ကလေးတိုင်း လိုအပ်တဲ့ ပုံမှန်ကြီးထွားမှုအတိုင်း ဖွံ့ဖြိုးစေဖို့

by: Nang Htwe
 0 comments  0 love

သားသားမီးမီးတွေရဲ့ အာဟာရလိုအပ်နှုန်းက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ နောက်ပြီး အသက်အရွယ်အလိုက်လည်း လိုအပ်တဲ့ ပမာဏ ကွာခြားသွားပါတယ်

အသက်(၂) နှစ်အောက်တုန်းက သားသားမီးမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခဲ့သလောက် အသက်(၂) နှစ်အထက်မှာတော့ ကြီးထွားဖွံ့ဖြိုးမှုအရှိန်က တည်ငြိမ်သွားပါတယ်။ အသက်(၉) နှစ်နဲ့ (၁၅) နှစ်ကြားမှ ကြီးထွားဖွံ့ဖြိုးမှု ပြန်ပြီး မြန်ဆန်လာပါတယ်။

Image result for normal growth and development"

သားသားမီးမီးတွေရဲ့ အာဟာရလိုအပ်နှုန်းက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး (Photo by FirstCry Parenting)

သားသားမီးမီးတွေအတွက် အလွန်အရေးကြီးတဲ့ အာဟာရ

ကြီးထွားဖွံ့ဖြိုးမှု အရှိန်တည်ငြိမ်နေတဲ့ အသက်(၂) နှစ်အထက် (၂) နှစ်နဲ့ (၅) နှစ်ကြားမှာ ပျှမ်းမျှ တစ်နှစ်ကို (၅) ပေါင်နှုန်း ကိုယ်အလေးချိန် တိုးလေ့ရှိပါတယ်။ ဒါက (၂) နှစ်အထက် သားသားမီးမီးတွေရဲ့ ပုံမှန်တိုးနေကျ ကိုယ်အလေးချိန်ပါ။ ဒီလိုအချိန်မှာ ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်အောင် အာဟာရဓါတ်တွေ ပိုလိုအပ်ပါတယ်။ မူကြိုတက်နေတဲ့ သားသားမီးမီးတွေနဲ့ ကျောင်းစတက်တဲ့ သားသားမီးမီးတွေမှာ သာမန်ထက် ကယ်လိုရီပိုလိုအပ်ပါတယ်။ စာသင်ကြားဖို့အတွက်၊ ပြေးလွှားဆော့ကစားဖို့အတွက်၊ လှုပ်ရှားသွားလာမှုအတွက် အစာအဟာရ ပြည့်ပြည့်စုံစုံရရှိသင့်ပါတယ်။

အသက်အရွယ်အလိုက် ကွာခြားသွားတဲ့ အာဟာရလိုအပ်ချက်ပမာဏ

သားသားမီးမီးတွေရဲ့ အာဟာရလိုအပ်နှုန်းက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ နောက်ပြီး အသက်အရွယ်အလိုက်လည်း လိုအပ်တဲ့ ပမာဏ ကွာခြားသွားပါတယ်။ ဒီအချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားတတ်အောင် စနစ်တကျ လေ့ကျင့်ပေးဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သားသားမီးမီးတွေမှာ ကောင်းတဲ့အလေ့အထတွေ သင်ကြားပေးထားမယ်ဆိုရင် အဝလွန်တာနဲ့ သွေးဖိအားမြင့်တက်တာတွေကို ကာကွယ်တားဆီးပြီးသား ဖြစ်သွားပါတယ်။

သားသားမီးမီးတွေ အာဟာရ မပြည့်ဝဘူးဆိုရင်

ဒီလိုအချိန်မှာ အာဟာရ မပြည့်ဝခဲ့ဘူးဆိုရင် သားသားမီးမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပြဿနာဖြစ်သွားနိုင်ပါတယ်။ သားသားမီးမီးတွေက ညံ့ဖျင်းတဲ့ အစားအသောက်တွေကိုပဲ စားနေတယ်ဆိုရင် ကျောင်းစာသင်ကြားမှုမှာလည်း မလိုက်နိုင်တဲ့ အခက်အခဲတွေ ကြုံလာရပါတယ်။ ကိုယ်ခံစွမ်းအားနည်းလာပြီး မကြာခဏ နေမကောင်းဖြစ်လာပါတယ်။ နောက်ဆက်တွဲကတော့ သားသားမီးမီးတွေ ကျောင်းမပျော်တော့တာပါ။ မူကြိုတက်နေတဲ့ သားသားမီးမီးလေးတွေ၊ ကျောင်းစတက်နေတဲ့ သားသားမီးမီးတွေအတွက် အရေးကြီးဆုံးကတော့ အာဟာရပြည့်ဝတဲ့ မနက်စာ ရရှိနေရေးပဲ ဖြစ်ပါတယ်။ အာဟာရပြည့်ဝတဲ့ မနက်စာဟာဆိုရင် တစ်နေကုန် လှုပ်ရှားမှုတွေနဲ့ သင်ကြားမှုတွေအတွက် အထောက်အကူအလွန်ရပါတယ်။ သားသားမီးမီးတွေရဲ့ တစ်နေ့တာ အစီအစဉ်တွေ ချောမွေ့စေပါတယ်။

သားသားမီးမီးအတွက် အရေးကြီးတဲ့ မနက်စာ

ဒါကြောင့် မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေရဲ့ မနက်စာကို အလေးအနက်ထား ကျွေးရပါမယ်။ မနက်စာထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ပါဝင်နေရပါမယ်။ အထူးသဖြင့် မနက်စာထဲမှာ နွားနို့တစ်ခွက် မဖြစ်မနေထည့်သွင်းပေးပါ။ ဥပမာ နွားနို့၊ ကြက်ဥ၊ စီရီရယ် ဒါမှမဟုတ် နွားနို့၊ ထမင်းနဲ့ပဲ၊ အသား၊အသီးအနှံ စတဲ့ အာဟာရပြည့်ဝတဲ့ မနက်စာကို စီစဉ်ပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x