ အကြံဥာဏ်ကောင်းတွေကို ညွှန်ကြားပါ။

Related image

ကျောင်းမှာ သူငယ်ချင်းတွေနဲ့ အဆင်ပြေဖို့ လိုအပ်ပါတယ် (Photo by twitter)

မှန်ကန်တဲ့ဖြေရှင်းနည်း

မေမေတို့အနေနဲ့ ကလေးငယ်ကို မှန်ကန်တဲ့ဖြေရှင်းနည်းတွေ အကြံဥာဏ်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကလေးငယ်က သူငယ်ချင်းတွေနဲ့ အမြန်ဆုံး အဆင်ပြေမှာပါ။

ဆွေးနွေးပါ

ကလေးငယ်အဆင်မပြေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့လိုအပ်ပါတယ်။ ဒါမှသာ သူတို့လေးတွေရဲ့ သူငယ်ချင်းအပေါ်ထားတဲ့ စိတ်ခံစားချက်နဲ့ အပြုအမူတွေကို မေမေတို့သိမှာပါ။ ဒီလိုသိမှသာ မှန်ကန်တဲ့ လမ်းညွှန်ချက်တွေ ပေးနိုင်မှာပါ။

သတင်း

ကလေးငယ်တွေ ကျောင်းကပြန်လာပြီဆိုရင် မေမေတို့အနေနဲ့ ဒီနေ့ သူငယ်ချင်းတွေနဲ့ အဆင်ပြေမပြေ မေးဖို့လိုအပ်ပါတယ်။ ဒါမှသာ ကလေးငယ်ရဲ့ ပြဿနာကို အမြန်ဖြေရှင်းပေးနိုင်မှာပါ။

ကလေးငယ် ကျောင်းကသူငယ်ချင်းတွေနဲ့ အဆင်မပြေတာကို မေမေတို့ ပေါ့ပေါ့ဆဆ မထားဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x