(၁၅) လအရွယ်မှာ လိုချင်တာမရလို့ဝုန်းဒိုင်းကြဲတာ ဖွံ့ဖြိုးမှုလက္ခဏာ

by: Swe Mar
 0 comments  18 love

ကလေးက အော်ဟစ်နေပြီဆိုရင် စိတ်ငြိမ်သက်သွားအောင်လုပ်ဖို့ အာရုံလွှဲလို့ရတာ တစ်ခုခုလုပ်ဆောင်ပါ။ စိတ်ဝင်စားမယ့် အရုပ်(ဒါမှမဟုတ်) မျက်စိရှေ့တွေ့တာတစ်ခုခုကို ပြပါ။

(၁၅) လအရွယ်ကလေးငယ်တွေဟာ သူတို့လိုချင်တာကို ရဖို့ဖော်ပြဖို့ သင်ယူကြတယ်။ သူတို့ရဲ့ အသံတွေဖြစ်တဲ့  ဘာ ဘာ ဒါ ဒါ ဂါ ဂါ စတဲ့ စတဲ့ စကားတွေနဲ့ လိုချင်တာကို ညွှန်ပြပြီး ပြောတတ်တယ်။ သူတို့လိုချင်တာကို မရတဲ့အခါ သူတို့က ဆူပူအော်ဟစ်တော့တယ်။ ဒီလို လိုတာမရလို့ ဝုန်းဒိုင်းကြဲသလို အပြုအမူက စိတ်ပျက်စရာဆိုပေမယ့်လည်း ဒီလိုအပြုအမူကသာ (၁) နှစ် (၃) လအရွယ်ကလေးတွေရဲ့ တိုးတက်မှု လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလို ရုတ်ခြည်းဖြစ်ပေါ်လာတဲ့ စိတ်ဆိုးအော်ဟစ်တဲ့အခါ မေမေတို့က စိတ်အေးအေးထားပါ။ သူတို့ စိတ်ငြိမ်သက်သွားအောင်လုပ်ဖို့ အာရုံလွှဲလို့ရတာ တစ်ခုခုလုပ်ဆောင်ပါ။ စိတ်ဝင်စားမယ့် အရုပ်(ဒါမှမဟုတ်) မျက်စိရှေ့တွေ့တာတစ်ခုခုကို ပြပါ။

(၁၅)လအရွယ်တွေရဲ့ ဒီလို ပြုမူမှုဟာ သာမန်ဖွံ့ဖြိုးမှုလက္ခဏာဆိုပေမယ့် (၁၅)လအရွယ်ကလေးတိုင်းကတော့ ဖွံ့ဖြိုးမှု မြန်ဆန်နေတာမဟုတ်ပါဘူး။ အချို့ကလေးတွေကတော့ နောက်ကျမှ ဖြစ်ပေါ်တတ်ပါတယ်။ အချိန်မတိုင်ခင် မွေးဖွားလာတဲ့ ကလေးတွေဆိုရင်တော့ တော်တော်နောက်ကျမှ ဖြစ်ပါတယ်။

အရုပ်ဆက်တဲ့ ကစားနည်းလေးတွေ ကစားတတ်ဖို့ စတင်လေ့ကျင့်ပါ

အရုပ်ဆက်တဲ့ ကစားနည်းလေးတွေ ကစားတတ်ဖို့ စတင်လေ့ကျင့်ပါ

(၁၅)လအရွယ်ကလေးတွေ စတင် ကစားသင့်တဲ့ ဉာဏ်စမ်းကစားစရာ

(၁၅)လအရွယ်ကလေးတွေ စတင် ကစားသင့်တဲ့ ဉာဏ်စမ်းကစားစရာ

လိုချင်တာကို ဆွဲချမယ်၊ လက်နဲ့ ညွှန်ပြမယ်၊ ဝူးဝူးဝါးဝါးအော်မယ်။ မေမေတို့က သူတို့လိုချင်တာလေးတွေကို ပေးနိုင်ရင်လဲပေးပါ။ စာအုပ်လေးတွေ ဖတ်ပြပါ။ စကားလေးတွေ မမ ဘဘလေးတွေ စပြောနေပြီ။ သူတို့ခန္ဓာကိုယ်က အစိတ်အပိုင်းလေးတွေကို ညွှန်ပြခိုင်းပါ။ ဥပမာ နှာခေါင်းလေးက ဘယ်မှာလဲဆိုတာမေးပြီး သူတို့ကို ပြခိုင်းပါ။

ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအရကတော့ အကူအညီမပါပဲ လမ်းလျောက်တယ်။ ရေသောက်နိုင်တယ်၊ မတ်တပ်ရပ်ရင်း ကျနေတာကို ကောက်ယူနိုင်တယ်။ စာရွက်ပေါ်မှာ ခဲတံနဲ့ ရေးခြစ်နိုင်တယ်။ မကြိုက်တာတွေကို အမူအယာနဲ့ သေချာပြနိုင်တယ်( ဥပမာ ရေချိုးတာ၊ အသံဆူညံတာ၊ သူစိမ်းဆိုရင် အကပ်မခံတာ)၊  သူနဲ့ အနေများတဲ့ သူတွေကိုပိုပြီးတွယ်တာတယ်။

မေမေတို့ ပြောတဲ့ စကားတွေကို နားလည်တယ်၊ လိုက်နာတယ်။ လူကြီးတွေ လုပ်သလိုမျိုးလိုက်လုပ်တယ်( ဥပမာ တံမြက်စည်းလှည်းတာ) အဲဒီအချိန်မှာ ပြသနာကို ဖြေရှင်းတဲ့ အကျင့်ကို စကျင့်ပေးလို့ရပါပြီ။  ကလေးကစားစရာပစ္စည်းလေးတွေမှာ အံခွက်ထဲ အရုပ်လေးတွေ ဝင်အောင် ကစားရတဲ့ ကစားနည်းလေးတွေနဲ့ စတင်ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles