မူကြိုတက်နေတဲ့ သားသားမီးမီးလေးတွေ ဖွံ့ဖြိုးမှု မြန်ဆန်စေဖို့

by: Nang Htwe
 0 comments  0 love

ကလေးငယ်တွေရဲ့ အတွေးအခေါ်စွမ်းရည်ဟာဆိုရင် သူတို့ကြီးပြင်းလာတဲ့ မိသားစုအပေါ်မှာ အများကြီးမူတည်နေပါတယ်

မူကြိုစထားဖို့ အကောင်းဆုံးအရွယ်ကတော့ (၃)နှစ်ကနေ (၅)နှစ်အတွင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ သားသားမီးမီးလေးတွေဟာ အရောင်တွေရဲ့ အမည်၊ တုန့်ပြန်နိုင်စွမ်း၊ ခုန်ပေါက်ပြေးလွှားတာတွေ ကျွမ်းကျွမ်းကျင်ကျင်ပြုလုပ်လာနိုင်ပါပြီ။ နောက်ပြီး ကစားတာ၊ သင်ယူတာ၊ စကားပြောတာ၊ အမူအရာနဲ့ အပြုအမူတွေလည်း တိုးတက်နေပါပြီ။ လမ်းလျှောက်တာ၊ ခုန်တာနဲ့ သွားတာတွေလည်း ကျွမ်းကျင်နေပါတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ဖွံ့ဖြိုးမှု စောတာ၊ နှောက်ကျတာနဲ့ နှေးကွေးတာတွေ သက်ရောက်စေပါတယ်။

သားသားမီးမီးလေးတွေဟာ အရောင်တွေရဲ့ အမည်၊ တုန့်ပြန်နိုင်စွမ်း၊ ခုန်ပေါက်ပြေးလွှားတာတွေ ကျွမ်းကျွမ်းကျင်ကျင်ပြုလုပ်လာနိုင်ပါပြီ (Photo by Center on Media and Child Health)

ကလေးငယ်တွေရဲ့ အတွေးအခေါ်စွမ်းရည်ဟာဆိုရင် သူတို့ကြီးပြင်းလာတဲ့ မိသားစုအပေါ်မှာ အများကြီးမူတည်နေပါတယ်။ နားလည်လွယ်တာနဲ့ စကားပြောတတ်တာတွေကလည်း ပတ်ဝန်းကျင်နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါကြောင့် မေမေဖေဖေတို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုအပေါ် အများကြီးမူတည်နေပါတယ်။

ကလေးငယ်တွေ အကောင်းမြင်တဲ့စိတ် တိုးတက်လာဖို့

  • ကလေးငယ်တွေကို အသက်ရွယ်အလိုက် စာအုပ်တွေဖတ်ခိုင်းပါ။
  • ရိုးရှင်းပြီးလွယ်ကူတဲ့ အိမ်မှုကိစ္စတွေကို ပြုလုပ်ခိုင်းပါ။
  • တခြားကလေးငယ်တွေနဲ့ အတူတူဆော့ဖို့ အားပေးပါ။ ခွဲဝေပေးတာနဲ့ ခင်မင်မှုကို တန်ဖိုးထားတတ်အောင် လေ့ကျင့်ပေးပါ။
  • ကလေးငယ်ကို ရှင်းရှင်းလင်းလင်း ဆုံးမပါ။ နားလည်နိုင်တဲ့ စကားလုံးတွေကိုသာ အသုံးပြုပါ။
  • စကားလုံးတွဲတွေကို ကြိုးစားဖတ်ခိုင်းပါ။ ဒါမှသာ စကားပြောနိုင်တဲ့ စွမ်းရည်တိုးတက်လာမှာပါ။
  • ကလေးငယ်ပြဿနာကြုံလာတဲ့အခါ သူတို့လေးတွေကိုယ်တိုင်ဖြေရှင်းခိုင်းပါ။ မေမေတို့က ဘေးကနေ အကူအညီပေးပါ။
  • ကလေးငယ်ကို ရွေးချယ်ခွင့် မကြာခဏ ပေးပါ။ ဥပမာ အဝတ်အစားရွေးချယ်ပြီးဝတ်ခိုင်းတာ၊ အရုပ်လေးတွေ ရွေးချယ်ဆော့ကစားခိုင်းတာနဲ့ ဈေးဝယ်ထွက်တဲ့အခါ ကြိုက်နှစ်သက်တာကို ရွေးချယ်ဝယ်ခိုင်းတာမျိုး ပြုလုပ်ပေးပါ။

ကလေးငယ်တွေအတွက် လုံခြုံမှုပြည့်ဝတဲ့ ပတ်ဝန်းကျင်

  • လမ်းကူးတဲ့အခါ မှာ သတိထားပေးပါ။
  • စက်ဘီးစီးသင်တဲ့အခါ အကာအကွယ်ဝတ်ဆင်ပေးထားပါ။
  • ကလေးငယ်တွေ ဆော့ကစားတဲ့ ကစားကွင်းကို အမြဲစစ်ဆေးပေးပါ။
  • အပြင်ထွက်ဆော့မယ်ဆိုရင် အချိန်ကန့်သတ်ပေးပါ။
  • ရေကူးကန်ပို့တဲ့အခါ သတိထားပါ။
  • ကားစီးတဲ့အခါ ခါးပတ်ပတ်ပေးထားပါ။

ကလေးငယ်တွေကို အသက်ရွယ်အလိုက် စာအုပ်တွေဖတ်ခိုင်းပါ (Photo by FutureLearn)

ကလေးငယ်တွေ ကျန်းမာအောင်

  • ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားငါးနဲ့ အစေ့အဆန်တို့ကို မျှမျှတတကျွေးပါ။ နွားနို့ ဒါမှမဟုတ် ပဲနို့နဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ်ကျွေးပါ။ သကြား၊ အဆီနဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ရှားပါ။
  • တီဗီ ဒါမှမဟုတ် ဖုန်းကို တစ်ရက် (၁)နာရီ ဒါမှမဟုတ် (၂)နာရီလောက်သာ အသုံးပြုခိုင်းပါ။
  • အသက်အရွယ်အလိုက် ကစားစရာပစ္စည်းတွေကို ဝယ်ပေးထားပါ။
  • အိပ်ချိန်မှန်ပါစေ။

သားသားမီးမီးလေးတွေ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စေဖို့အတွက် မေမေတို့အနေနဲ့ အမြဲဂရုစိုက်စောင့်ရှောက်ပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x