အသက်(၃)နှစ်ခွဲအရွယ် သားသားမီးမီးလေးတွေ ခဲတံကိုင်ကျွမ်းကျင်လာဖို့

by: Nang Htwe
 0 comments  4 love

ခဲတံကိုင်တာ ကျွမ်းကျင်ဖို့အတွက် မေမေဖေဖေတို့ ဘယ်လိုလေ့ကျင့်ပေးရမလဲ။ မှန်ကန်တဲ့ နည်းစနစ်တွေက ဘာတွေလဲ။

သားသားမီးမီးလေးတွေ ခဲတံကိုသုံးပြီး စာရွက်ပေါ်မှာ စာတွေရေးတတ်နေပြီလား။ အသက်(၃)နှစ်ခွဲရောက်ပြီဆိုရင်တော့ သားသားမီးမီးလေးတွေက ခဲတံကိုင်ပြီး စာရွက်ပေါ်မှာ စာရေးတတ်ဖို့ ကြိုးစားနေပါပြီ။ ဒီလိုအချိန်မှာ မေမေဖေဖေတို့ ပြုလုပ်ပေးရမှာက ခဲတံကို မှန်မှန်ကန်ကန်ကိုင်တတ်ဖို့ပါ။ မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ခဲတံကိုင်နည်းမှန်ကန်အောင် ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ မေမေဖေဖေတို့ကိုယ်တိုင် မှန်ကန်အောင်ကူညီပေးနိုင်သလို ကျွမ်းကျင်တဲ့ဆရာမတွေကိုလည်း အကူအညီတောင်းနိုင်ပါတယ်။

သားသားမီးမီးလေးတွေ ခဲတံကိုသုံးပြီး စာရွက်ပေါ်မှာ စာတွေရေးတတ်နေပြီလား (Photo by Parent Co)

အသက်(၃) နှစ်ခွဲအရွယ် သားသားမီးမီးလေးတွေကို ခဲတံကိုင်ကျွမ်းကျင်လာအောင် ဘယ်လိုလမ်းညွှန်ပေးကြမလဲ

 လက်ကိုင်သင်ကြားပေးခြင်း

သားသားမီးမီးလေးတွေရဲ့ လက်ကိုကိုင်ပြီး ကျွမ်းကျင်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ကလေးရဲ့ လက်မနဲ့ လက်ချောင်းတွေကို ထိန်းချုပ်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။ အလုပ်မအားတဲ့ မေမေဖေဖေတွေအနေနဲ့ ကျွမ်းကျင်တဲ့ ဆရာမတွေကို အကူအညီတောင်းနိုင်ပါတယ်။

 ခဲတံအတို

သားသားမီးမီးလေးတွေ ခဲတံစတင်ကိုင်ပြီး လေ့ကျင့်တဲ့အခါမှာ ခဲတံအတိုလေးတွေကိုသာ အသုံးပြုပါ။ ခဲတံအတိုလေးတွေက စာရေးရတာ ပိုပြီးလွယ်ကူစေပါတယ်။ ကျွမ်းကျင်သွားမှသာ ခဲတံအရှည်နဲ့ ရေးပါစေ။

 ဖိအား

ခဲတံကို စတင်ကိုင်တဲ့ သားသားမီးမီးလေးတွေမှာ ဖိအားတွေ အများကြီးရှိပါတယ်။ ခဲတံကို မှန်ကန်အောင် ကိုင်ရတာနဲ့ စာလုံးတွေကိုပြန်ကြည့်ရတာတွေက သူတို့လေးတွေမှာ ဖိအားတွေ ဖြစ်နေပါတယ်။ ဒါ့ကြောင့် မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေကို ဖိအားတွေ ထပ်မပေးဖို့ လိုပါတယ်။ မေမေဖေဖေတို့က ဖိအားတွေပေးလိုက်မယ်ဆိုရင် သားသားမီးမီးလေးတွေ ခဲတံကိုင်ဖို့ စိတ်ပျက်သွားနိုင်ပါတယ်။

 အချိန်

အသက်(၃)နှစ်ခွဲအရွယ်သားသားမီးမီးလေးတွေ ခဲတံကိုင်တာ မကျွမ်းကျင်ဘူးဆိုရင် မေမေဖေဖေတို့အနေနဲ့ အချိန်တစ်ခု စောင့်သင့်ပါတယ်။ တကယ်တော့ ခဲတံကိုင်တာ ကျွမ်းကျင်တဲ့အရွယ်က (၄)နှစ်နဲ့ (၅)နှစ်အရွယ်ပါ။ ဒါ့ကြောင့် သားသားမီးမီးလေးတွေ ခဲတံကောင်းကောင်းမကိုင်နိုင်သေးဘူးဆိုရင် အချိန်တစ်ခုကို စောင့်ဆိုင်းပြီးမှ မှန်ကန်အောင် ထပ်မံလေ့ကျင့်ပေးသင့်ပါတယ်။

 ပျော်စရာတွေကို ဖန်တီးပေးခြင်း

အိမ်မှာ သားသားမီးမီးလေးတွေကို ခဲတံကိုင်လေ့ကျင့်တဲ့အခါ ပျော်စရာကောင်းအောင် ဖန်တီးပေးဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေ ဖိအားမရှိဘဲ ခဲတံကိုင်ချင်စိတ်ရှိလာအောင် မေမေဖေဖေတို့အနေနဲ့ ပျော်စရာတွေကို ဖန်တီးပေးပါ။ ခဲတံကိုင်ပြီး စာရေးတာကို စိတ်ဝင်စားလာအောင်လည်း ဖန်တီးပေးပါ။

သားသားမီးမီးတွေ ခဲတံကိုင်တာကျွမ်းကျင်ဖို့ မေမေဖေဖေတို့အနေနဲ့ စိတ်ရှည်ရှည်ထားပြီး လေ့ကျင့်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: CorrectlyHoldPencilTeachToddlers


Comments

0 comments
Latest video
Refer to more useful articles
x