ကလေးလေးတွေ ကျောင်းမှာပျော်ရွှင်အာင် ဘယ်လိုဖန်တီးပေးမလဲ

by: Nang Htwe
 0 comments  0 love

သားသားမီးမီးလေးတို့အတွက် ကျောင်းရွေးချယ်တဲ့အခါမှာ စာသင်ကြားပေးတဲ့ ကျောင်းတွေထက် သင်ကြားမှုတွေကို ပြင်ဆင်ပေးတဲ့ ကျောင်းအမျိုးအစားကိုသာ ရွေးချယ်ပေးပါ။

ကျောင်းဆိုတာ သားသားမီးမီးလေးတွေရဲ့ ဘဝမှာ အပြောင်းအလဲကာလတစ်ခုပါ။ သားသားမီးမီးလေးတွေ ပညာစသင်မယ့် အချိန်ရောက်လာပါပြီ။ သားသားမီးမီးလေးကို ဘာကြောင့် ကျောင်းတက်ရမယ်ဆိုတာ ရှင်းပြထားဖို့လိုပြီး အချိန်ဇယားတွေကိုလည်း ဆွဲထားပေးရပါမယ်။ သားသားမီးမီးလေးတွေကို ကျောင်းစထားတဲ့အခါမှာ မသွားချင်တာတွေနဲ့ ငိုတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ မေမေဖေဖေတို့ မခွဲဘူးသေးတာကြောင့် ကျောင်းသွားတဲ့အခါမှာ တစ်ယောက်ထဲကျန်နေရတာကြောင့် သားသားမီးမီးလေးတွေ ငိုကြတာပါ။ အချိန်ကြာသွားတဲ့အခါမှာတော့ သူငယ်ချင်းတွေနဲ့နေသားကျလာပြီး နောက်နေ့တွေကျောင်းသွားတဲ့အခါမှာတော့ မငိုတော့ပါဘူး။

ကျောင်းမှာ မကြာခဏ ပုံပြင်စာအုပ်တွေဖတ်ရခြင်းရဲ့ အကျိုးကျေးဇူးကတော့ သားသားမီးမီးလေးတွေမှာ စာဖတ်ဝါသနာပါသွားတာပါ (Photo by Novak Djokovic Foundation)

သားသားမီးမီးလေးတွေ ကျောင်းမှာ ပျော်ရွင်အောင်

သားသားမီးမီးလေးတွေ ကျောင်းမှာ ပျော်ရွှင်ဖို့ဆိုတာ မေမေဖေဖေတို့နဲ့ ဆရာဆရာမတွေရဲ့ လမ်းညွှန်မှုတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ကျောင်းမှာ သီချင်းဆိုတာ၊ ပုံပြင်ဖတ်ပြတာနဲ့ အဖွဲ့လိုက် ကစားတာတွေက သားသားမီးမီးလေးတို့ကို ပျော်ရွှင်စေပါတယ်။ အကျင့်ကောင်းလေးတွေလည်း ရရှိစေပါတယ်။ ကျောင်းရာက်တဲ့အခါမှာ ဆရာ၊ဆရာမတွေကို နှုတ်ဆက်တာနဲ့ မေမေဖေဖေတို့ကို အပြန်နှုတ်ဆက်တာတွေက သားသားမီးမီးလေးတွေအတွက် အကျင့်ကောင်းလေးတွေ ရရှိစေပါတယ်။

ဒီလိုအပြုအမူလေးတွေက သားသားမီးမီးလေးတွေအတွက် အကျင့်ကောင်းလေးတွေ ရရှိစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။ ကျောင်းမှာ ပျော်ရွင်လာတဲ့ သားသားမီးမီးလေးတွေက စာသင်ရတာ ပိုပြီးလွယ်ကူလာပါတယ်။ သူတို့လေးတွေမေးတဲ့ မေးခွန်းလေးတွေကို ဆရာ၊ဆရာမတွေက စိတ်ရှည်ရှည်ထားပြီး ဖြေပေးဖို့ အရေးကြီးပါတယ်။

ကျောင်းမှာ ပျော်ရွင်လာတဲ့ သားသားမီးမီးလေးတွေက စာသင်ရတာ ပိုပြီးလွယ်ကူလာပါတယ် (Photo by babycenter)

စာဖတ်ဝါသနာပါလာအောင်

ကျောင်းမှာ မကြာခဏ ပုံပြင်စာအုပ်တွေဖတ်ရခြင်းရဲ့ အကျိုးကျေးဇူးကတော့ သားသားမီးမီးလေးတွေမှာ စာဖတ်ဝါသနာပါသွားတာပါ။ ပုံပြင်ဖတ်တာက စာဖတ်ဝါသနာပါလာစေတဲ့အပြင် ဇာတ်ကောင်လေးတွေရဲ့ အပြုအမူနဲ့ ခံစားချက်တွေကိုလည်း နားလည်လာစေပါတယ်။ စိတ်ထားကောင်းပြီး တည်ငြိမ်တဲ့ သားသားမီးမီးလေးတွေ ဖြစ်လာစေပါတယ်။

အဖွဲ့လိုက်ကစားခြင်း

ကျောင်းမှာ အဖွဲ့လိုက်ကစားတာက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာပြီး ထက်မြတ်လာစေပါတယ်။ သွက်သွက်လက်လက်ဖြစ်လာပြီး လူမှုဆက်ဆံရေးတိုးမြင့်လာပါတယ်။ ပတ်ဝန်းကျင်ကို ပိုမိုနားလည်လာပြီး သူငယ်ချင်းတွေရဲ့ ခံစားချက်တွေကိုလည်း မျှဝေနားလည်လာပါတယ်။

သားသားမီးမီးလေးတွေ ကျောင်းမှာ ပျော်ရွှင်ဖို့ဆိုတာ မေမေဖေဖေတို့နဲ့ ဆရာဆရာမတွေရဲ့ လမ်းညွှန်မှုတွေအပေါ်မှာအများကြီးမူတည်နေတာကြောင့် ဖိအားတွေအများကြီးမပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

From Kalay with

Tag: childpreschooltoddler

Comments

0 comments
Latest video