ကလေးအတွက် Kitchen Toys ဘာကြောင့် ဝယ်ပေးသင့်တာလဲ

by: Nang Htwe
 0 comments  0 love

ထမင်းချက်ဆော့ကစားတာက ကိုယ်ပိုင်စိတ်ကူးတဲ့ပြုလုပ်ရတာမို့ ကလေးငယ်က အစီအစဉ်တွေချမှတ်တတ်လာပြီး ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေ တဖြည်းဖြည်း ပိုင်ဆိုင်လာပါတယ်။

ကလေးတွေက ကစားရင်း သင်ယူကြပါတယ်။ အခုနောက်ပိုင်း မေမေတွေက ကလေးတွေ ကစားတာကို အားပေးလာပါတယ်။ ကလေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတဲ့ ကစားစရာအရုပ်တွေ အခုချိန်မှာ အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ အခုနောက်ပိုင်း ကလေးတွေကြားမှာ ခေတ်စားလာတာက ထမင်းချက်တဲ့ ကစားစရာ ပစ္စည်းအစုံအလင် set လေးတွေပါ။ မီးဖိုချောင်တစ်ခုလုံးနီးပါးပါလို့ ကလေးတွေ အလွန်သဘောကျပါတယ်။ မီးဖိုချောင် ကစားစရာပစ္စည်းတွေရဲ့ အကျိုးကျေးဇူးကတော့

မီးဖိုချောင်းပစ္စည်းနဲ့တူတဲ့ ကစားစရာပစ္စည်းတွေက ကလေးငယ်ကို စိတ်လှုပ်ရှားစေပါတယ် (Photo by YouTube )

(၁) တီထွင်နိုင်စွမ်း

မီးဖိုချောင်းပစ္စည်းနဲ့တူတဲ့ ကစားစရာပစ္စည်းတွေက ကလေးငယ်ကို စိတ်လှုပ်ရှားစေပါတယ်။ ကလေးရဲ့ စိတ်ကူးစိတ်သန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးနိုင်လာပါတယ်။ ကလေးက သူ့ကိုယ်ပိုင်စိတ်ကူးနဲ့ အမျိုးမျိုး ချက်ပြုတ်ကစားတာကြောင့် စူးစမ်းလေ့လာတဲ့ အခွင့်အရေးတွေ ရစေပါတယ်။ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်လို့ အသုံးအဆောင်ပစ္စည်းအစစ်တွေကိုပါ စိတ်ဝင်စားလာပါတယ်။ လူကြီးတွေ ထမင်းချက်သလို ကလေးက အတုခိုးလာပြီး ကိုယ်ပိုင်ပုံစံ ရရှိအောင် ကြိုးစားလာပါတယ်။

(၂) ဘာသာစကားနဲ့ ပေါင်းသင်းဆက်ဆံရေး

ကိုယ်ပိုင်ဖန်တီးမှုတွေ ထုတ်ဖော်ဖို့ အခွင့်အရေးတွေ ရရှိလာတာကြောင့် ဘာသာစကား တိုးတက်လာပါတယ်။ မောင်နှမ၊ ညီအစ်မနဲ့ သူငယ်ချင်းတွေနဲ့ အတူတူဆော့တဲ့အခါ ကစားဖော်ရဲ့ စိတ်နေသဘာဝကို လေ့လာခွင့်ရပါတယ်။ ဒီတော့ ကိုယ့်ရဲ့ကလေးက ပေါင်းသင်းဆက်ဆံရေး တော်လာပါတယ်။

(၃) Teamwork

မီးဖိုချောင်ကစားစရာ ပစ္စည်းတွေက ကလေးတွေ တပြိုင်တည်းဆော့ကစားနိုင်လို့ မေမေ့ကလေး Teamwork တော်လာပါတယ်။ အားလုံးနဲ့ ပူးပေါင်းနိုင်တဲ့ စွမ်းရည်တွေ ရှိလာပါတယ်။

(၄) အစီအစဉ်ဆွဲခြင်း၊ ဦးဆောင်ခြင်း

ထမင်းချက်ဆော့ကစားတာက ကိုယ်ပိုင်စိတ်ကူးတဲ့ပြုလုပ်ရတာမို့ ကလေးငယ်က အစီအစဉ်တွေချမှတ်တတ်လာပြီး ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေ တဖြည်းဖြည်း ပိုင်ဆိုင်လာပါတယ်။

(၅) မမှီခို

ကိုယ်ပိုင်စိတ်ကူးတွေ ဖန်တီးနိုင်လာလို့ ကလေးငယ်က လူကြီးတွေအပေါ် မှီခိုတာ နည်းလာပြီး ကိုယ်တိုင်အောင်မြင်အောင် လုပ်ချင်တဲ့စိတ်တွေ ပေါ်လာပါတယ်။

ထမင်းဟင်းချက်တမ်း ကစားတဲ့အခါ ပစ္စည်းထည့်သွင်းတဲ့ အလေးချိန် ရေတွက်တာ ကျွမ်းကျင်လာပါတယ် (Photo by Pretend Play Lightsaber – lightsaberi)

(၆) အတွက်အချက်စွမ်းရည်

ထမင်းဟင်းချက်တမ်း ကစားတဲ့အခါ ပစ္စည်းထည့်သွင်းတဲ့ အလေးချိန် ရေတွက်တာ ကျွမ်းကျင်လာပါတယ်။ ပိဿ၊ ကျပ်သား အလေးချိန် စတာတွေနဲ့ ရင်းနှီးလာပါတယ်။

(၇) အစားအသောက်

နောက်ထပ် အကျိုးကျေးဇူးက အစားအသောက်တွေနဲ့ ကလေးငယ်ရင်းနှီးလာပြီး ဟင်းဂျီးများတာ နည်းလာပါတယ်။

(၈) ရွေးစားခြင်း

မီးဖိုချောင်ပစ္စည်းတွေကြောင့် ကလေးငယ်က အစားအသောက်အကြောင်း ကောင်းကောင်းမွန်မွန်နားလည်လာပြီး ရွေးချယ်စားတတ်လာပါတယ်။

(၉) လက်လှုပ်ရှားမှု

လက်လှုပ်ရှားမှု ကောင်းလာပြီး ပစ္စည်းကိုင်တာ မြဲလာပါတယ်။ လွတ်ကျတာမျိုး သိပ်မဖြစ်တော့ပါဘူး။

မေမေတို့ရေ အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် ထမင်းဟင်းချက်တဲ့ ကစားစရာပစ္စည်းတွေ ဝယ်ပေးဖို့ မမေ့ပါနဲ့နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles