ဂျပန်ကလေးငယ်တွေက ကမ္ဘာမှာ ကျန်းမာရေးအကောင်းဆုံးလို့ ဘာကြောင့် သတ်မှတ်ခံရတာလဲ

by: Nang Htwe
 0 comments  0 love

အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ မထားဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စုံစုံညီညီစားခြင်းက ကလေးငယ်တွေ ကျန်းမာစေတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်

ကလေးငယ်တွေ ကျန်းမာဖို့ မိဘတွေက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု စတဲ့ စောင့်ရှောက်မှုတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဂျပန်နိုင်ငံဟာဆိုရင် ကမ္ဘာ့မှာ ကလေးငယ်ကျန်းမာရေးအကောင်းဆုံး နိုင်ငံတွေထဲက တစ်ခုပါ။ ဘာကြောင့် ဂျပန်ကလေးငယ်တွေက ကျန်းမာရေးကောင်းကြတာလဲ။

ကလေးငယ်တွေ ကျန်းမာဖို့ မိဘတွေက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု စတဲ့ စောင့်ရှောက်မှုတွေအပေါ်မှာ အများကြီး မူတည်နေပါတယ် (Photo by Nutritious Life)

(၁) ရေရှည်စီမံကိန်းများ

မေမေတိုင်းရဲ့ ဆန္ဒက ကလေးငယ်တွေ ကျန်းမာပြီး ပျော်ရွှင်နေဖို့ပါ။ ကျန်းမာပျော်ရွှင်ဖို့က ကလေးငယ်တိုင်းအတွက် အလွန်အရေးကြီးပါတယ်။ ဂျပန်နိုင်ငံမှာတော့ ကလေးငယ်တိုင်း ကျန်းမာဖို့ ရေရှည်စီမံကိန်းတွေ projects တွေ စီစဉ်ပေးထားပါတယ်။ ဒီရေရှည်စီမံကိန်းတွေမှာ မိဘတွေကို ကလေးငယ်ကျန်းမာဖို့ နေထိုင်မှုပုံစံနဲ့ အစားအသောက် အပြင် ရာသီအလိုက် ကလေးငယ်လေးတွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ပညာ‌ပေးအစီအစဉ်တွေ ပြုလုပ်ကြပါတယ်။ ကလေးငယ် အဝလွန်တာနဲ့ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ ပြုလုပ်ပေးတာကြောင့်လည်း တစ်နှစ်ပြီးတစ်နှစ် အဝလွန်တဲ့ ကလေးငယ် အရေအတွက် လျှော့လာတယ်လို့ သိရပါတယ်။

မေမေတို့လည်း ကိုယ့်ရဲ့ကလေးငယ် ကျန်းမာရေးကောင်းဖို့၊ အာဟာရရှိတဲ့ အစားအသောက်တွေကို ကျွေးဖို့၊ ကိုယ်လက်လှုပ်ရှား အားကစားနေ့တိုင်းပြုလုပ်ဖို့ စတာတွေကို မေမေတို့ စီစဉ်ပေးဖို့ လိုအပ်ပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်များ

ဂျပန်နိုင်ငံရဲ့ အစားအသောက်ပုံစံစနစ်အဆီနည်းပြီး ကျန်းမာရေးအထောက်အကူပြုတဲ့ အစားအသောက်တွေ များပါတယ်။ အစားအသောက်ကျွေးတဲ့အခါ သက်တောင့်သက်သာဖြစ်အောင် ကလေးငယ်ကို ထားတာကြောင့် အစားအသောက်နဲ့ပတ်သက်ပြီး သားသားမီးမီးလေးတွေမှာ စိတ်ဖိစီးမှုနည်းပါတယ်။ ဂျပန်နိုင်ငံမှာ မိဘအများစုက ဘယ်လောက်ပဲ အလုပ်များနေပါစေ ကလေးငယ်အတွက် အစားအသောက်ကို ဂရုစိုက်ချက်ပြုတ်ပေးကြပါတယ်။ ကလေးငယ်အတွက် အစားအသောက်ကို စနစ်တကျ ချက်ပြုတ်ကျွေးမွေးတာကြောင့်လည်း ဟင်းလျာတွေက အရသာရှိနေပါတယ်။ ကလေးငယ် ဟင်းမကြိုက်တာတွေ၊ ဂျီးများတာတွေနည်းပြီး ထမင်းဟင်းစားရတာ ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။

မေမေတို့ရေထမင်းစားဝိုင်းမှာ အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ မထားဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စုံစုံညီညီစားခြင်းက ကလေးငယ်တွေ ကျန်းမာစေတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။

