ပျော်ရွှင်ကျန်းမာနေတဲ့ ကလေးတစ်ယောက်ရဲ့ လျို့ဝှက်ချက်များ

by: Nang Htwe
 0 comments  0 love

ကလေးတွေ အာဟာရပြည့်ဝနေမှသာ ကလေးသဘာဝ ပြေးလွှားဆော့ကစားတာတွေ၊ ပညာသင်ယူတာတွေနဲ့ တခြားလှုပ်ရှားမှုတွေ ကောင်းကောင်း ပြုလုပ်သွားနိုင်မှာပါ

အာဟာရပြည့်ဝတဲ့ သားသားမီးမီးတွေ ပျော်ရွှင်ကြပါတယ်။ ဒါကြောင့် ပညာရှင်တွေက ကလေးငယ်တွေ အာဟာရပြည့်ဝအောင် ကျွေးဖို့ တိုက်တွန်းကြတာပါ။ သက်ဆိုင်ရာ အစိုးရနဲ့ တာဝန်ရှိသူတွေကလည်း ကလေးတွေ အာဟာရပြည့်ဝဖို့ အစီအစဉ်တွေပြုလုပ်ကြပါတယ်။ သားသားမီးမီးတွေ အာဟာရပြည့်ဝနေမှသာ ကလေးသဘာဝ ပြေးလွှားဆော့ကစားတာတွေ၊ ပညာသင်ယူတာတွေနဲ့ တခြားလှုပ်ရှားမှုတွေ ကောင်းကောင်း ပြုလုပ်သွားနိုင်မှာပါ။

အာဟာရပြည့်ဝတဲ့ သားသားမီးမီးတွေ ပျော်ရွှင်ကြပါတယ် (Photo by United Way of the Lower Mainland )

သန်စွမ်းကျန်းမာခြင်း

အာဟာရပြည့်ဝမှာ စာကောင်းကောင်းသင်နိုင်မှာဖြစ်သလို ပြေးလွှားဆော့ကစားဖို့အတွက်လည်း သန်စွမ်းနေမှာပါ။ ပရိုတိန်း၊ ဗီတာမင်၊ သတ္ထုဓါတ်နဲ့ တခြားအာဟာရတွေမရှိဘဲ သားသားမီးမီးတွေ တတ်တတ်ကြွကြွ နေနိုင်မှာ မဟုတ်ပါဘူး။

ပေါင်းသင်းဆက်ဆံရေး

ကျောင်းမှာ ကိုယ့်ရဲ့ သားသားမီးမီးတွေ သူငယ်ချင်းတွေနဲ့ အဆင်မပြေမှာ၊ မပေါင်းတတ်မှာ စိုးရိမ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့ အဆင်မပြေဘူးဆိုရင် ‌ကျောင်း‌ပျော်မှာ မဟုတ်ပါဘူး။ အဟာရပြည့်ဝတဲ့ သားသားမီးမီးတွေက ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေကြပါတယ်။ သူငယ်ချင်းတွေနဲ့ တန်းတူစာလိုက်နိုင် ပြေးလွှားဆော့ကစားနိုင်လာဖို့ အာဟာရပြည့်ဝအောင် ကျွေးပါ။

အာဟာရပြည့်ဝတဲ့ သရေစာကိုသာ ရွေးချယ်ကျွေးပါ (Photo by Journal Métro )

အရေးကြီးတဲ့ မနက်စာ

သားသားမီးမီးတွေ အရပ်ရှည်ဖို့၊ သွားနဲ့ အရိုးသန်စွမ်းဖို့၊ ပြေးလွှားလှုပ်ရှားမှုအတွက် စွမ်းအင်တွေရှိနေဖို့ အတွက် အာဟာရပြည့်ဝဖို့ အရေးကြီးလိုအပ်ပါတယ်။ အစားအသောက်တွေဟာဆိုရင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအပေါ်လည်း သက်ရောက်ပါတယ်။ အထူးသဖြင့် အာဟာရှိတဲ့ မနက်စာကို နေ့တိုင်းရရှိဖို့ လိုအပ်ပါတယ်။ မနက်စာမမီလို့ မစားမိတာ၊ မကျွေးလိုက်ရတာနဲ့ ဖြစ်သလိုကျွေးတာမျိုး လုံးဝရှောင်ပါ။

အာဟာရပြည့်ဝတဲ့ အစားအသောက်အရင်းအမြစ်

သားသားမီးမီးတွေ အာဟာရပြည့်ဝဖို့ အစားအသောက်တွေကို အိမ်ကနေပဲ ရရှိပါတယ်။ မေမေတို့စီမံပေးရပါမယ်။ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ မနက်စာမှာ နို့တစ်ခွက်ထည့်ပေးပါ။ အသားငါးကျွေးဖို့ မမေ့ပါနဲ့။ ဟင်းသီးဟင်းရွက်တွေကို များများကျွေးပါ။ အာဟာရပြည့်ဝတဲ့ သရေစာကိုသာ ရွေးချယ်ကျွေးပါ။ ထမင်းကျွေးတဲ့အခါ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ပဲ တို့နေ့တိုင်း ပါဝင်သင့်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ မနက်စာမှာ နို့တစ်ခွက်ထည့်ပေးပါ။ အာဟာရပြည့်ဝတဲ့ သရေစာအတွက် နို့နဲ့ ပြုလုပ်ထားတဲ့ ပူတင်း၊ နို့နဲ့ အသီးအနှံဖျော်ရည်၊ ဒိန်ချဉ်၊ ကလေးတွေအတွက် ထုတ်ထားတဲ့ ချိစ့် တို့ကို ကျွေးနိုင်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x