သူငယ်ချင်းတွေကို ကူညီတတ်တဲ့ သားသားမီးမီးလေးဖြစ်လာဖို့

by: Nang Htwe
 0 comments  0 love

ကူညီတတ်တဲ့ စိတ်ထားလေး သားသားမီးမီးလေးတွေရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေဖို့ မေမေဖေဖေ၊ ဆရာ၊ဆရာမတို့က လမ်းညွှန်ပေးသင့်ကြောင်း ပြောပြပေးချင်ပါတယ်

သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးဖြစ်ဖို့ အတူတူကစားတာ၊ လေ့လာရေးထွက်ကြတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ သားသားမီးမီးလေးတွေ သူငယ်ချင်းတွေနဲ့ ရင်းနှီးစေမယ့် နောက်ထပ်နည်းလမ်းတွေရှိပါသေးတယ်။ အဲဒါကတော့ သူငယ်ချင်းတွေကို ကူညီပေးခြင်းဖြစ်ပါတယ်။ သားသားမီးမီးလေးတွေက သူတို့ရဲ့ သူငယ်ချင်းတွေကို ဘယ်လိုအကူအညီတွေ ပေးရမှာလဲဆိုတော့

သားသားမီးမီးလေးတွေ သူငယ်ချင်းတွေနဲ့ ရင်းနှီးစေမယ့် နောက်ထပ်နည်းလမ်းကတော့ အကူအညီပေးတာပါ (Photo by Crosswalk.com)

ဆရာမအကူအညီ

သူငယ်ချင်းတွေနဲ့ ကျောင်းမှာ အများဆုံးတွေ့ဆုံကြပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေက သူငယ်ချင်းတွေကို အကူအညီပေးချင်တယ်ဆိုရင် ဆရာမ မှာ အဓိကတာဝန်ရှိပါတယ်။ အခန်းထဲက ကလေးငယ်တွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်အကူညီပေးဖို့ ဆရာမက ဦးဆောင်လှုံ့ဆော်ပေးရပါမယ်။ အတန်းစချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ကြတာ၊ ပွေ့ဖက်တာမျိုး စတဲ့ အလေ့အကျင့်ကောင်းလေးတွေကို ညွှန်ကြားပေးရပါမယ်။

ဆုပေးခြင်း

ကူညီတတ်တဲ့ ကလေးငယ်ကို ဆုပေးတာမျိုး ဒါမှမဟုတ် အားလုံးရှေ့မှာ ချီးကျူးစကားပြောတာမျိုး ပြုလုပ်ပေးရပါမယ်။ အကူအညီပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ၊ ကောင်းကျိုးတွေကို ပြောပြရပါမယ်။ အဖွဲ့လိုက်စုစည်းပြီး ဆော့ကစားရတဲ့ ကစားနည်းတွေ၊ ပြိုင်ပွဲတွေ ဖန်တီးပေးရပါမယ်။

အကောင်းမြင်စိတ်

အခက်အခဲ၊ ပြဿနာ၊ သူငယ်ချင်းတွေအပေါ် အကောင်းမြင်စိတ် ရှိနေဖို့ လိုအပ်ပါတယ်။ ကလေးငယ်မှာ အကောင်းမြင်စိတ်တွေ ရှိနေမှသာ သူငယ်ချင်းတွေကို ကူညီပေးဖို့ သိမြင်မှာပါ။

အိမ်မှာ မိဘနဲ့မောင်နှမတွေကို ကူညီတဲ့ သားသားမီးမီးလေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးပါ (Photo by InterNations)

ပြဿနာဖြေရှင်းခြင်း

သူငယ်ချင်းတွေကို ကူညီတယ်ဆိုတာာက သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတာပါ။ ဒီလို အခက်အခဲပြဿနာတွေ ဖြေရှင်းပေးဖို့က သားသားမီးမီးလေးတွေမှာ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ စွမ်းရည် ရှိနေဖို့လည်းလိုပါတယ်။ ဒါမှသာ သူတပါးကို အကူအညီတွေ ပေးနိုင်မှာပါ။

ပြင်ပအကူအညီ

သားသားမီးမီးလေးတွေအနေနဲ့  အိမ်မှာ မိဘကို အကူအညီပေးတာ၊ မောင်နှမအချင်းချင်း အကူအညီပေးတာမျိုး ရှိနေတတ်မှသာ ကျောင်းမှာ သူငယ်ချင်းတွေကို ဘယ်လိုအကူအညီပေးရမယ်ဆိုတာ သိမှာပါ။ ဒါကြောင့် အိမ်မှာ မိဘနဲ့မောင်နှမတွေကို ကူညီတဲ့ သားသားမီးမီးလေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးပါ။

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x