(၃) အစားအသောက်အသစ်တွေနဲ့ မိတ်ဆက်ပေးခြင်း

ဂျပန်နိုင်ငံမှာ မိဘအများစုက သူတို့ရဲ့ကလေးငယ်တွေကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်အသစ်တွေကို ကလေးဘဝကတည်းက မိတ်ဆက်ပေးလေ့ရှိပါတယ်။ ဒီလို အစားအသောက် အသစ်တွေနဲ့ မိတ်ဆက်ပေးတာက အစားအသောက်စုံစုံလင်လင်စားမိပြီး အာဟာရတွေ ပြည့်ပြည့်စုံစုံ ပိုရလာပါတယ်။ ဖွံ့ဖြိုးကြီးထွားမှု အားကောင်းချိန်နဲ့ အပြောင်းအလဲအချိန်တွေမှာ အာဟာရ လုံလုံလောက်လောက် ရရှိနေပါတယ်။

မေမေတို့အနေနဲ့ ကလေးငယ်ကို ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်အသစ်တွေ မိတ်ဆက်ပေးတဲ့အခါ ဖိအားတွေ မပေးဖို့ သတိပြုပေးပါ။

Image result for japanese foods box for child"

မေမေတို့ရေထမင်းစားဝိုင်းမှာ အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ မထားပါနဲ့ (Photo by Super Healthy Kids)

 (၄) ခုန်ပေါက် ပြေးလွှားကစားခြင်း

ဂျပန်ကလေးငယ်တွေက တစ်ရက်ကို အနည်းဆုံး မိနစ်(၆၀)ခန့် ပြေးလွှားဆော့ကစားကြတယ်လို့သိရပါတယ်။ ဂျပန်နိုင်ငံရဲ့ ကျောင်းတွေမှာလည်း ကလေးငယ်တွေ ပြေးလွှားဆော့ကစားဖို့အတွက် ကျယ်ပြန့်တဲ့ ကွင်းပြင်တွေရှိတယ်လို့သိရပါတယ်။ ကျောင်းသွားတဲ့အခါမှာလည်း လမ်းလျှောက်သွားတာနဲ့ စက်ဘီးစီးတာမျိုး ပြုလုပ်လေ့ရှိပါတယ်။

မေမေတို့ရေ နေ့စဉ်ပြေးလွှားဆော့ကစားတဲ့ ကလေးငယ်တွေမှာ အရိုး၊ အဆစ်၊ ကြွက်သားတွေ ကျန်းမာရေးကောင်းလာစေတဲ့အပြင် သွေးလည်ပတ်မှုကောင်းမွန်လာတာကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ထိန်းချုပ်လာနိုင်ပြီး စိတ်ဖိစီမှုတွေနည်းသွားစေပါတယ်။

(၅) ပန်းကန်များ

မေမေတို့ သတိထားမိကြမှာပါ။ ဂျပန်လူမျိုးတွေ ထမင်းစားတဲ့အခါ ထမင်းဟင်းထည့်တဲ့ ပန်းကန်တွေက တခြားနိုင်ငံတွေနဲ့ မတူဘဲ သီးခြားဖြစ်နေတာကိုပါ။ ဂျပန်ပန်းကန်တွေ၊ ဟင်းခွက်တွေက အကြီးကြီးတွေ မဟုတ်ကြတာကိုပါ။ ရိုးရာဓလေ့ကိုက အစားအသောက်တွေ အလွန်အမင်းမစားမိအောင် ထိန်းထားသလိုမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် ဂျပန်ကလေးငယ်တွေဟာ အဝလွန်တာ အလွန်နည်းပါတယ်။

မေမေတို့ရေ တကမ္ဘာလုံးမှာရှိတဲ့ ကလေးငယ်အများစုရင်ဆိုင်နေရတာကတော့ အဝလွန်တဲ့ ပြဿနာပါ။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးငယ် အဝလွန်တာ မဖြစ်ရအောင် သတိထားရပါမယ်။

(၆) စည်းကမ်းတင်းကျပ်ခြင်း

ဂျပန်မိဘတွေက ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ နေထိုင်မှုပုံစံနဲ့ အစားအသောက် ပတ်သက်ပြီး စည်းကမ်းတင်းကျပ်ပါတယ်။

ကလေးငယ်တွေ ကျန်းမာရေးကောင်းဖို့ဆိုတာ မိဘတွေအပေါ်မှာလည်း အများကြီးမူတည်နေကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Ref: readersdigest.ca

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x