ကလေးငယ်ရဲ့ ဘယ်အသက်အရွယ်မှာ အင်္ဂလိပ်စကား စသင်ပေးမလဲ

by: Nang Htwe
 0 comments  0 love

တချို့မေမေတွေဆိုရင် ကလေးငယ်ကို ဘာသာစကား အနည်းဆုံး (၂)မျိုးကနေ (၃)မျိုးအထိ သင်ကြားပေးဖို့ စိတ်အားထက်သန်နေပါတယ်

ယနေ့ခေတ်အခြေအနေအရ အနည်းဆုံး ဘာသာစကား(၂)မျိုး တတ်ထားဖို့ လိုအပ်နေပါပြီ။ ဘာသာစကားတစ်ခု ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ဖို့ဆိုတာ ငယ်စဉ်ကတည်းက အခြေခံပါပါ စနစ်တကျ သင်ကြားဖို့ လိုအပ်ပါတယ်။ မိခင်ဘာသာစကားပြီးရင် ဒုတိယတတ်မြောက်ထားသင့်တဲ့ စကားကတော့ အင်္ဂလိပ်စကားပဲဖြစ်ပါတယ်။ ကလေးငယ်အတွက် ဘာသာစကားက အလွန်အရေးကြီးလာတာကို မေမေတို့လက်ခံလာကြပြီး သင်ကြားပေးဖို့ ပြင်ဆင်ကြပါတယ်။

ကလေးငယ်ရဲ့ ပညာရေး အစီအစဉ်တွေထဲမှာ ဘာသာစကားသင်ကြားဖို့လည်း ထည့်သွင်းထားလာပါတယ်။ တချို့မေမေတွေဆိုရင် ကလေးငယ်ကို ဘာသာစကား အနည်းဆုံး (၂)မျိုးကနေ (၃)မျိုးအထိ သင်ကြားပေးဖို့ စိတ်အားထက်သန်နေပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီး ကလေးငယ် လိုက်နိုင်သလောက် မေမေတို့ သင်ကြားပေးချင်ကြပါတယ်။

Image result for point to a book

ဘာသာစကားတွေက ကလေးငယ်ရဲ့ အနာဂါတ်အတွက် အလွန်အရေးကြီးပါတယ် (Photo by Hoopla)

ကလေးငယ်ရဲ့အနာဂါတ်နဲ့ ဘာသာစကား

ဘာသာစကားတွေက ကလေးငယ်ရဲ့ အနာဂါတ်အတွက် အလွန်အရေးကြီးပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်အောင်မြင်ဖို့အတွက် မိခင်စကားအပြင် တခြားဘာသာစကားတွေတတ်ထားရပါမယ်။ ကလေးငယ်ရဲ့ အနာဂါတ်မှာ ပညာသင်ဆုနဲ့ နိုင်ငံခြားပညာတော်သင်သွားဖို့ ဘာသာစကား အနည်းဆုံး (၂)မျိုး တတ်ဖို့ လိုလာပါပြီ။ ခေတ်အခြေအနေအရ ကလေးငယ်ရဲ့ အနာဂါတ်အောင်မြင်မှုက ဘာသာစကားနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။

အင်္ဂလိပ်စကား စသင်ပေးမယ့်အရွယ်

အင်္ဂလိပ်စကားကို သားသားမီးမီးလေးတွေရဲ့ အသက်(၂) နှစ်ခွဲမှာ စပြီး သင်ကြားပေးလို့ရပါပြီ။ အသက်(၂) နှစ်ခွဲနဲ့ (၃) နှစ်အတွင်းမှာ သားသားမီးမီးလေးတွေရဲ့ သင်ယူမှုအားကောင်းချိန်ဖြစ်ပါတယ်။ ဘယ်အရာမဆို သင်ယူဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မြင့်တက်နေချိန် ဖြစ်တာကြောင့် အင်္ဂလိပ်စကားကို စနစ်တကျ သင်ပေးမယ်ဆိုရင် အလွယ်တကူ တက်မြောက်နိုင်ပါတယ်။ အခြေခံပါသွားနိုင်ပါတယ်။

Image result for 3 years old asian baby learn books

အင်္ဂလိပ်ပုံပြင်စာအုပ်တွေ ဖတ်ပြပေးတာမျိုးနဲ့ စတင် သင်ကြားပေးနိုင်ပါပြီ (Photo by LA County Library)

အင်္ဂလိပ်စာကို ဘယ်လိုသင်ပေးမလဲ

အင်္ဂလိပ်စာလုံးလေးကို ရေးထားတဲ့ ကတ်ပြားလေးတွေနဲ့ ကစားခိုင်းတာ၊ အင်္ဂလိပ်သီချင်းနားထောင်းစေတာ၊ အင်္ဂလိပ်ပုံပြင်စာအုပ်တွေ ဖတ်ပြပေးတာမျိုးနဲ့ စတင် သင်ကြားပေးနိုင်ပါပြီ။ နောက်တဆင့်အနေနဲ့ ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် သင်ကြားပေးတဲ့ အင်္ဂလိပ်စာ သင်တန်းလေးတွေမှာလည်း ထားပေးပါ။ အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေကို ဖြေဆိုခိုင်းပါ။ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ကလေးငယ်ရဲ့ ကျွမ်းကျင်မှုကို မကြာခဏ စစ်ဆေးပါ။ ဒီလိုစစ်ဆေးပေးမှသာ ကလေးငယ်ရဲ့ လိုအပ်ချက်တွေကို သိလာမှာပါ။

သားသားမီးမီးလေးတွေရဲ့ အသက်(၂) နှစ်ခွဲနဲ့ (၃) နှစ်အတွင်းမှာ အင်္ဂလိပ်နဲ့ တခြားဘာသာစကားတွေ စပြီး သင်ကြားပေးလို့ရနိုင်ပါပြီနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x