စိတ်ထားပြည့်ဝပြီး ထက်မြက်တဲ့ သားသားမီးမီးလေးတွေအဖြစ် ကြီးပြင်းလာဖို့

by: Nang Htwe
 0 comments  0 love

နားထောင်နိုင်တဲ့စွမ်းရည်က ကလေးငယ်နဲ့သက်ဆိုင်တဲ့ ပတ်ဝန်းကို အထောက်အကူပြုလာပါလိမ့်မယ်။

သားသားမီးမီးလေးတွေရဲ့ အရေး၊ အဖတ်နဲ့ အတွက်အချက်တို့ကို အချိန်ကြာကြာသင်ယူရပါတယ်။ နောက်ထပ် သင်ကြားပေးသင့်တာကတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာ သင်ခန်းစာတွေပါ။ ကလေးငယ်ရဲ့ စိတ်ဓါတ်ပိုင်းနဲ့ပတ်သက်ပြီး သင်ကြားမှုတွေပြုလုပ်ပေးဖို့ မေမေတို့ မေ့နေပါတယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာ သင်ကြားမှုတွေ မပြုလုပ်ထားဘူးဆိုရင် အရွယ်ရောက်လာတဲ့အခါ ပြဿနာတွေအများကြီးရင်ဆိုင်ရနိုင်ပါတယ်။ မိသားစု၊ လုပ်ငန်းခွင်နဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆင်ပြေပြေပေါင်းသင်းဆက်ဆံနိုင်ဖို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ သင်ခန်းစာတွေ ငယ်စဉ်ကတည်းက သင်ကြားပေးထားရပါမယ်။ ဒီစိတ်ဓါတ်ပိုင်းဆိုင်ရာ သင်ခန်းစာတွေကို အိမ်မှာလည်းသင်ကြားပေးနိုင်သလို ကျောင်းကနေလည်း သင်ကြားပေးသင့်ပါတယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကလေးငယ်ကို ဘာတွေသင်ကြားပေးရမှာလဲဆိုတော့

ကလေးငယ်ရဲ့ စိတ်ဓါတ်ပိုင်းနဲ့ပတ်သက်ပြီး သင်ကြားမှုတွေပြုလုပ်ပေးဖို့ မေမေတို့ မေ့နေပါတယ် (Photo by HoneyKids Asia)

၁။ ပျော်ရွှင်ခြင်း

တိုးတက်မှုမြန်ဆန်နေတဲ့ ယနေ့ခေတ်မှာ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းခြင်းတွေ တဖြည်းဖြည်းနည်းလာပါတယ်။ စိတ်ဖိစီးမှုအမျိုးမျိုး နေ့စဉ်မပြတ် ကြုံတွေ့ရပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် ရောဂါတွေဝင်ရောက်လာတာနဲ့ အသက်သေဆုံးတာတွေဖြစ်ပေါ်လာပါတယ်။  ပျော်ရွှင်အောင်နေထိုင်ခြင်းက အရေးကြီးလာပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ဒီအရွယ်ကတည်းက ပျော်ရွှင်အောင် စိတ်ခံစားချက်ကို ဘယ်လိုထားရမယ်ဆိုတာ သင်ကြားပေးရပါမယ်။

၂။ ကြင်နာခြင်း

ကလေးငယ်တွေ ကြင်နာတတ်တဲ့စိတ်ထားလေးရှိအောင် လေ့ကျင့်သင်ကြားပေးရပါမယ်။ ကြင်နာတတ်တဲ့ စိတ်ထားလေးက အရွယ်ရောက်လာတဲ့အခါ လူကြီးလူကောင်းပီသစေပြီး ပတ်ဝန်းကျင်က လေးစားအားကျရသူ ဖြစ်လာမှာပါ။

၃။ နားထောင်နိုင်စွမ်း

ကလေးငယ်ကို နောက်ထပ်သင်ကြားပေးသင့်တာကတော့ နားထောင်နိုင်တဲ့ စွမ်းရည်ပါ။ နားထောင်နိုင်တဲ့စွမ်းရည်က ကလေးငယ်နဲ့သက်ဆိုင်တဲ့ ပတ်ဝန်းကို အထောက်အကူပြုလာပါလိမ့်မယ်။

၎။ သိချင်စိတ်

ကလေးငယ်ရဲ့ သိလိုစိတ်၊ သိချင်စိတ်ကို ဒီအရွယ်ကတည်းက နှိုးဆွပေးထားရပါမယ်။ နောင်တချိန်မှာ ကလေးငယ်ကို အောင်မြင်သူတစ်ဦးအဖြစ် မြင်တွေ့လိုတယ်ဆိုရင်တော့ အခုချိန်ကတည်းက သိလိုစိတ်၊ သိချင်စိတ်နဲ့ စူးစမ်းချင်စိတ်ကို နှိုးဆွပေးရပါမယ်။

နောင်တချိန် မိသားစု၊ ရပ်ကွက်၊ နိုင်ငံ အတွက် အားကိုးအားထားရသူဖြစ်လာအောင် အခုချိန်ကတည်းက စိတ်ဓါတ်ပိုင်းဆိုင်ရာ သင်ကြားမှုတွေ ပြုလုပ်ပေးထားပါ (Photo by iStock)

၅။ စာနာခြင်း

ယနေ့အချိန်မှာ ရှားပါးလာတဲ့ အရာတစ်ခုကတော့ စာနာခြင်းပါ။ တဖက်သားကို စာနာတတ်တဲ့စိတ် တဖြည်းဖြည်းနည်းလာတာကို တွေ့ရပါတယ်။ တဖက်သားကို စာနာတတ်တဲ့စိတ်နည်းလာတာက ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်လာစေပါတယ်။

၆။ လက်ခံခြင်း

ဖြစ်တည်မှု၊ အရှုံး၊ အနိုင် စတဲ့ ရလာဒ်တွေကို လက်ခံနိုင်စွမ်းရှိအောင် အခုချိန်ကတည်းက လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။

၇။ အမှန်တရား

အမှန်တရားကို မြတ်နိုး၊ချစ်ခင် တတ်အောင် အခုချိန်ကတည်းက သင်ကြားပေးထားရပါမယ်။

နောင်တချိန်မှာ မိသားစု၊ ရပ်ကွက်၊ နိုင်ငံ အတွက် အားကိုးအားထားရသူဖြစ်လာအောင် အခုချိန်ကတည်းက စိတ်ဓါတ်ပိုင်းဆိုင်ရာ သင်ကြားမှုတွေ ပြုလုပ်ပေးထားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles