ပူတူးတူးလေးတွေက မေမေတို့ရဲ့လက်ထဲမှာ ဘယ်လိုကြီးလာကြတာလဲ

by: Nang Htwe
 0 comments  1 love

သားသားမီးမီးလေးတွေက တစ်ယောက်နဲ့တစ်ယောက် ကြီးထွားဖွံ့ဖြိုးနှုန်းမတူညီတာကြောင့် တခြားကလေးငယ်တွေနဲ့ မနှိုင်းယှဉ်ဖို့ မေမေဖေဖေတို့ သတိထားပါ။

သားသားမီးမီးလေးတွေက ကြီးထွားမြန်ကြပါတယ်။ မေမေဖေဖေတို့ရဲ့ ရှေ့မှာပဲ တစ်ရက်ပြီးတစ်ရက်နဲ့ အရွယ်ရောက်လာတာပါ။ သူတို့လေးတွေနဲ့ နေရတဲ့ နေ့ရက်တွေက မေမေဖေဖေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ နေ့ရက်လေးတွေပါပဲ။ တကယ်တော့ သားသားမီးမီးလေးတွေကို ပြုစုစောင့်ရှောက်ရတာ မလွယ်လှပါဘူး။ သူတို့လေးတွေရဲ့ ကျန်းမာရေး၊ ပျော်ရွင်မှု၊ အစားအသောက်၊ ပညာရေးနဲ့ ကျန်းမာရေးတို့ကိုလည်း စနစ်တကျ စောင့်ရှောက်ရပါမယ်။ နုနယ်လွန်းတဲ့ သားသားမီးမီးလေးတွေမှာ ပြင်ပက ရောဂါအန္တရာယ်တွေဝိုင်းနေပါတယ်။ မေမေဖေဖေတို့ သတိတစ်ချက်မှားလိုက်ရုံနဲ့ သားသားမီးမီးလေးတွေ အန္တရာယ်ရှိစေပါတယ်။ သားသားမီးမီးလေးတွေ လအလိုက် ကြီးပြင်းလာမယ့် လက္ခဏာလေးတွေကိုလည်း သိထားဖို့လိုအပ်ပါတယ်။

သားသားမီးမီးလေးတွေ လအလိုက်ဘယ်လိုကြီးပြင်းလာမယ့် လက္ခဏာလေးတွေကိုလည်း သိထားဖို့လိုအပ်ပါတယ် (Photo by hanakobabyshop)

သားသားမီးမီးလေးတွေ လအလိုက် ကြီးထွားလာမယ့် လက္ခဏာများ

၁။ (၁)လ

  • အမြင်အာရုံခွဲခြားနိုင်လာခြင်း
  • စကား၊ အသံနဲ့ အနံ့တွေကို ခွဲခြားသိလာခြင်း
  • ဦးခေါင်းရွေ့ဖို့ ကြိုးစားလာခြင်း
  • ပြုံးပြဖို့ စတင်ကြိုးစားလာခြင်း

၂။ (၁-၃)လ

  • အသံတွေကို ပြန်လည် တုန့်ပြန်နိုင်လာခြင်း
  • စိတ်ခံစားချက်ကို မျက်နှာအမူအရာနဲ့ပြလာခြင်း
  • ဦးခေါင်းလှုပ်ရှားမှု လုပ်နိုင်လာခြင်း
  • ရွေ့လျားဖို့ စတင်ကြိုးစားလာခြင်း
  • အရာဝတ္ထုတွေကို ကောင်းကောင်းဆုပ်ကိုင်ဖို့ ကြိုးစားလာခြင်း

မေမေဖေဖေတို့ရဲ့ ရှေ့မှာပဲ တစ်ရက်ပြီးတစ်ရက်နဲ့ အရွယ်ရောက်လာတာပါ (Photo by hanakobabyshop)

၃။ (၃-၆)လ

  • ဝမ်းလျားမှောက်သွားဖို့ ကြိုးစားလာပြီး ပစ္စည်းတွေကို လှမ်းဆွဲယူလာခြင်း
  • လက်၊ ခြေတို့နဲ့ ကစားခြင်း
  • မေမေတို့အကူအညီနဲ့ ထိုင်နိုင်လာခြင်း
  • သီချင်းသံလေးတွေကြားတဲ့အခါမှာ ပျော်ရွင်လာခြင်း
  • ရိုးရှင်းတဲ့ ဂိမ်းတွေကို ပိုမိုစိတ်ဝင်စားခြင်း
  • မေမေဖေဖေတို့ရဲ့ အသံနဲ့ မျက်နှာကို မှတ်သားထားခြင်း
  • မွေးခါစကိုယ်အလေးချိန်ထက် နှစ်ဆဖြစ်လာခြင်း

၎။ (၆-၉)လ

  • အကူအညီမပါဘဲ ထိုင်နိုင်လာခြင်း
  • မတ်တပ်ရပ်ဖို့ ကြိုးစားလာခြင်း
  • လေးဘက်ထောက်သွားနိုင်လာခြင်း
  • ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်လာခြင်း
  • အံသွားစတင်ပေါက်လာခြင်း
  • ဖြည်စွက်စာ စားလာခြင်း

၅။ (၉-၁၂)လ

  • အကူအညီမလိုဘဲ ထိုင်နိုင်လာခြင်း
  • တန်းကိုကိုင်ပြီး မတ်တပ်ရပ်နိုင်လာခြင်း
  • စကားစတင်ပြောဖို့ ကြိုးစားလာခြင်း
  • ပတ်ဝန်းကျင်နဲ့ဆက်သွယ်မှု အားကောင်းလာခြင်း

သားသားမီးမီးလေးတွေ ကြီးထွားမှု မြန်စေချင်တယ်ဆိုရင်တော့ မေမေဖေဖေတို့က စနစ်တကျ ပြုစုစောင့်ရှောက်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video