ကလေးငယ်တွေမှာလည်း စိတ်ဖိစိမှုတွေရှိနေတယ်ဆိုရင် မေမေတို့အံ့သြသွားမလား။ ကလေးငယ်တွေမှာလည်း မေမေတို့နဲ့နည်းတူ စိတ်ဖိစီးမှုတွေရှိပါတယ်။ စိတ်ဖိစီးမှုတွေများလာပြီဆိုရင် ဆီးချို၊ ပန်းနာရင်ကျပ်၊ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်၊ အဆစ်အမြစ်နာကျင်တာ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါများဖြစ်ပေါ်လာနိုင်ပါတယ်။

Image : Motherly
ကလေးငယ်တွေရဲ့ စိတ်ဖိစီးမှု ဖြစ်ပေါ်ရာနေရာများ
စိန်ခေါ်မှုအသစ်တွေကို တုန့်ပြန်တာကနေစပြီး စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာတာပါ။ မိသားစု၊ သူငယ်ချင်း၊ ကျောင်း စတဲ့နေရာတွေကနေ ကလေးငယ်တွေ စိတ်ဖိစီးမှု ရပါတယ်။
(၁) ကြောက်ရွံ့ခြင်း
အိမ်မှာ မေမေဖေဖေတို့ကို ကြောက်ရတဲ့ သားသားမီးမီးလေးတွေဟာ စိတ်ဖိစီးမှုများပါတယ်။ နောက်ပြီး မူကြိုသွားခါနီးအချိန်မှာလည်း ကလေးငယ်တွေမှာ စိတ်ဖိစီးမှု မြင့်တက်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေကို အကြောက်တရားနဲ့ မအုပ်ချုပ်ဘဲ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆက်ဆံရေးရှိဖို့ လိုပါတယ်။ မူကြိုသွားခါနီးမှာ စိတ်ဖိစီးမှုတွေမဖြစ်အောင် ကလေးငယ်ကို နားလည်အောင် ရှင်းပြပါ။
(၂) ပတ်ဝန်းကျင်
ကျောင်းစတတ်တဲ့ကလေးငယ်တွေမှာလည်း ပတ်ဝန်းကျင်အသစ်ကြောင့် စိတ်ဖိစီးမှုတွေရှိလာပါတယ်။ ကလေးငယ်ဟာ ပတ်ဝန်းကျင်နဲ့ နေသားကျသွားတဲ့အချိန်မှာတော့ ဒီစိတ်ဖိစီးမှုတွေ ပျောက်သွားပါတယ်။
(၃) အိမ်
ကလေးငယ်ရဲ့ အပြုအမူနဲ့ ဝါသနာတွေက ပတ်ဝန်းကျင်နဲ့ အဆင်မပြေဘူးဆိုရင်လည်း စိတ်ဖိစီးမှုတွေ ဖြစ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မိဘနှစ်ပါးကွာရှင်းခြင်း၊ မိသားစုဝင်တစ်ဦး သေဆုံးခြင်း၊ ရိုက်နက်ခြင်း စတဲ့ပြဿနာတွေကြောင့် ကလေးငယ်မှာ စိတ်ဖိစီးမှု များလာနိုင်ပါတယ်။
(၄) တခြားပြဿနာများ
နေမကောင်းတာ၊ အိမ်မှာ ငွေကြေးအကျပ်အတည်းကြုံရတာနဲ့ တီဗီအကြည့်များတွေကလည်း ကလေးငယ်ကို စိတ်ဖိစီးမှု တိုးလာစေပါတယ်။

ကျောင်းစတက်တဲ့ကလေးငယ်တွေမှာလည်း ပတ်ဝန်းကျင်အသစ်ကြောင့် စိတ်ဖိစီးမှုတွေရှိလာပါတယ် (Photo by HuffPost)
ကလေးငယ်မှာ စိတ်ဖိစီးမှုများနေတာ ဘယ်လိုသိနိုင်လဲ
- စကားပြောညံ့ဖျင်းခြင်း
- သင်ယူနိုင်စွမ်းနိမ့်ခြင်း
- ကျောင်းမှာ အာရုံစိုက်သင်ဖို့ ခက်ခဲခြင်း
- မှတ်ဥာဏ်မှာ ပြဿနာရှိနေခြင်း
- ရန်လိုတဲ့အပြုအမူတွေများနေခြင်း
- နှုတ်ကြမ်းခြင်း
- အနိုင်ယူလိုစိတ်ပြင်းထန်ခြင်း
- မိတ်ဆွေတွေနဲ့ ပေါင်းသင်းဖို့ အခက်အခဲရှိခြင်း
- လွဲမှားတဲ့ အပြုအမူတွေ ပြုလုပ်ခြင်း
- အာရုံစူးစိုက်မှုနည်းခြင်း
- အလွန်အကျွံအော်ဟစ်ငိုခြင်း
- ဒေါသကြီးပြီး ဝုန်းဒိုင်းကြဲပြုလုပ်ခြင်း
- ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်း
- စိုးရိပ်ပူပန်ကြောက်ရွံ့ခြင်း
- အပြုအမူကြမ်းတမ်းခြင်း
- စိတ်တိုလွယ်ခြင်း
- လူတွေကို ကြောက်ရွံ့ခြင်း
- အိပ်မပျော်ခြင်း ဒါမှမဟုတ် အိပ်ချိန်နည်းခြင်း
- ဗိုက်နာခြင်း
- ကိုယ်အလေးချိန်နည်းခြင်း
- အစားစားချင်စိတ်မရှိခြင်း
- အစာခြေရာမှာ ပြဿနာရှိလာခြင်း
- အိမ်မက်ဆိုးမက်ခြင်းနဲ့
- အိပ်နေချိန်မှာ ဆီးသွားခြင်းတို့ ကြုံရပါတယ်။
အထက်မှာပြောပြထားတဲ့ ပြဿနာတွေကို သားသားမီးမီးလေးတွေဆီိမှာရှိနေပြီဆိုရင် မေမေတို့ အနေနဲ့ စိတ်ဖိစီးမှုတွေနည်းအောင် ပြုလုပ်ပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments